ဓါတ်ပုံ - ဘုန်းထက်

ဘားအံ၊ စက်တင်ဘာ ၁၉

ဘားအံမြို့နယ်၊သံလွင်အနောက်ဘက်ခြမ်းရှိ မြိုင်ကလေးတန်(၄၀၀၀) ဘိလပ်မြေစက်ရုံ ကို ကျောက် မီးသွေးလောင်စာဖြင့် အစားထိုးလည်ပတ်နိုင်ရေးအတွက် စီမံကိန်းလျာထားချက် အပေါ် စက်ရုံအနီးပတ်ဝန်း ကျင်ကျေးရွာပေါင်း(၁၁)ရွာမှ ဒေသခံပြည်သူများမှ ကန့်ကွက်သွားမည်ဟု သိရသည်။

    စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂နာရီတွင် တန်(၄၀၀၀)ဘိလပ်မြေစက်ရုံအနီးရှိ ဇရပ်ဖြူ ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ(၂၀၀) ကျော်တို့တွေ့ဆုံ၍ ဘိလပ် မြေစက်ရုံလည်ပတ်မှုအတွက် ကျောက်မီးသွေးလောင်စာဖြင့်အသုံးပြုသွားမည့်ကိစ္စနှင့် ပါတ်သက်ပြီး ဆွေးနွေးခဲ့ ကြပြီး ဒေသခံပြည်သူများအတွက် ဆိုးကျိုးများသာ အဓိကခံစားရ မည်ကို မလိုလားသဖြင့် စုပေါင်း လက်မှတ် ရေးထိုးကန့်ကွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဓါတ်ပုံ - ဘုန်းထက်
ဓါတ်ပုံ – ဘုန်းထက်
    လှာကာကျေးရွာနေ ဘူမိဗေဒပညာရှင် ဦးစောထွန်းရင်က “တန်(၄၀၀၀)ဘိလပ်မြေစက်ရုံ ကျောက် မီး သွေးလောင်စာအသုံးပြုမှာကို ဒီအနီးအနားကျေးရွာနေလူတွေက တစ်ယောက်မှ သဘောကျတာမဟုတ်ဘူး။ နောက်ပြီးတော့ ကျောက်မီးသွေးဟာ ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိတယ်။ အဆိပ် ဓါတ်ငွေ့တွေလည်း ပါလာတယ်။ ဘိလပ်မြေစက်ရုံရှိခြင်းအားဖြင့် ကျေးရွာပြောင်းရွေတာတို့ လယ်ယာမြေသိမ်းဆည်းတာတို့ကြောင့် လူတွေဟာအများကြီးဒုက္ခရောက်တယ်။ နောက်လာမယ့်သားသမီးတွေကလည်းအမွေခံစားခွင့် ဘာမှမရှိတော့ ဘူး။ ကျောက်မီးသွေးလောင်စာသုံးစွဲခြင်းဟာစက်ရုံ အတွက်အကျိုးအမြတ်များစွာရရှိဖို့လို့ ထင်တယ်”ဟုပြော သည်။

    စက်တင်ဘာလ ၁၇ ရက်နေ့က မြိုင်ကလေးကျေးရွာအုပ်စု၊ အမှတ်(၂)ဘိ လပ်မြေစက်ရုံတန် (၄၀၀၀)ရှိ သီရိရတနာခန်းမအတွင်း ရပ်ရွာတည်ဆောက်ရေးအတွက် ဘိလပ်မြေပေးအပ်ပွဲနှင့် စက်ရုံ ဆိုင်ရာကိစ္စများ ရှင်းလင်းခြင်းအခမ်အနားပြုလုပ်ရာ စက်ရုံမှူးအင်ဂျင်နီယာမှူးကြီး ဦးမိုးဝင်း အပါ အဝင် တာဝန်ရှိသူ ဝန်ထမ်း (၃၉)ဦးနှင့် မြိုင်ကလေးကျေးရွာအုပ်စု၊ရေကျော်ကျေးရွာ၊လှာကာ ကျေးရွာ အုပ်စု၊ ဇရပ်ဖြူကျေးရွာတို့မှ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာသူရွာသား (၄၉) တို့ တွေ့ဆုံခဲ့ကြပြီး စက်ရုံဆိုင်ရာ ကိစ္စများနှင့်ပါတ်သက်၍ ယခုလက်ရှိစက်ရုံလည်ပတ်မှုအတွက် သဘာဝဓါတ်ငွေ့သုံးစွဲခြင်းကိုအစားထိုးပြီး ကျောက်မီးသွေးလောင်စာဖြင့် စက်ရုံလည်ပတ်နိုင်ရေး ရှင်းလင်းညှိုနှိုင်းဆွေးနွေးခဲ့ရာတွင် ကျေးရွာသူရွာသား များနှင့် သဘောတူညီမှုမရရှိခဲ့ကြောင်း သိရသည်။

သတင်း – ကိုကိုထက်(ဘားအံ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.