မော်လမြိုင်၊စက်တင်ဘာ ၃

ရုပ်ရှင်သရုပ်ဆောင်မိုးအောင်ရင် ကို မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုဖြင့် ပထမဦးဆုံးအမှုဖွင့်အရေးယူထားပြီး နောက် သုံးစွဲထားခြင်းရှိပါက အနည်းဆုံးထောင်ဒဏ် (၅)နှစ်အထိ ချမှတ်နိုင်ကြောင်းသိရသည်။

“မိုးအောင်ရင်အမှုကို ပုဇွန်တောင်မြို့နယ် ရဲစခန်းက တာဝန်ယူကိုင်တွယ်နေပါတယ် မူးယစ်ဆေးဝါးသုံးစွဲထား တာရှိရှိရင်တော့ အနည်းဆုံးထောင်ဒဏ် (၅)နှစ်ကနေ (၆)နှစ်အထိ ကျနိုင်တယ်။ ပြန်လည်ရောင်းချတာပါ ဆိုရင် (၇)နှစ်လောက်ချမှတ်နိုင်တယ်”ဟု တာမွေမြို့နယ်မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သရုပ်ဆောင် မိုးအောင်ရင်အမှုှုနဲ့ပတ်သတ်ပြီး ၎င်းရဲ့ဖခင်ဖြစ်သူတေးသံရှင် အောင်ရင်ကလည်း ဝမ်းနည်းမိ ကြောင်း ၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။

“ကျွန်တော်မကြုံချင်တဲ့နေ့ကိုစိတ်မကောင်းကြီးစွာနဲ့ ကြုံခဲ့ရပြီ ကျွန်တော့ရဲ့သွန်သင်ဆုံးမမှုညံ့ဖျင်းလို့ပဲ ထင်ပါတယ်။ ရင်ဆိုင်ရမှာပဲ မတတ်နိုင်ပါဘူး သတ္တဝါတစ်ခု ကံတစ်ခုပဲလေ။ မိဘတိုင်းဒီလိုသောကမျိုးတွေ ကင်းဝင်းကြပါစေ”ဟု ၎င်းပြောဆိုထားသည်။

တာမွေမြို့နယ်၊လေးထောင့်ကန်လမ်း၊ မင်းရဲကျော်စွာအိမ်ရာရှိ တိုက်ခန်းတစ်ခန်းတွင် သတင်းအရ ဝင်ရောက် ရှာဖွေရာ မိုးရင်အိပ်ယာကုတင်အောင်တွင် ဆေးခြောက်ဟုယူဆရသော အရွက်ခြောက် (၄၀)ဂရမ်ခန့် ပလက်စတစ်ဖြင့်ထုတ်ထားသော အရွက်ခြောက် (၁၀၀)ဂရမ်ကျော်နှင့်အတူ အခြားမူးယစ်ဆေးဝါးဆက်စပ် ပစည်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

“သူတို့(၃)ယောက်လုံးဖမ်းဆီးစစ်ဆေးနေပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲထားခြင်းရှိမရှိ ဆေးစစ်ချက်က တစ်လလောက်စောင့်ရမယ်။ ချက်ချင်းကြီးမသိရသေးဘူး”ဟု ယင်းအမှုကို ကိုင်တွယ်ဖြေရှင်းနေတဲ့ ပုဇွန် တောင်မြို့နယ်မှ ဒုရဲအုပ် သန်းလွင်က သံလွင်တိုင်းမ်သို့ပြောသည်။
moe-aung-yin
သရုပ်ဆောင်မိုးအောင်ရင် အပါအဝင် ၎င်း၏သူငယ်ချင်းများဖြစ်သော ဘုန်းမြင့်အောင် နှင့်လူလူသန်းဦးတို့ အား တာမွေမြို့မရဲစခန်းမှ မယပ (၃၉/၂၀၁၆) ၊ မူး-စိတ်ပုဒ်မ-၁၅/၁၉(က)/၂၀ ဖြင့်လည်းကောင်း၊ ပုဇွန်တောင်မြို့နယ်မြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ဂ)ဖြင့်လည်းကောင်း အမှုဖွင့် အရေးယူကာ စစ်ဆေးလျက်ရှိကြောင်းသိရသည်။

သတင်းTU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.