ပေါင်၊ ဇူလိုင် ၂၈

ရက်တစ်ရာ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ မွန်ပြည်နယ်လဝက ဌာနက ပြုလုပ်ပေးနေပြီး ဦးစားပေးအဆင့်ဖြင့် စာသင်ကျောင်းများမှ ကျောင်းသားများအားပြုလုပ်ပေးနေခဲ့ရာ လူဦးရေ (၁၀၀၀)ကျော်အား ထုတ်ပေးရန်စီစစ်ပြီးဖြစ်သည်ဟုသိရသည်။

n12

“ကျွန်တော်တို့ ပေါင်မြို့ကစာသင်ကျောင်း(၁၂)ကျောင်းမှာ ကျောင်းသား စုစုပေါင်း (၁၀၀၀)ကျော်ကို စိစစ်ပြီးပါပြီ၊ လက်မှတ်လည်းထိုးထားပြီးတဲ့ အခြေအနေဖြစ်နေပါပြီ။ ဒီနေ့ အထက ပေါင် မှာ၂၂၈ ယောက်ကို ထုတ်ပေးတော့မှာပါ”ဟု ပေါင်မြို့နယ်လဝက ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်ဆွေ က ဇူလိုင် ၂၈
ရက်နေ့က သံလွင်တိုင်းမ်သို့ပြောသည်။

အစိုးရရက်တစ်ရာစီမံချက်အရ ပေါင်မြို့နယ်တွင်သစ္စာစီမံချက်ဖြင့်နိုင်ငံသားစီစစ်ရေးကတ်ပြားများကို စီစစ်ထုတ်ပေးရန် စာသင်ကျောင်းများကို သွားရောက်ပြီး အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျောင်းသား /ကျောင်း သူများကို အရင်ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းနောက်ပိုင်းတွင် အရပ်ထဲ၌ လိုက်လံကွင်းဆင်းပြုလုပ်ပေးရန်လည်း

ရှိသည်ဟု ဦးမြင်ဆွေကဆက်လက်ပြောဆိုသည်။

နိုင်ငံသားစီစစ်ရေးကတ်ပြားထုတ်ပေးရေးစီစစ်ရာတွင် မွေးရာပါနိုင်ငံသားအခွင့်အရေးရှိသူနှင့် ဥပဒေ အရစီစစ်ပြီးမှခွင့်ပြုတဲ့ နိုင်ငံသားဟူ၍နှစ်မျိုးရှိကြောင်း ၊မွေးရာပါနိုင်ငံသားအခွင့်အရေးရှိသူကိုမြို့နယ်အဆင့်မှ စီစစ် ထုတ်ပေးနိုင်သော်လည်း ဥပဒေအရ စီစစ်ပြီးမခွင့်ပြုနိုင်သည့် နိုင်ငံသား များကိုမူ ပြည်နယ်အဆင့်ကိုတင်ပြခွင့်ပြုချက်ရယူရသည့်လုပ်ထုံးလုပ်နညိးရှိကြောင်း သထုံခရိုင် လဝကဌာနမှ ဒုတိယညွှန်ကြားရေးမှုးဦးခင်မောင်ရင်က ဇူလိုင်၂၈ရက်နေ့က အထကပေါင်တွင်ပြုလုပ်သော နိုင်ငံသားစီစစ်ရေးကတ်ပြားပေးအပ်ပွဲတွင်ရှင်းပြပြောဆိုခဲ့သည်။

ပေါင်မြို့နယ်တွင်လဝကစာရင်းအရ လူဦးရေ(၂)သိန်းကျော်ရှိကြောင်းနိုင်ငံသားစီစစ်ရေးကတ်ပြားထုတ်ပေးပြီးစီးမှုအရအမှတ်စဉ် မှာ ၂၄၀၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်းပေါင်မြို့နယ် လဝက ဦးစီးအရာရှိဦးမြင့်ဆွေ၏ ပြောပြချက်အရသိရသည်။

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.