ပေါင်၊ ဇူလိုင် ၁၉

ဝါဆိုလပြည့်နေ့မနက်ပိုင်းတွင် သီလယူပြီး အိမ်သို့ပြန်ရောက်လာစဉ် မောင်အရင်းဖြစ်သူက မိမိ၏နေ အိမ်သို့လာရောက်ပြီး အရက်ဖိုးတောင်းသည်ကို မပေး၍ ရန်ပြုသောကြောင့်အစ်မအရင်းဖြစ်သူမှမောင်အရင်းတော်စပ်သူကို ဓားဖြင့်ခုတ်ရာ ဦးခေါင်းတွင်ပြင်းထန်စွာရရှိခဲ့မှုအား ပေါင်ရဲစခန်းတွင်အမှုဖွင့်အရေးယူထား ကြောင်း

သိရသည်။

“ကျွန်မသီလယူပြီးအိမ်ပြန်လာတာ။ သူက အိမ်ကိုလာပြီး အရက်ဖိုးတောင်းတာမပေးလို့ဆိုပြီးကျွန်မအိမ်ထဲကမြက်ခုတ်ဓားကိုယူပြီးအတင်းဝင်လုံးတာ၊ နှစ်ယောက်လုံးအိမ်ပေါ်ကကျသွားကြတယ်၊ဓားကိုကျွန်မ

လုလို့ရတော့သူ့ကိုခုတ်ထည့်လိုက်တာဘယ်နှစ်ချက်ခုတ်မိသလဲမသိဘူး”ဟု ကဒါမြို့သစ်(၁၃)လမ်းတွင်နေထိုင်ပြီး ဓားခုတ်မှုကျုးလွန်ခဲ့သောမ သန်းသန်းခိုင်ကပြောဆိုသည်။

ဇူလိုင် (၁၉)ရက်နေ့ မနက်(၁၁)နာရီအချိန်က ပေါင်မြို့ကဒါရပ်ကွက်မြို့သစ်၁၂လမ်းတွင် အဆိုပါ အမှုဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်ပွဲတွင် မသန်းသန်းခိုင် (၃၈)နှစ်က ဓားဖြင့်ခုတ်ခဲ့သောကြောင့်၎င်း၏မောင်တော်စပ်သူနေဝင်းထွန်း၂၈နှစ်၊ကဒါမြို့သစ်၁၂လမ်းနေသူမှာဦးခေါင်းနောက်စေ့တွင် ၄လက်မခန့်ရှိပြတ်ရှဒဏ်ရာ၃ခုရရှိခဲ့ပြီး မသန်းသန်းခိုင် ၏ညာခြေတောက်၌လည်းဒဏ်ရာများရခဲ့သည်။

အဆိုပါအမှုဖြစ်စဉ်အပေါ် ၎င်းတို့၏ဦးလေးတော်စပ်သူ ဦးမောင်အေးက တရားလိုပြုလုပ်တိုင်တန်းချက်အရ ပေါင်ရဲစခန်း၏ (ပ)၁၄၁/၂၀၁၆ရာဇဂတ်ကြီးဥပဒေပုဒ်မ ၃၂၆အရ မသန်းသန်းခိုင် (ဘ) ဦးချစ်အောင် ၃၈နှစ် ဈေးရောင်း၊ကဒါမြို့သစ်၁၃လမ်းနေသူ ကို အရေးယူထားပြီးအမှုအားဒုရဲအုပ်အေးလွင်ကစစ်ဆေးနေကြောင်းသိရသည်။

သတင်း – ဝရဇိန် (ပေါင်) (ပုံပါ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.