ပေါင်၊ ဇူလိုင် ၁၉

ပေါင်မြို့နယ်တွင် ကျင်းပပြုလုပ်သည့် (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အခြားသော နိုင်ငံရေးပါတီများမှ တက်ရောက်ပန်းခွေချအလေးပြုခဲ့သော်လည်း ပေါင်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ ပန်းခွေချ နိုင်ခြင်းမရှိကြောင်း သတင်းရရှိပါသည်။

ar-zar-ni-day-poung

“ကတိုက်ကရိုက်နဲ့လာရလို့ပါ။ နောက်နှစ်မှာတော့ပန်းခွေချအလေးပြုခြင်းလုပ်မှာပါ “ဟု ပြည်ခိုင်ဖြိုး ပါတီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအောင်ဆန်းဦးက သံလွင်တိုင်းမ်သို့ဖြေကြားသည်။

အခမ်းအနားကို ဇူလိုင်လ(၁၉)ရက်နေ့၊ မနက်(၇)နာရီအချိန်က ပေါင်မြို့နယ်ဆုတောင်းပြည့်ဘုရားတောင်ခြေ၊ ဘော်လုံးကွင်းဟောင်းနေရာရှိ အာဇာနည်ကျောက်တိုင်၌ အုပ်ချုပ်ရေးဌာနအပါအဝင်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုအသင်းအဖွဲ့များစုပေါင်း၍ အလေးပြုခြင်းအခမ်းအနားပြုလုပ်ရာသို့ လူဦးရေ ၅၀၀ကျော်ခန့်တက်ရောက်ခဲ့သည်။

အခမ်းအနားသို့ နိုင်ငံရေးပါတီများဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ပါတီ၊ အမျိုးသားဒီမို

ကရေစီအင်အားစု NDFပါတီတို့မှ လွမ်းသူ့ပန်းခွေချအလေးပြုခဲ့ကြသော်လည်း ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အဆင့်တာဝန်ရှိသူအချို့ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ပန်းခွေချအလေးပြုခြင်းမရှိခဲ့ကြောင်း သိရသည်။

“စာကြိုတင်ထုတ်ပြီး (၅)ရက်ကွာထဲကဖိတ်ထားတာပါ”ဟုပေါင်မြို့နယ်အုပ်ချုပ်ရေးမှုးဦးမောင်မောင်နိုင် က ပြောကြားသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးဌာန၊ လွှတ်တော်ကိုယ်စားလှယ်၊ လယ်/ဆည်၊ ပညာရေးနှင့် ကျန်းမာရေး ၊လဝကနှင့်အခွန်၊ စီမံကိန်းဦးစီး၊ရဲတပ်ဖွဲ့တို့မှ လွမ်းသူ့ပန်းခွေချအလေးပြုခဲ့ကြပြီး CSOအဖွဲ့ ၂ဖွဲ့နှင့် NLD ၊NDF ပါတီနှစ်ခုတို့က ပန်းခွေချအလေးပြုခဲ့ကြသည်။

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.