သံလွင်တံတား(ချောင်းဆုံ)က သိန်းပေါင်းများစွာကုန်ကျခံပြီး ၂၀၁၆ ဖေဖော်ဝါရီ (၈) က တည်ခဲ့တာ ၂၀၁၇ မတ်လမှာ ပြီးမယ်လို့ စက်တင်ဘာလဆန်းမှာ တံတားရဲ့(၆၀%) လောက် ရောက်နေပါပြီ။ တံတားကြီးကို သွားမယ့် တစ်မိုင်လောက်ရှိတဲ့ အောက်လမ်းမကြီးက တံတားကြီး ဆိုတဲ့ (ဆင်တော်)နဲ့ လမ်းက အမြင် မတော်တဲ့(ခလောက်)လို့ မုပွန်ရပ်ကွက်သားတွေက ပြောပါတယ်၊ အဲဒီလမ်းကို လာတဲ့သူတစ်ယောက်က (မှိတ်တိုက်)လမ်းလို့ပြောတယ်။ ကားမောင်းရင်း လမ်းကို မျက်လုံး ပြူးကြည့်နေရတယ်။ မှိတ်လိုက်တာနဲ့ ချိုင့်ရှောင်တဲ့သူတွေ အချင်းချင်းတိုက်နိုင်တယ်လို့ဆိုပါတယ်။ တံတားကြီး ဖွင့်ပွဲအမှီလေး အဲဒီလမ်း ခလောက်ကို ပြင်ပေးသင့်တယ်လို့မီဒီယာကို ပြောကြပါတယ်။
my-1

မုပွန် ရာဇာမင်း ဆီဆိုင်နဲ့ ကန့်ကွက်သူကြား။

မုပွန် ဂဋုန်သစ်စက်မျိုးဆက်တစ်ဦးက ရာဇာမင်း ဆီဆိုင်ဂရမ်လျှောက်တာ မုပွန်ရပ်ကွက်ရုံးကို ကန့်ကွက် စာတင်ပါတယ်။ အုပ်ချုပ်ရေးမှူးက အရင်တစ်ခါ ဂရမ်အတွက် ကန့်ကွက်လိုက ကန့်ကွက်နိုင်တာကို ရက် ကျော်မှလာတာကို မှတ်မိတယ်။ အဲတာမဖြစ်သင့်ဘူးပြန်ပြောလို့၊ အသစ်ပြန်ထုတ်ပေးတာမျိုး၊ အဲဒီနေရာ ရေဆင်းချောင်းမရှိဘူးလို့ မြေစာရင်းမြေပုံလာပြတာမျိုး၊ မြေစာရင်းဆိုလို့ သိချင်တာလေးမေးပါရစေ။ ဖက်ခင်းလမ်းက ကိုသိမ်းအောင်တင်ကိစ္စ၊ မြေကွက်အမှတ်မှားတာ ဘယ်သူလက်ချက်လဲ၊ သိရင်ပြောပြပါ။ အစိုးရ(၃)ဆက် မြေကွက်အမှားလို့ဆိုတာ၊ ကြားမကောင်းလို့ပါ၊ ဒါလည်း မော်လမြိုင်ရဲ့ ထူးခြားမှုတစ်ခုပါ။ အခုလည်း ဂဋုန်စက်နားချောင်းရှိလို့ ချောင်းကူးတံတားရှိနေတာ၊ ရေဆင်းချောင်းမရှိဘူးလို့ မြေပုံနဲ့ လာငြင်းတာ၊ ဘယ်သူများလုပ်ပါသလဲ၊ သိချင်ပါတယ်ဆရာတို့ရယ်။

အခုလည်း ဂဋုန်စက်အခြေအနေက၊ မြေပြင်အခြေအနေနဲ့မညီတာကြောင့်၊ သတိထားမိတယ်လို့ဆိုပါတယ်။ ရပ်ကွက်အဆင့်ကို မြို့နယ်က ဖိအားပေးတဲ့သဘောရောက်နေတော့ ဦးထွန်းဌေး၊ ဒေါ်နွယ်နွယ်အောင်တို့ကို ပြောပြတာမျိုး ဖြစ်လာတယ်လို့မီဒီယာကို ပြောပါတယ်။

အုတ်ဖိုများနဲ့ မြေအသုံးချခွင့်တွက် စဉ်းစားစရာများ။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းကလုပ်တဲ့ မြေယာမူဝါဒ အလုပ်ရုံဆွေးနွေးမှာ လွှတ်တော်ဒုဥက္ကဌ ဒေါက် တာအောင်နိုင်ဦးနဲ့တွေ့ဖြစ်တယ်။ ဆရာက ပြောပါတယ်။ မွန်ပြည်နယ်က မြို့နယ်တိုင်းမှာ အုတ်ဖိုတွေရှိ ကြပါတယ်။ မြေကောင်းမှ အုတ်ကောင်းရတာမို့ မြေကို ရွေးကြရပါတယ်။ ပလပ်မြေ၊ လယ်ယာမြေတို့ကို သုံးရ ပါတယ်။ လယ်ယာမြေကို အခြားနည်းသုံးလို့ရှိရင် ဘယ်ထိတက်ရတယ်ဆိုတာ ဆရာ ထွေအုပ်များ သိကြပါ တယ်။ အဲဒီလယ်ယာမြေကို မြေစာရင်းက ဘယ်လိုမှတ်ချက်ပေးပြီး၊ ထွေအုပ်က ဘယ်လိုလုပ်ပိုင်ခွင့်နဲ့ လုပ်နေ သလဲဆိုတာ တွေးကြည့်ရင် သိနိုင်ပါတယ်လို့ ဆရာက ဆိုပါတယ်။ ပြည်နယ်က ထွေအုပ်တွေက ဝန်ကြီးချုပ်ရဲ့ တိုက်ရိုက်ကွပ်ကဲမှုမှာရှိတယ်လို့ဆိုပါတယ်။ ခုချိန်ထိ မွန်ပြည်နယ်မှာ မသဲကွဲသလိုပဲ၊ ဒီလိုပြောရတာက ဝန်ကြီး တစ်ဦးက ကျောက်မိုင်းစာရင်းတောင်းတာ ခက်ခဲနေတာမျိုးလို့ အင်တာဗျူးတစ်ခုမှာ ဖြေသွားပါတယ်။
my-2

မော်လမြိုင် လမ်းမီး အတွက် ခက်ခဲနေမှုလူထုအမြင်။

လမ်းမီးကစည်ပင်အလုပ် သူ့မှာ သူ့စရိတ်နဲ့သူအနိုင်နိုင်လို့ လျှပ်စစ်ဝန်ကြီးကပြောတာ သတင်းတွေ တက်လာပါတယ်။ တက္ကသိုလ်ကျောင်းလမ်းမီးမလင်းတာတွေ၊ ဆေးရုံကြီးဝန်းကျင် မီးမလင်းတာတွေ၊ အရင် အစိုးရက ဘယ်လိုများ ဒီတာဝန်ကို စီမံခန့်ခွဲခဲ့ပါသလဲ။ ပြည်သူတင်ထားတဲ့ အစိုးရက ရလဒ်က ခုချိန်ထိ ပြည်ခိုင်ဖြိုးအစိုးရကို မမီဘူးလို့ ဝေဖန်သူတွေရှိလာပြီ။ အခုလည်း အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုတဲ့ စကားပုံ ရှိတယ်။ လူမှုကွန်ယက်ပေါ်မှာ ကမ်းနားလမ်း၊ အမှိုက်၊ အခု လမ်းမီး၊ မော်လမြိုင် လမ်းပိုင်းဆိုရင် ဥပမာ ၆-ကားပြေးတဲ့လမ်းက လမ်းပျက်လို့ လမ်းကြောင်းပြောင်း ရတဲ့အထိ၊ ဖြစ်နေတာမျိုး။ မော်လမြိုင်ရဲ့ ဂုဏ်တွေပဲ လား။ မော်လမြိုင်တစ်မြို့လုံး နိုင်လွန်ကတ္တရာခင်းမယ်ဆိုတာရယ်၊ အဲဒါကိုလည်း သီရိမင်္ဂလာအိမ်ရာတည် ဆောက်သူက ကန်ထရိုက်ရမယ်ဆိုတာ အသံတွေကြားနေတယ်။ သီရိမင်္ဂလာ အိမ်ရာကို တစ်ခါလောက်လာ ဆင်းကြည့်ရင် သိမှာပါ။ ဒီကြားထဲ ထွေအုပ် ၆-ထပ်ရုံးမသပ်ရပ်တာတွေ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ လူမှုကွန်ယက်ပေါ် တက်လာပြန်တယ်။ အရင်အစိုးရရဲ့ အမှိုက်ကို လဲှချင်လို့ ဒီတာဝန်ကိုယူပါတယ်လို့ ဒေါ်စံဝင့်ခိုင်က ဥတ္တံတား ငှက်ပျောတော်ကျောင်းလူထုတွေ့ဆုံပွဲမှာ ပြောတာအမှတ်ရပါတယ်။ လာဘ်စား တာမကြားရသေးပါဘူး။ စားပွဲပေါ်ရောက်ရင်တော့ လက်မှတ်ထိုးမယ်၊ အဲဒီအဆင့် ရောက်အောင် ဘယ်လို ဖြတ်သန်းလာရသလဲဆိုတာ ပြည်သူကြားကလာတဲ့ လူကြီးမင်းများ သိကြမှာပါ။ လူကြီးမင်းတို့က ကင်းတယ် ဆိုပေမယ့် ——။

ရွှေမြိုင်မောင်ပေါက်ကျိုင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.