ဦးကိုကိုဦး အငယ်တန်းအင်ဂျင်နီယာ ၊ သထုံမြို့ အော်တိုအိပ်ချိန်းရုံး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်တွေ့ဆုံမေးမြန်းခြင်း

မေးမြန်းသူ ဝရဇိန် (ပေါင်)

မေး ။ ။ဆရာမင်္ဂလာပါ ဆရာ့နာမည်နဲ့ ထမ်းဆောင်နေရတဲ့တာဝန်ရာထူးကို သိချင်ပါတယ်။

ဖြေ။ ။ ဟုတ်ကဲ့ ကျွန်တော့်နာမည်က ဦးကိုကိုဦးပါ။ ရာထူးက အငယ်တန်းအင်ဂျင်နီယာပါ။ အော်တိုအိပ်ချိန်း သထုံမြို့မှာတာဝန်ထမ်းဆောင်နေပါတယ်။

မေး။ ။ဖုန်းဆင်းကဒ်တွေကို မှတ်ပုံတင်ကြရမဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေသိသင့်သိထိုက်တဲ့ထုတ်ပြန်ချက်လေးတွေကို အရင်ဆုံးပြောပြပေးပါဆရာ။

ဇြေ ။ ။ဟုတ်ကဲ့ ဖုန်းသုံးစွဲသူတွေအနေနဲ့ ကိုယ်ပိုင်အမည်ပေါက်ဖို့လိုပါတယ်။ နာမည်မှန်လိပ်စာမှန်နဲ့ဆိုတော့ လုံခြုံရေးအရလည်းပိုအဆင်ပြေသွားအောင် အစိုးရကစေတနာနဲ့ဒီအစီအစဉ်ကို လုပ်ပေးတာပါ။

မေး။ ။ အဲ့ဒီအစီအစဉ်ကိုဘယ်တုန်းကစတင်လုပ်ပေးနေတာလဲ။ ဘယ်တော့နောက်ဆုံးပြုလုပ်ရမယ်ဆိုတာကိုရော ရှင်းပြပေးပါ။

ဖြေ။ ။၂၀၁၆ခုနှစ်သြဂုတ်လ၂၄ ရက်နေ့ကစပြီးလုပ်ပေးနေပါတယ်။ ကန့်သတ်ကာလကတော့ မညွှန်ကြား ထားသေးဘူး။ ၂၀၁၇ မတ်လအထိလို့တော့ကြားထားတာရှိတယ်။

မေး။ ။အခုလိုမှတ်ပုံတင်ကြရမဲ့အပေါ်မှာ ငွေကြေးဘယ်လောက်ပေးသွင်းကြရလဲ။

ဖြေ။ ။ငွေကြေးလုံးဝမကောက်ပါဘူး ပေးစရာလည်းမလိုပါဘူး။

မေး။ ။ ဖုန်းကဒ်မှတ်ပုံတင်ကြဖို့ဆရာတို့ သထုံရုံးအနေနဲ့ ဘယ်ဒေသ အကန့်အသတ်တွေအထိ ကလူတွေကိုဆောင်ရွက်ပေးနေလဲ။

ဖြေ။ ။ မြန်မာတစ်နိုင်ငံလုံးကမည်သည့်ဒေသကမဆို ကျွန်တော်တို့ရုံးမှာလာလုပ်ရင် ဆောင်ရွက် ပေးနေပါတယ်။
u-ko-ko-oo
မေး။ ။ ဘာတွေယူလာကြရပါလဲဆရာ။

ဖြေ။ ။ ကိုယ်တိုင်လာတဲ့သူနဲ့ ကိုယ်စားလာသူနှစ်မျိုးရှိတယ်ဗျ။ ကိုယ်တိုင်လာသူဆိုရင် မှတ်ပုံတင်မိတ္တူကျောကပ်မဟုတ်ဘူးနော်။ ရှေ့နောက်တစ်ရွက်တည်းကူးထားတဲ့မိတ္တူနှစ်ခုလိုတယ်။ ဆင်းကဒ်ပါယူလာရမယ်။ ကိုယ်စားလာသူဆိုရင်တော့ အိမ်ထောင်စုစာရင်းမိတ္တူရယ် လုပ်မဲ့သူရဲ့မှတ်ပုံတင်မိတ္တူရယ်၊ ကိုယ်
စားလှယ်ရဲ့ မှတ်ပုံတင်မိတ္တူရယ် ဖုန်းဆင်းကဒ်ရယ်လိုပါတယ်။

မေး။ ။ ဆရာတို့ဌာနက မှတ်ပုံတင်ပေးနေတဲ့နေရာမှာ ဖုန်းဆင်းကဒ်အမျိုးအစားအားလုံးကိုလုပ်ပေးလား

ဖြေ။ ။မဟုတ်ဘူးဗျ MPT ၊GSM ၊WCDMA ၊CDMA 800 က ၇၃နဲ့ စတဲ့နံပတ်တွေ၊ CDMA 450 ၊ တွေကိုပဲဆိုင်တယ်။ ကျန်တဲ့တယ်လီနော၊ အော်ရီဒူး၊MEC တို့ကျတော့သူတို့မှာသီးခြားသွားလုပ်ကြရမှာပါမေး။ ။ အရင်ဖုန်းကဒ်ဝယ်တုန်းက ဆရာတို့ဌာနက ထုတ်ပေးလိုက်တဲ့စာချုပ်တွေရှိတဲ့သူတွေကရောပြန်ပြီးမှတ်ပုံတင်ရအုံးမှာလား။

ဖြေ။ ။ ကိုယ့်ဖုန်းဆင်းကဒ်က ကိုယ့်နာမည်ပေါက်နေတဲ့အထောက်အထားရှိနေရင်တော့မလိုအပ်တော့ဘူး။ ဒါပေမဲ့သူများအမည်ပေါက်ကိုဝယ်ထားရင်တော့ ကိုယ့်အမည်ပေါက်အောင် လုပ်ရပါမယ်။

မေး။ ။ ဆရာတို့ ဖုန်းကဒ်တွေကို မှတ်ပုံတင်ပေးနေတဲ့အခြေအနေလေးလည်းသိချင်ပါတယ်။ ဘယ်လောက်လာလုပ်လို့ပြီးသွားပြီလဲ။

ဖြေ။ ။ တစ်ရက်ကို ၂၀ ပျှမ်းမျှလောက်လာနေကြတယ်။ အခုထိတော့ (၉၅)လုံးပဲလာလုပ်သေးတယ်။ ဒီနေ့( စက်တင်ဘာ ၁ ရက်နေ့) ကျိက်မရောနဲ့ ပေါင်မြို့တွေမှာလည်း စတင်လက်ခံဆောင်ရွက်ပေးနေပြီ။ အချို့ကလည်း အချိန်ရသေးတယ်ဆိုပြီး နေနေကြသေးတယ်။

မေး ။ ဆရာတို့ MPT အနေနဲ့ တစ်နိုင်ငံလုံးဆင်းကဒ်ဘယ်လောက်ထုတ်ပေးထားလဲ။

ဖြေ။ ။သန်း၂၀ ကျော်ပါ။

မေး ။ အခုခေတ်က Hand Set လေးတွေပဲအသုံးပြုနေကြတော့ ကြိုးဖုန်းကရော ဆရာတို့ဌာနမှာ ဆက်လက်လုပ်ကိုင်နေသေးလား။

ဖြေ ။ ။ အသုံးပြုနေကြပါတယ်။ သထုံမှာ ၁၁၆၀ လုံးတောင်အသုံးပြုနေပါတယ်။ အင်တာနက် ဝိုင်ဖိုင် သုံးကြသူတွေက ကြိုးဖုန်းကိုသုံးကြတာပါ။

မေး။ ။ကြိုးဖုန်းကိုအင်တာနက်အသုံးပြုကြတယ်လို့ဆရာပြောတော့ ဘယ်လိုဝန်ဆောင်မှုကြောင့်ပါလဲ ဆရာ။

ဖြေ။ ။မြန်နှုန်းမြင့်တယ်ဗျ ၊ A B C D E ဆိုပြီးအဆင့် ၅ဆင့်ရှိတယ်။ E ကမြန်နှုန်းအမြင့်ဆုံးဖြစ်တယ်။ ADSL ဝန်ဆောင်မှုယူလို့လည်းရတယ်။ လစဉ်ပုံမှန် တန်ဘိုးသတ်မှတ်ဝယ်သုံးတဲ့စနစ်ပါ။

မေး။ ။ဘယ်နှစ်ယောက်လောက်ယူထားလဲ ။

ဖြေ။ ။ ၁၁၀ လောက် သထုံတစ်ခုတည်းရှိနေပြီး အခြားမြို့အခြေအနေတော့မသိဘူး။

မေး။ ။ ဟုတ်ကဲ့ဆရာ့အနေနဲ့ဖုန်းသုံးစွဲသူတွေကို ဌာနကိုယ်စား ဘာများပြောလိုပါသေးလဲ။

ဖြေ။ ။ ဟုတ်ကဲ့ ဖုန်းကဒ်မှတ်ပုံတင်လာလုပ်ကြပါ။ ဖုန်းနှောက်ယှက်မှုအတွက်လည်း အကာအကွယ်ရ သွားကြပါမယ်။ ကိုယ့်အမည်ပေါက်လက်ခံစာရွက်လည်းပြန်ရသွားလို့ ပိုင်ဆိုင်မှုအာမခံချက်လည်း ရသွားမှာပါ။ လုံခြုံစိတ်ချ သွားကြရတဲ့ ဝန်ဆောင်မှုကိုရယူကြပါ။ နောက်ဆုံးတစ်ခုအနေနဲ့ MPTကိုအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.