ရေး ၊ ဇူလိုင် ၂၀

ရေးမြို့နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများအားလုံး ပါဝင်မည့်ရေးမြို့နယ်လုံးဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းများဖိုရမ်ကို လာမည့် ဇူလိုင်လ ၃၁ ရက်နေ့၌ ရေးမြို့တွင်ပြုလုပ်ကျင်းပသွားရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖိုရမ်ဖြစ်မြောက်ရေးကော်မတီပြောရေးဆိုခွင့်ရှိသူ နိုင်လွင်က သံလွင်တိုင်းမ်သို့ ပြောသည်။

mon-state-seo-meet

“ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ Network ချိတ်ဆက်မှုအားနည်းနေသေးတော့ပါဝင်သင့်၊ ပါဝင်ထိုက် သူတွေပါဝင်လာအောင် ပြုလုပ်ကျင်းပမှာပါ။ ကွန်ယက်သွယ်ချိတ်ဆက်နိုင်အောင်ပါ၊ဇူလိုင်လ ၃၁ ရက်နေ့ ကျင်းပမှာဖြစ်ပြီးတော့ နေရာတော့အတိအကျမသတ်မှတ်ရသေးပါဘူး ” ဟု ၎င်းက ဆိုသည်။

ယင်းဖိုရမ်တွင် မြို့နယ်အတွင်းရှိအဖွဲ့အစည်းများကွန်ယက်ချိတ်ဆက်ရေးအပြင်ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ လူ့အခွင့်အရေး၊ မြေယာ၊ တိုင်းရင်းသားအရေးများဆွေးနွေးမည့်အစီအစဉ်များအပြင် တက်ရောက်လာကြသည့်အဖွဲ့အစည်းများက ပြည်နယ်အဆင့်ဖိုရမ်တက်ရောက်ရန်ကိုယ်စားလှယ်များလည်း ရွေးချယ်မည်ဟု သိရသည်။

“ ပေါင်းစည်းညီညွတ်တဲ့ကွန်ယက်အားနဲ့ငြိမ်းချမ်းသာယာတဲ့လူ့ဘောင်တစ်ခုကိုတည်ဆောက်ဖို့အတွက် missionအနေနဲ့ CSO အချင်းချင်းကွန်ယက်ချိတ်ဆက်ပြီးလုပ်ငန်းတွေပူးပေါင်းဆောင်ရွက်ဖို့၊ စွမ်းရည်မြှင်သင်တန်းများဆောင်ရွက်ဖို့ မွန်ပြည်နယ် CSO များအချင်းချင်းကွန်ယက်ချိတ်ဆက်မှုမှတဆင့် နိုင်ငံအတွင်းရှိ CSO များနှင့်ချိတ်ဆက်ပြီး လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ မြန်မာနိုင်ငံရဲ့ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာ CSO များရဲ့အခန်းကဏ္ဍမြှင့်တင်သွားဖို့ပါ ” ဟု မွန်ပြည်နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ယက်မှ ညှိနှိုင်းရေးမှူး မင်းအောင်ထူးက ဆိုသည်။

တက်ရာက်လာသည့် အရပ်ဘက်အဖွဲ့စည်းကိုယ်စားလှယ်တစ်ဦးက “ဒေသတွင်းအဖွဲ့အစည်းတွေ ပိုမိုချိတ်ဆက်နိုင်မယ်၊အပြန်အလှန် ဘုံရည်မှန်းချက်တွေစုပေါင်းပြီးတော့ ဒေသအရေးပိုမိုဆောင်ရွက်နိုင် မယ်လို့မြင်တယ် ” ဟု သုံးသပ်ပြောဆိုသည်။

ယင်းဖိုရမ်ဖြစ်မြောက်ရေးအတွက် ဖြစ်မြောက်ရေးကော်မတီနှင့်ဆပ်ကော်မတီများဖွဲ့စည်းထားရှိပြီးဖြစ်ကာ ရေးမြို့နယ်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၃၀ အား ဖိတ်ကြားမည်ဖြစ်သည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.