ရန်ကုန်၊ ဇူလိုင် ၁၆

ရန်ကုန်မြို့ YWCA ခန်းမ၌ ပြုလုပ်ခဲ့သော အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ၏ ဗဟိုဦးစီး ကော်မတီညီလာခံတွင်၂၁ ရာစုပင်လုံညီလာခံ၌ဆွေးနွေးရန်အကြံပြုချက်အဖြစ် ကျွနု်ပ်တို့ မျှော်မှန်းသော ဖက်ဒရယ်ပြည်ထောင်စုအမည်ဖြင့်စာတမ်းတစ်စောင်ကိုအတည်ခဲ့ပြီး သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့ထံ ပေးပို့ထားကြောင်းသိရသည်။

nld-mlm

“ကျွန်တော်တို့ပါတီအနေနဲ့ ၂၁ရာစုပင်လုံညီလာခံကိုတက်ခွင့်ရသည်ဖြစ်စေ။ မရသည်ဖြစ်စေ ဒီအကြံ ပြုချက်စာတမ်းကို ထည့်သွင်းဆွေးနွေးပေးဖို့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တွေဆီကို ပေးပို့ထားပြီးပါပြီ”ဟု NDF ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဌ ဦးခင်မောင်ဆွေက သံလွင်တိုင်းမ် သို့ပြောသည်။

NDF ပါတီ၏ ကျွန်ပ်တို့မျှော်မှန်းသော ဖက်ဒရယ်ပြည်ထောင်စု စာတမ်းတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန်အဓိကအားဖြင့်လိုအပ်သော ၁။ မည်သို့သောဖက်ဒရယ်စနစ်လဲ၊ ၂။လုပ်ပိုင်ခွင့်အာဏာကို မည်ကဲ့သို့ခွဲဝေကျင့်သုံးကြမည်ဟူသည့်အချက်နှစ်ချက်ကိုအဓိကထား၍တင်ပြထားသည်ကိုတွေ့ရသည်။

ပြည်နယ်နှင့်တိုင်းများသတ်မှတ်ခြင်း(Federal Unit) လုပ်ပိုင်ခွင့်အာဏာကိုခွဲေ၀ ကျင့်သုံးခြင်း (Distribution Of Power)ကြွင်းကျန်သောအာဏာ(Residual Power)တို့နှင့်ပတ်သက်သော ရှင်းလင်းချက်များကိုလည်းထိုစာတမ်း၌တွေ့ရသည်။ထို့အပြင်ဖက်ဒရယ်ပြည်ထောင်စုအဖြစ်ဖွဲ့စည်းရေးအတွက်ကဏ္ဍ အသီးသီးတွင် ထည့်သွင်းစဉ်းစားရန်အဆိုပြုချက်များအဖြစ် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေး(အခွန်နှင့်ပြည်သူ့ ဘဏ္ဍာခွဲဝေမှု )ကဏ္ဍ၊ သယံဇာတထုတ်ယူရေးနှင့်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကဏ္ဍ၊ နိုင်ငံတော်ကာကွယ် ရေးနှင့်လုံခြုံကဏ္ဍများအားရှုထောင့်မျိုးစုံဖြင့်ယင်းစာတမ်း၌ဖေါ်ပြထားသည်၊

NDF ပါတီ၏ ကျွန်ုပ်တို့မျှော်မှန်းသောဖက်ဒရယ်ပြည်ထောင်စုစာတမ်းတွင် ဖက်ဒရယ်စနစ်ကျင့်သုံးမည် ဆိုပါက အုပ်ချုပ်မှု၊ဥပဒေပြုမှု၊နှင့်အခြားလုပ်ငန်းစဉ်များတွင်တိုင်းရင်းသားလူမျိုးစုများ၏အခန်းကဏ္ဍ များပါဝင် လာမည်ဖြစ်၍လွှတ်တော်သုံးရပ်၌တိုင်းရင်းသားလူမျိုုးစုကိုယ်စားလှယ်များပိုမိုကျယ်ပြန့်စွာပါဝငိနိုင်အောင် PR စနစ်ကျင့်သုံးရေးကိုအရေးကြီးသည့်အချက်အဖြစ်ထောက်ပြထားသည်။

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီသည် ၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်/ တိုင်း၁၁ ခု၌ မြို့နယ်ပေါင်း ၉၅ခုလွှတ်တော်ကိုယ်စားလှယ်၂၆၅ ဦးဝင်ရောက်အရွေးချယ်ခံခဲ့ပြီး မွန်ပြည်နယ်တွင် အမတ်နေရာ ၁၅ခုဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြောင်းသိရသည်။

သတင်း – ဝရဇိန် ပေါင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.