တင်ဆက်သူ-TU Arkar Min
အခုနောက်ပိုင်း Mobile ဖုန်းတော်တော်များများ စက်ဟန်းတာတွေ များပါတယ်။ အထူးသဖြင့် Android ဖုန်းတွေပါ။ ဒါကြောင့် အခြေခံ ဖုန်းသန့်ရှင်းရေးလေးလုပ်နိုင်အောင် ဒီတစ်ပတ်မှာ software သုံးစရာမလိုပဲ ဖုန်းသန့်ရှင်းတဲ့ နည်းလမ်း သံလွင်တိုင်းမ်ကဖော်ပြလိုက်ပါတယ်။
ပထမတစ်နည်း အနေဖြင့် မိမိဖုန်းရဲ့ Setting ထဲဝင်လိုက် Storage ဆိုတာကို နှိပ်လိုက်ရင် Available,Apps,Picture နဲ့ Videoတွေ Cached Data နဲ့ Miscellaneous(Misc) တွေအောက်မှာ Calculating ဆိုတာလေးလုပ်နေပါတယ် ခဏစောင့်ပေးလိုက်ရင် File Size ပေါ်လာပါလိမ့်မယ် ဒီဖုန်းမှာဆိုရင်တော့ Misc မှာ File Size 1.36GB လောက်ရှိနေတာ တွေ့ရပါမယ်
Miscellaneous ဝင်လိုက်တာနဲ့ အခုလိုပေါ်လာပါလိမ့်မယ်။ ဒီဖိုင်တွေရဲ့ အရှေ့ မှာ အစက်လေး တစ်စက်ရှိနေတာတွေ့ရပါမယ်။ ဒီမှာဆိုရင်တော့ Walkfree နဲ့ Face ဆိုတဲ့ File အရှေ့မှာ အစက် လေးရှိနေတယ်။ အဲ့ဒါတွေကို ဖျက်လိုက်ပါ။ Delete လုပ်လိုက်ရင် အထဲက ဘယ်ဖိုင်ကိုမှ မထိခိုက်ပါ ဘူး။ ဒီဖိုင်တွေက အမှိုက်တွေပါပဲ။
တခြားနေရာတွေလည်း ဒီလိုပဲ လုပ်ကြည့်ပါ။ Application တို့ Download တို့ကို ဝင်လိုက်ပြီးရင် ဖိုင်ရှေ့မှာ အစက်ရှိနေမယ်ဆိုရင် အဲ့ဒီဖိုင်တွေဖျက်ပစ်ပါ။
ဒုတိယ တစ်နည်းက တစ်ချို့ Samsung ဖုန်းတွေဆိုရင် Home Key ကို အကြာကြီး ဖိလိုက်တာနဲ့ ဘယ်ဘက်ထောင့်မှာ အဝိုင်းလေးပေါ်လာပါမယ် နှိပ်ပြီး ဝင်လိုက်ရင် RAM နေရာမှာ Clear Memory ဆိုတာ ကိုနှိပ်လိုက်ပါ။
တတိယတစ်နည်းကတော့ setting ထဲက Application manager ရှိ App တစ်ခုကို ဝင်လိုက်ရင် ဒီပုံမှာ ဆို ညာဘက်အစွန်ဆုံးက Clear data ကို နှိပ်လိုက်ပါ။ ဒါဆိုရင် Total နေရာမှာ များနေ တဲ့ Data ပမာဏ လျော့သွားပြီး မူရင်း App ရဲ့ ပမာဏ အတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်။
ဒီ(၃) နည်းလုပ်ပြီးရင်တော့ ဖုန်းက သုံးရတာအဆင်ပြေပါပြီ လွယ်ကူပါတယ်။ Software သုံးစရာမလိုပါဘူး မသိသေးတဲ့ သံလွင်တိုင်းမ် ရဲ့ စာဖတ်ပရိတ်သတ်တွေအတွက် ဖော်ပြပေး လိုက်ပါတယ်။ နောက်တစ်ပတ်မှာလည်းဘယ်လိုအကြောင်းအရာတွေကို ဖော်ပြပေးမလဲဆိုတာ ဆက်လက်စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။