ရေး ၊ ဇူလိုင် ၂၀
ရေးမြို့နယ်၊ စုံနံ့သာကျေးရွာအနီးတွင် ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းနှင် သူနှစ်ဦး အချင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့မှု ဇူလိုင်လ ၁၉ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့သည်ဟု ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။
စုံနံ့သာကျေးရွာအလွန်၊ သဲချောင်းတံတားအနီး၊ မိုင်တိုင်အမှတ်(၈၉/၉၀)ရေး-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယာဉ်တိုက်မှုသတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ရာ အာယုတောင်ကျေးရွာဘက်မှ စုံနံ့သာကျေးရွာဘက်သို့မောင်းနှင်လာသော စုံနံ့သာကျေးရွာနေ ထက်နောင် (၁၉)နှစ်မောင်းနှင်သည့် နံပါတ်ပြားတပ်ဆင်ထားခြင်း မရှိသော CBR အမျိုးအစားဆိုင်ကယ်နှင့် စုံနံ့သာကျေးရွာ ဘက်မှ မော်လမြိုင်ဘက်သို့မောင်းနှင်လာသည့် တူးမြောင်းကျေးရွာနေ အောင်သိုက်ထွန်း (၂၇)နှစ်မောင်းနှင်သည့် နံပါတ်ပြားတပ်ဆင်ထားခြင်းမရှိသော Wave-I အမျိုးအစားဆိုင်ကယ်တို့ လမ်းမအလယ်တွင်
အရှိန်ပြင်းစွာ မျက်နှာချင်းဆိုင်တိုက်မိခဲ့ကာ ၂ ဦးလုံးမှာ အချင်းဖြစ်နေရာတွင်ပင် သေဆုံးနေကြကြောင်း စစ်ဆေးတွေ့ရှိခဲ့ သည်။
သေဆုံးသူ ထက်နောင်နှင့် အောက်သိုက်ထွန်းတို့အား ရေးမြို့မရဲစခန်းမှ မမစ(ရေး)ယာဉ်(ပ)၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄-က အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
သတင်း – ရဲနိုင်ဦး