ဇူလိုင်လ(၁၈)ရက်နေ့က MCL စက်ရုံဝန်းကျင် ရွာ(၁၂)ရွာလောက်က မွန်ဆရာတော်တွေဦးစီးပြီး မွန်လူငယ် (၄၀၀)လောက်ဟာ ရွာအလိုက် ကျောက်မီးသွေး အလိုမရှိဆိုတဲ့ စတစ်ကာတွေကို အိမ်၊ ကား၊ ဆိုင်ကယ်၊ လက်ကိုင်ဖုံးတွေမှာလိုက်ကပ်ရင်း သူတို့သိထားတဲ့ ကျောက်မီးသွေးဆိုးကျိုးကို ရွာသူတွေကို လိုက်ပြောကြ
mhaw-yong1
ပါတယ်။ ကော့ပနောရွာက ကျောင်းထိုင်ဆရာတော် ဦးသုမနကို လျှောက်တော့၊ MCL က ရွာနဲ့တစ်မိုင်လောက် ပဲဝေးတယ်၊ ကျောက်မီးသွေးသုံးပြီး ၅-မီဂါဗိုက်မီးစက်စလည်နေပြီ၊ ကွမ်းငန်းရွာက ငါးရှာတဲ့သူတွေက ငါးတွေ သေနေတာကို ပြောနေကြပြီ၊ အန္တရာယ်များတဲ့ကျောက်မီးသွေးကိစ္စကို သမ္မတ၊ ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန် ကြီး၊ လွှတ်တော်ထိ ရပ်ဖို့တင်ထားပေမယ့်၊ မထူးခြားဘူးဖြစ်နေတော့ အခုလို မွန်လူငယ်တွေနဲ့ စတစ်ကာ ကင်ပိန်းလုပ်တာပဲလို့မိန့်ကြားပါတယ်။ ဒီလိုမှမရပ်ရင် နောင်လာမယ့်မျိုးဆက်တွေတွက် တာဝန်ကျေဖို့ နည်းမျိုး စုံသုံးပြီး ရပ်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ မိန့်ပါတယ်။ ကျိုက္မရောရဲ့ မွန်တိုင်းရင်းသားရဲ့အားမန်ကို စောင့်ကြည့်ရ မှာပေါ့။

မွန်(၈၈၈၈)ကျင်းပဖို့ ပြင်ဆင်။
mhaw-yong2
သြဂုတ်(၈)မှာကျရောက်မယ့် (၂၈)နှစ်မြောက်(၈၈၈၈)ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားကျင်းပဖို့ ပြင်ဆင် တဲ့အကြိုအစည်းဝေးကို ဇူလိုင်လ(၁၇)ရက်နေ့က မြိုင်သာယာမှာလုပ်ပါတယ်။ ဒီနှစ်တော့ မွန်ပြည်နယ်အဆင့် မော်လမြိုင်မှာလုပ်ဖို့ဆန္ဒပြုကြပြီး၊ လုပ်ငန်းကော်မတီကို (၁၀)မြို့နယ်က ကိုယ်စားလှယ်၊ မြို့မိ မြို့ဖ၊ အထောက်ကူအဖွဲ့တွေနဲ့ ဖွဲ့ကြပါတယ်။ (၃၀)နှစ်မြောက်အတွက် မော်လမြိုင်၈၈၈၈သမိုင်းစာအုပ်၊ ၈၈၈၈ အောက်မေ့ဖွယ် နံရံ/ကျောက်တိုင်လုပ်ဖို့ သတင်းစကားကို မော်လမြိုင်ကျိုက်သုတ်ကျောင်းသားသပိတ် ခေါင်း ဆောင်ဟောင်း ကိုဝင်းကျော့မှူးက ပြောပါတယ်။

ကမ်းနားလမ်းအဆင့်(၆)စာချုပ်က နှစ်မျိုးလားလို့ သံသယဝင်နေသူ။

မွန်မှာရွေ့ပြောင်းလုပ်သားကိစ္စ၊ လွှတ်တော်တွင်း လဝကပြည်နယ်မှူးတွေက လာရှင်းလို့အပြီးမှာ၊ လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးနဲ့ တွေ့ဖြစ်ပါတယ်၊ သတင်းသမားတစ်ဦးက ကမ်းနားလမ်းအခြေနေကို မေးတာ နဲ့ ဆရာက ဖြစ်စဉ်ကို ပြောရင်း အဆင့်(၆)တင်ဒါခေါ်တဲ့ရက်၊ ရွေးကောက်ပွဲရလဒ်ရပြီးတဲ့ရက်၊ လွှတ်တော်ကို တင်ပြတဲ့ စာချုပ်ပါရက်စွဲတွေကို သုံးသပ်ရရင် ရွေးကောက်ပွဲရလဒ်ကိုမူတည်ပြီး၊ နိုင်ရင်တစ်မျိုး/ မနိုင်ရင်တစ် မျိုးနဲ့ စာချုပ်နှစ်ခုများ ရှိနေသလားလို့ သံသယဝင်မိတယ်လို့ ပြောပါတယ်။ စာချုပ်ဆိုလို့ ကမ်းနားလမ်းအဆင့် (၆)လိုပဲ ကန်ထရိုက်အားသာတဲ့ စာချုပ်မျိုးနဲ့ လူထုတွေမတွေ့ကြုံဖို့ ရာမညတံတားအဆင့်မြင့်တင်ရေး စီမံကိန်းစာချုပ်ကိုလည်း ပြည်နယ်၊ အမျိုးသားလွှတ်တော်အမတ်တွေအားလုံးကို စီစစ်ပြီး ပြည်သူကို အသိပေး ဖို့ တင်ပြလိုပါတယ်။

သံလွင်ဥယျာဉ်/ဗိုလ်ချုပ်ရင်ပြင်။
mhaw-yong3
ဗိုလ်ချုပ်ရာပြည့်ကနေပေါက်ဖွားလာတဲ့ သံလွင်ဥယျာဉ်အဆင့်မြင့်တင်ရေး ကော်မီတီရဲ့ စွမ်းဆောင်နဲ့ ဒေသခံ အလှူရှင်သိန်း(၆၀၀)နီးပါးပါဝင်မှုကြောင့် (၆၉)ကြိမ်မြောက်အာဇာနည်နေ့ အခမ်းအနားကို မော်လမြိုင်လူထုက ထိုက်ထိုက်တန်တန် အကြောက်အလန့်ကင်းကင်းနဲ့ ဂုဏ်ပြုပန်းခွေချ အလေးပြုခွင့်ရပါပြီ။ ဒီအစဉ်လာလေး မပျက်ပျောက်အောင် အားလုံး မမေ့မလျော့ ဝိုင်းဝန်း ထိန်းသိမ်းကြဖို့ လိုတယ်ဆိုတာ တင်ပြရင်း အာဇာနည် တွေကို အလေးပြုအပ်ပါတယ်။

ရွှေမြိုင်မောင်ပေါက်ကျိုင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.