မုဒုံ၊ ဇူလိုင် ၁၅

မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာ၊ ရွာဝင်လမ်းအတွင်း အမျိုးသမီးနှစ်ဦးထံမှ ခြောက်လှန့်ပြီး ရွှေထည်များယူ ဆောင်သွားခဲ့သည့် အမျိုးသားနှစ်ဦးအား သုံးလကျော်ကြာမှ တိုင်တန်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မုဒုံမြို့နယ်၊ ရဲ တပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၆ခုနှစ်၊ ဧပြီလ(၉)ရက်နေ့ မွန်းလွဲပိုင်းက မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာ၊ အလယ်ပိုင်းနေ၊ မအိဖြူကို(၂၁)နှစ်သည် ညီမဝမ်းကွဲတော်စပ်သူမခိုင်သဇင်ခြူးလိုက်ပါ၍ မုဒုံမြို့မှနိင်လှုံကျေးရွာသို့ မုဒုံ-သံဖြူ ဇရပ်သွား ကားလမ်းအတိုင်းဆိုင်ကယ်ဖြင့်မောင်းနှင်လာရာ ကျုံဖိုက်ကျေးရွာသို့ရောက်ရှိစဉ် ၎င်းတို့ဆိုင်ကယ်၏နောက်တွင် မုဒုံမြို့နယ်၊ကျိုက္ကာကျေးရွာနေ မွန်ချမ်း(ခ)ဗိန်ထုဆိုသူ မောင်းပြီးယင်း၏ဆိုင်ကယ်နောက်တွင်အမျိုးသားတစ်ဦးလိုက်ပါသည့် CLICKအမျိုးအစား၊ ကြက်သွေးရောင်၊ နံပါတ်မပါဆိုင်ကယ်မှ မခိုင်သဇင်ခြူး၏ လည်ပင်းတွင်ဆွဲထားသည့် ပန်းပွင့်တွင်အသဲပုံလော့ကပ်သီးပါ(၁)ကျပ်သားရွှေဆွဲကြိုး၊ လက်တွင်ဝတ်ထား သည့် သံကွင်းဆက်ဟန်းချိန်း(၁)ကျပ်သား၊ ဝဲလက်ညှိုးနှင့် ဝဲလက်ခလယ်တို့တွင်ဝတ်ဆင်ထားသည့်မောင်း ကွင်းလက်စွပ်တစ်မတ်သားနှင့် မီးလင်းစောက်ဖြတ်လက်စွပ်တစ်မတ်သားတို့အား ဖြုတ်ယူပြီး နိုင်လှုံကျေးရွာ လမ်းဝမှ တစ်ဆင့်မုဒုံဘက်သို့မောင်းနှင်သွားကြောင်း လက်ခလယ်တွင်ဝတ်ဆင်ထားသည့်ချွတ်ရခက်သည့်ရွှေလက်စွပ်တစ်ကွင်းသာကျန်ခဲ့ကြောင်း ဆက်လက်၍ယင်းဖြစ်စဉ်အားကျေးရွာအုပ်ချုပ်ရေးမှူးထံသွားရောက်တိုင်ကြားခဲ့ရာ အရေးယူညှိနှိုင်းဆောင်ရွက်ပေးခြင်းမရှိသဖြင့် အဆိုပါရွှေများခြောက်လှန့်ယူသွားသူနှစ်ဦးအား ဥပဒေအရအရေးပေးပါရန် မအိဖြူကိုမှ မုဒုံမြို့မရဲဇစခန်းသို့တရားလိုပြုလုပ်ကာတိုင်တန်းခဲ့ကြောင်းရဲမှတ်တမ်း အရသိရှိရသည်။

ယင်းတိုင်တန်းမှုနှင့်ပတ်သက်၍မုဒုံမြို့မရဲစခန်းမှ(ပ)၁၂၅/၂၀၁၆၊ ပြစ်မှုပုဒ်မ၃၈၂ဖြင့်၂၀၁၆၊ဇူလိုင်လ (၁၅)ရက်နေ့၊ (၈း၅၀)အချိန်ခန့်တွင် သတင်းချက်ရေးဖွင့်ပြီး ဒုရဲမှူးပြုံးချိုမှစစ်ဆေးကာတရားခံဖမ်းဆီးရမိရေး ကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်းလည်းသိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.