ရေး ၊ စက်တင်ဘာ ၇

ရေးမြို့နယ်၊ ခေါဇာမြို့၊ မကျီးချောင်းဝကျေးရွာအတွင်း ၂၀၁၆ ခုနှစ်၊ မတ်လ ၈ ရက်နေ့ညပိုင်းအချိန် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ခလရ(၂၈၀)တပ်

ရင်းမှ တပ်မတော်လှုပ်ရှားမှုအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးခဲ့ရသည့် ရွာသား(၂)ဦးအရေးအတွက် တပ်မတော်အနေဖြင့် ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ပေးပါရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က အကြောင်းကြားစာ ပေးပို့ထား သည်ဟု သိရသည်။

ယနေ့အချိန်အထိ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထူးခြားမှုတစ်စုံတရာမရှိသည့်အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ကိုယ်တိုင်သွားရောက်စုံစမ်းရာမှ အထက်ပါအတိုင်း သိရှိခဲ့ရခြင်း ဖြစ်သည်ဟု ရွာသား ၂ ဦးအရေး လိုက်ပါကူညီဆောင်ရွက်ပေးနေသူ မွန်လူငယ်အဖွဲ့မှ နိုင်စိုးသိန်းက ပြော သည်။

“ ရွာသား ၂ ဦးအရေးအတွက် ထူးခြားမှုမရှိသေးလို့ ကော်မရှင်ကိုကိုယ်တိုင်သွားရောက်မေးမြန်းရာမှာ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးသူရကျော်ဖြေကြားချက်အရတော့ အဲဒီဖြစ်စဉ်အပေါ် စစ်ဘက်တရားရုံးမှာ စစ်ဆေး ခဲ့တယ်လို့သိရတယ်။ အရေးယူဆောင်ရွက်မှုကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့တပ်မတော်ကို အကြောင်း ကြားစာပို့တဲ့အကြောင်းတွေ၊ တိုးတက်မှုအခြေအနေကို ပြန်ကြားပေးဖို့အကြောင်းစတဲ့ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို သိခဲ့ရတယ် ” ဟု ယင်းအရေးကိစ္စအတွက် ကူညီဆောင်ရွက်ပေးနေသူ မွန်လူငယ် အဖွဲ့မှ နိုင်စိုးသိန်းက သံလွင်တိုင်းမ်သို့ ပြောသည်။
ma-kyi-villager-kill-by-burma-military
ဖြစ်စဉ်များအား နိုင်ငံတော်သမ္မတအပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ မြန်မာနိုင်ငံလူ့အခွင့် အရေးကော်မရှင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အာရှလူ့အခွင့်အရေးကော်မရှင်နှင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့တို့ကို တင်ပြထားပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ပြီးခဲ့သည့် မေလအတွင်း လာရောက်စစ်ဆေးခဲ့ပြီးလည်းဖြစ်သည်ဟု သိရသည်။

“ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ကြီးဇော်မျိုးထက်ပါ ၃ ဦးကို မေလက စစ်ဘက်တရားရုံးမှာ စစ်ဆေးပြီး အပြစ်ဒဏ်အတည်ပြုနိုင်ရေးအတွက် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ကို ပေးပို့ဆောင်ရွက်ဆဲလို့လဲ သိရတယ်။ နောက် ကာကွယ်ရေးဦးစီးချုပ် အတည်ပြုနိုင်ဖို့ စစ်ဥပဒေချုပ်ရုံးကို ဇူလိုင်လက အကြောင်းကြား စာပေးပို့ထားဆဲလို့လဲ သိခဲ့ရတယ် ” ဟု ကော်မရှင်သို့သွားရောက်စုံစမ်းခဲ့သူ နိုင်စိုးသိန်းက ဆိုသည်။

မြန်မာနိုင်ငံအမျျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒေါက်တာဉာဏ်ဇော်ခေါင်းဆောင်သည့်အဖွဲ့ မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိရေးမြို့ကို လာရောက်ပြီးသက်ဆိုင်သည့် မိသားစုဝင်များ၊ ရဲစခန်းနှင့် ဆေးရုံများ ကို သွားရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။

“ တိကျတဲ့အဖြေတစ်ခုမသိမရမချင်း ကျွန်တော်တို့အနေနဲ့ တစ်လတစ်ကြိမ် ဆုတောင်းပွဲတွေ၊ အထက်ကိုတင်ပြတာတွေလုပ်သွားမယ်၊ ကျွန်တော်တို့မရပ်တန့်နိုင်ဘူး။ မသင်္ကာရင် စစ်ဆေးလို့ရသားနဲ့ မတရားအပစ်ခံခဲ့ရတာပါ ” ဟု သေဆုံးခဲ့သည့် ရွာသား ၂ ဦး၏ မိသားစုဝင်ဖြစ်သူ နိုင်ဘရီက သံလွင်တိုင်းမ်သို့ ပြောသည်။

ကျေးရွာသားနှစ်ဦး အမှုမှန်ပေါ်ပေါက်ရေးအတွက် ရေးမြို့နယ်အတွင်း ဆုတောင်းပွဲ ၄ ကြိမ်၊ သတင်းစာရှင်းလင်းပွဲတစ်ကြိမ် ပြုလုပ်ခဲ့ပြီး လာမည့် စက်တင်ဘာလ ၈ ရက်နေ့တွင် မော်လမြိုင်မြို့တွင် ဆုတောင်းပွဲနှင့် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်သွားမည်ဟုသိရသည်။

၂၀၁၆ ခုနှစ်၊ မတ်လ ၈ ရက်နေ့၊ ညပိုင်းက ခလရ(၂၈၀)တပ်ရင်းမှ ဗိုလ်ကြီးဇော်မျိုးထက်ဦးစီးတပ်စု အဖွဲ့မှ မကျီးချောင်းဝကျေးရွာသားနှစ်ဦးဖြစ်သည့် ဦးမိုး(၄၀)နှစ်နှင့် ကိုချစ်စိုး(၂၃)နှစ်တို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ရွာသားနှစ်ဦးစလုံး သေဆုံးခဲ့သည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.