ချောင်းဆုံ၊ ဇူလိုင် ၁၄

ထိုင်းနိုင်ငံရှိ နေအိမ်တစ်အိမ်မှ ရွှေ၊ ငွေပစ္စည်းများပျောက်ဆုံးမှုအတွက် တိုင်ကြားရာ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာတွင် မင်္သကာသူကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ချောင်းဆုံမြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၏ညွှန်ကြားချက်ဖြင့် ထိုင်းနိင်ငံ၊ဘန်လန်းမြို့၊အကွက်(၈)၊အိမ်အမှတ်(၁၆၉)နေ၊နန်းမောင်ဖရင်းခမ်းယူရာ၏နေအိမ်တွင် သန့်ရှင်းရေးအလုပ်လုပ်ကိုင်သူ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ၊ရပ်ကွက်(၂)၊အမှတ်(၁၀)နေမချိုမာ(ခ)မဖုံး(၄၄)နှစ်သည် အဆိုပါနေအိမ်မှရွှေသား(၂)ကီလို ဂရမ်(၁၃၀ကျပ်သားခန့်)၊ အမေရိကန်ဒေါ်လာငွေ၊ယူရိုငွေ၊စတာလင်ပေါင်ငွေနှင့်ထိုင်းဘတ်ငွေစုစုပေါင်းဘတ်ငွေ(၂)သိန်းခန့်အား ခိုးယူထွက်ပြေးသွားကြောင်းကို စုံစမ်းဖမ်းဆီးပေးရန် အထက်အဆင့်ဆင့်တာဝန်ပေးချက်အရ ကညှော်ရဲကင်းစခန်းမှူးရဲအုပ်ယဉ်ထွေးမှစုံစမ်းရာ မချိုမာဆိုသူသည်ခင်ပွန်းဖြစ်သူစိုးမြင့်(၅၂)နှစ်နှင့်အတူ ထိုင်းနိင်ငံမှပြန်လည်ရောက်ရှိနေကြောင်း ရဲမှတ်တမ်းအရသိရသည်။

၎င်းတို့နေအိမ်သို့ ဇူလိုင်လ(၁၃)ရက်၊ မွန်းလွဲ(၃း၃၀)အချိန်ခန့်တွင် ချောင်းဆုံမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူး ဘုန်းနိင်၊ စခန်းမှူးဒုရဲမှူးလှခိုင်၊ ကညှော်ရဲကင်းမှူးရဲအုပ်ယဉ်ထွေး၊ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်လှိုင်မင်းသန်း နှင့်နယ်ထိန်အဖွဲ့ဝင်များ၊ ရဲမေတပ်ကြပ်သန်းသန်းဦး၊ကျေးရွာအုပ်ချုပ်ရေးမှူးဦးအာကာကျော်၊ ရွှေကျွမ်းကျင်မောင်မင်းဇော်နှင့်အတူဝင်ရောက်ရှာဖွေခဲ့ရာ အလေးချိန်(၂၄)ကျပ်သားခန့်ရှိ ရွှေထည်ပစ္စည်း(၁၉)မျိုး၊ မြန်မာငွေစက္ကူကျပ်(၅)သိန်း၊ ထိုင်းဘတ်ငွေ(၂၀)ကျပ်တန်(၂)ရွက်၊ မော်လမြိုင်မြို့၊ ရွှေပန်းခိုင်ရွှေဆိုင်မှရွှေဝယ်ဘောက်ချာ(၂၁)ရွက်၊ ရွှေအရောင်းအဝယ်ငွေလက်ငင်းဖြတ်ပိုင်း(၇)ရွက် တွေ့ရှိသိမ်းဆည်းရမိကြောင်းရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သိမ်းဆည်းရမိသောရွှေထည်ပစ္စည်းများနှင့် ငွေများအားမည်သို့ရရှိခဲ့ကြောင်းခိုင်လုံစွာပြောပြနိင်ခြင်းမရှိသဖြင့် ကျူးလွန်သည်ဟု ယူဆရသူ မချိုမာ(ခ)မဖုံးနှင့် ခင်ပွန်းဦးစိုးမြင့်တို့ (၂)ဦးအပေါ်ချောင်းဆုံမြို့မရဲစခန်းမှ(ပ)၁၆၂/၂၀၁၆၊ပြစ်မှုပုဒ်မ၃၈၀/၅၄ဖြင့်အမှုဖွင့်ကာ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.