မော်လမြိုင်က (၃၈)ကြိမ်မြောက် ဝရမ်းကပ်တာ မအောင်မြင်

ပြီးခဲ့ပတ်ထဲမှာ ဖက်ခင်းက ဦးသိန်းအောင်တင်ရဲ့နေအိမ်ကို (၃၈)ကြိမ်မြောက်ဝရမ်းကပ်တာ မအောင်မြင် တာဟာ မွန်ပြည်နယ်ရဲ့ တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်သလိုဖြစ်သွားတယ်လို့ ဆွေးနွေး ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ဇူလိုင်ထိဆိုရင် ဈေးကြိုအုပ်ချုပ်ရေးမှူးက (၃၈)ကြိမ်လို့ပြောပါတယ်။ ၃၆-ကြိမ်ထိက ဦးပိုင်အမှတ်ကွဲလွဲတယ်၊ (၃၇/၃၈)ကြိမ်မှာကြတော့ ဦးပိုင်အမှတ် မပါလိပ်စာနဲ့လာတယ်လို့ ကိုအောင်လင်း (ဖက်ခင်းအိမ်နေသူ)က ဆိုပါတယ်။ ဦးသိန်းစိန်အစိုး

mlmရပြီး၊ ဦးထင်ကျော် အစိုးရလက်ထက်မှာ အခု(၃)ကြိမ် မြောက်ပေါ့၊ ဝရမ်းကပ်မဆင်းရင်၊ သံလွင်ဟိုတယ်ရှေ့က သစ်အဟောင်းဆိုင်ကို အင်အားသုံးပြီး လုပ်သလို တရားရုံး/ရဲတွေကလည်း ဝန်းရံပေးတာမျိုး၊ လုပ်ပေမယ့်၊ ဘာကြောင့် မအောင်မြင်သလဲဆိုတာ မေးစရာဖြစ် လာတယ်၊ အဖွဲ့အစည်းကဆိုရင်လည်း စစ်ဖက်ရေးရာရှိတာပဲ၊ အဲဦးပိုင်အမှတ်မှားရင် မှားတဲ့ ဌာနက တာဝန်ယူ တာဝန်ခံရမှာပေါ့၊ သံဃာပိုင်းဆိုရင်လည်း မြို့နယ်သံဃနာယကရှိတယ်၊ နောက်ဆုံး မြို့နယ်တရားရုံးရဲ့လုပ် ဆောင်ချက် အနေထားကို အထက်ရုံးကိုတော့ ပုံမှန် တင် ပြနေ ရမယ်လို့ ယူပါတယ်၊ အဲဒီလိုကြာတာကို အချို့က အဂတိတရားနဲ့ဆက်စပ်နေလို့များလို့ ထင်မြင်ချက်ပေးတဲ့သူလည်းရှိနေပါတယ်၊ အထက်ဌာန များကလည်း အခုပြည်သူ့အစိုးရလက်ထက်မှာ ပွင့်လင်းဖို့ လိုသလို မွန်ပြည်နယ်ရဲ့ တရားရေးသမိုင်းလှပဖို့ ဝိုင်းဝန်းကူညီ စဉ်းစားပေးကြပါစို့။

ကံထရိုက်အလုပ် စည်ပင်လုပ်နေရင်တော့ ကံထရိုက်တွေလို အခွန်ထမ်းဖို့လို/မလို။

တစ်နေ့က မောင်ငံဝန်ထမ်း အိမ်ရာမှာ အထက်လမ်းမကြီးလမ်းတိုးချဲ့/ရေမြောင်းလုပ်ငန်းပေ(၃၉၅၀)ကို မော်လမြိုင်စည်ပင်က ငွေကျပ်သိန်း (၂၇၇၁ဒသမ၆)နဲ့လုပ်တာကို ဆိုင်းဘုတ်ထောင်ပါတယ်၊ လုပ်ငန်းတွက် ခံနိုင်မှု ဥပမာ(၂/၃)နှစ်ဆိုတာမျိုးမပါ၊ ကိုယ်လုပ် ကိုယ်စစ်ဆိုတယ်ဆိုတော့ အာမခံချက်ပေးရင်လည်း တစ်မျိုးဖြစ်နေမှာပေါ့၊ လုပ်တဲ့ရက်စွဲလည်း မပါဘူးဆိုတော့၊ ဒါလည်း ဆိုင်းဘုတ်ထောင်ဆိုလို့ အဖြစ်ထောင် သလိုဖြစ်နေပြီ၊ တကယ်စေတနာရှိလို့ ထောင်တဲ့ပုံမျိုးမဟုတ်ဘူးလို့ ပြည်သူတစ်ဦးကပြောပါတယ်၊ EPC မှာ သိန်း(၅၀)အောက်ဆို ဌာနကလုပ်၊ အဲဒီကကျော်ရင် တင်ဒါခေါ်ပေါ့၊ ခုက သိန်းထောင်ကျော်လည်း စည်ပင် လုပ်တယ်ဆိုတာ သူ့မှာဝန်ထမ်း/အလုပ်သမား ရှိလို့လားမေးရင် ဘယ်လိုဖြေကြမလဲ၊ ပါးပါး/ထူထူစားပြီး ဆပ်ကန်ထရိုက်ပြန်ပေးတာပါပဲ၊ အဲဒီ လုပ်ငန်းအရည်အသွေးကို သူပဲပြန်စစ်ပြန်ဆိုတော့၊ ၆-လခံပဲဖြစ်ဖို့ များမယ်ဆိုတာကို မခံနိုင်ရင်၊ ဗီနိုင်းမှာ ရက်စွဲ၊ တာဝန်ခံ အင်ဂျင်နီယာအမည်လေးကို သတ္တိရှိရှိ ထည့်ပေး စေလိုပါတယ်၊ ကန်ထရိုက်တွက် မှတ်ပုံတင် ကုမ္ပဏီထောင်၊ ငွေကုန်သူတွေက အလုပ်မရ၊ လိုချင်ရင်လာလေ၊ ပါးပါးပဲ ဆပ်ကန်ထရိုက်ပေးမယ်ပေါ့၊ ကဲအဲ ဒီလောက်ငွေကျပ် သိန်းထောင်ချီ၊ ကန်ထရိုက်လိုလုပ်ခွင့်ရနေကြတဲ့ ကိုရွှေစည်ပင်များကို တင်ဒါအခွန်ကောက်ပါသလားလို့၊ မွန်ပြည်နယ်အခွန်ကို မေးထားပါတယ်၊ စောင့်ကြည့်ကြတာပေါ့။ စည်ပင်နဲ့အခွန်ကို။

မုဒုံက နွားမှောင်ခိုကုန်ကူးတာ အစိုးရအဆက်ဆက် မျက်ကွယ်ပြုနေကြတာဘာကြောင့်ပါလဲ။

မုဒုံ(၁)က အမတ်မွန်ပြည်နယ်လွှတ်တော်ရုံးမှာတွေ့တော့ နွားမှောင်ခိုတင်ဖို့ရှိတယ်လို့ပြေပါတယ်၊ တကယ် တင်ဖြစ်တာက မြေလွှတ်မြေရိုင်း၊ ကန်၊ အင်း၊ မြေကွက်တွေဖို့ပြီး ရောင်းတာ တင်ဖြစ်ပါတယ်၊ ဒါလည်း ကောင်းပါတယ်၊ အရင်အမတ်ဟောင်းတွေရဲ့ လက်ရင်းသူတွေရဲ့ ဂွင်လို့ ဆိုပါတယ်၊ သူ့သတင်းစာရှင်းပွဲသွား တော့မှ ကင်းချောင်း ရွာသားတွေရဲ့အပြောကို ကြားရပါတယ်၊ သတင်းအတွက် အသံဖြည်ရင်း၊ မဆလခေတ်က တည်းက နွားကိစ္စ အပြောမခံဘူးလို့ တစ်ယောက်ပြောတာသတိရပါတယ်၊ ဘာဖြစ်လို့ ခုချိန်ထိ ဆက်လုပ်နေ နိုင်ကြသလဲ၊ မုဒုံ ဗုဒ္ဒဟူးအစည်းဝေးမှာ အမတ်က သူကြားသမျှပြန်ပြောထားတဲ့ထဲမှာ အင်အားနည်းတာ ကိုလည်း ရိုးမယ်ဖွဲ့တာ ကြားရပါတယ်၊ အဖွဲ့အစည်းတစ်ခုကလည်း နွားသယ်ဖို့လာ စခန်းထိုင်ထားတယ်လို့ ဆိုပြန်တယ်။ မုဒုံ(၁)ပြည်နယ်အမတ်ကို မုဒုံကတားသလို၊ လွှတ်တော်ကလည်း တားတာမျိုး ကြားနေရတာ မမှန်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။ နွားမှောင်ခိုက မွန်ပြည်နယ်က သတင်းသမားအားလုံးကို စိန်ခေါ်နေတာလို့ ပြောရင် ဘယ်လိုဖြေကြမလဲ။ နောက်အပတ် ရာမညတံတားပါ။

ရွှေမြိုင်မောင်ပေါက်ကျိုင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.