မုဒုံ ဇူလိုင် ၁၇

မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာရှိ တိုးဂိတ်၌သတင်းအရစောင့်ဆိုင်းစဉ် ထိုင်းနိင်ငံသို့တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်ရန်ထွက်ခွာလာသည့်ချောင်းဆုံမြို့နယ်နေသူ(၁၀)ဦးအား ဇူလိုင်လ(၁၇)ရက်၊ ည(ရး၃၀)အချိန်တွင်တားဆီးနိင်ခဲ့ကြောင်းသတင်းရရှိသည်။

သတင်းအရ၊ အမှတ်(၉)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မော်လမြိုင်)မှတပ်ဖွဲ့စုမှူး ဒုရဲမှူး ဆန်းဦးနှင့်အဖွဲ့၊မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊မှုခင်းအကူဌာနစုမှရဲအုပ်ကျော်ဆန်းနှင့်အဖွဲ့၊မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှရဲအုပ်ဇော်ဝင်းအောင်နှင့်အဖွဲ့၊မုဒုံမြို့မရဲစခန်းမှဒုရဲအုပ်စိုးမင်းအောင်နှင့်အဖွဲ့နှင့်ချောင်းဆုံမြို့နယ်ရဲတပ်ဖွဲ့မှဒုရဲအုပ်လှိုင်မင်းသန့်နှင့်အဖွဲ့တို့သည်မုဒုံမြို့နယ်၊သာယာကုန်းတိုးဂိတ်၌မော်လမြိုင်မှထားဝယ်သို့ထွက်ခွာလာသည့်ကြယ်စင်ဟိန်းယာဉ်လိုင်းအားရပ်တန့်စစ်ဆေးပြီး မသကာၤဖွယ်ချောင်းဆုံမြို့နယ်နေသူ(၁၀)ဦးအား မုဒုံမြို့မရဲစခန်းသို့ခေါ်ယူကာမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

မသကာၤဖွယ်တွေ့ရှိရသည်(၁၀)ဦးသသည် တော်ပွန်ကျေးရွာမှအမျိုးသား(၃)ဦး၊ တော်ပွန်ကျေးရွာ အုပ်စု၊ ကွင်းပေါက်ကျေးရွာမှအမျိုးသား(၁)ဦး၊ နှီးမှုတ်ကျေးရွာမှအမျိုးသမီး(၁)ဦး၊ ဇီးကုန်းကျေးရွာမှ အမျိုးသား(၁)ဦး၊ကမနင်းကျေးရွာမှအမျိုးသား(၂)ဦးနှင့်အမျိုးသမီး(၂)ဦးတို့ဖြစ်ကြောင်းလည်းသိရသည်။

၎င်း(၁၀)ဦးသည်ချောင်းဆုံမြို့နယ်နေသူများဖြစ်ကြပြီးချောင်းဆုံမြို့နယ်၊ကမနင်းကျေးရွာနေ၊ဒေါ်ဟန်(ခ)ဒေါ်ငယ်(၅၀)နှစ်ခန့်ရှိသူသည်၊လွန်ခဲ့သော(၁၀)နှစ်ခန့်ကတည်းကထိုင်းနိင်ငံတွင်အလုပ်လုပ်ကိုင်ကာသွားရောက်နေထိုင်ခဲ့ပြီးမိုးဦးကျကောက်စိုက်ရာသီတွင်ပြန်လာလေ့ရှိကြောင်း၊ယခုနှစ်တွင်၎င်းလယ်၌ကောက်စိုက်ရန်ထွာသို့ပြန်လာစဉ်ထိုင်းနိင်ငံရှိလုပ်ငန်းခွင်များတွင်အလုပ်သွားရောက်လုပ်ကိုင်လိုသူရွားသားများမှ၎င်းထံသို့လာရောက်တွေဆုံအကူအညီတောင်ူသဖြင့်မိမိအစဉ်ဖြင့်လိုက်ခဲ့ကြရန်ရွာမှထားဝယ်မြို့အထိကိုယ့်စရိတ်နဲ့ကိုယ်ကျခံ၍လည်းကောင်း၊ထားဝယ်မြို့တွင်ဒေါ်ဟန်၏အသိတစ်ဦးမှလာကြိုခိုင်းမည်ဖြစ်ကြောင်း၊ထားဝယ်မှထိုင်းနိင်ငံလုပ်ငန်းခွင်အထိလမ်းစရိတ်အားဒေါ်ဟန်မှခေတ္တစိုက်ပေးမည်ဟုလည်းကောင်း၊ခရီးစရိတ်ငွေ(၃၂၀၀၀၀)စီအားထိုင်းနိင်ငံရှိလုပ်ငန်းခွင်သိုာရောက်ရှိပါကအလုပ်လုပ်ကိုင်ပြီးပြန်လည်ပေးဆပ်ရန်ပြောဆိုကာလွန်ခဲ့သော(၃)ရက်ခန့်ကဒေါ်ဟန်မှထိုင်းနိင်ငံပြန်သွားခဲ့ကြောငိး၊(၁၇၊၇၊၂၀၁၆)!ရက်နေ့၊ညနေ(၃)နာရီအချိန်ခန့်တွင်၎င်းတို့(၁၀)ဦးသည်မိမိတို့အစီစဉ်ဖြင့်ချောင်းဆုံမြို့မှထွက်ခွာလာခဲ့ရာမော်လမြိုင်ဈေးကြိုကားဝင်းသို့ထောက်ရှိပြီးညနေ(၆း၃၀)တွင်ထွက်မည့်မှန်လုံယာဉ်ဖြင့်ထွက်ခွာလာခဲ့ကြောင်း၊ကားလက်မှတ်ခအားတစ်ဦးလျှင်(၁၂၀၀၀)ကျပ်စီစု၍ဝယ်ယူခဲ့ကြောင်းထွက်ဆိုထားသည်။

ယင်းသို့ထွက်ဆိုစစ်ဆေးပေါ်ပေါက်ချက်အရ၎င်းတို့(၁၀)ဦးအားအလုပ်အကိုင်ရှာဖွေပေးရန်ကူညီခေါ်ဆောင်သူသည်ထိုင်းနိင်ငံတွင်သာမိသားစုနှင့်နေထိုင်အလုပ်လုပ်ကိုင်နေခြင်း၊သွားရောက်ကြသူများမှာလည်းမိမိအစီအစဉ်ဖြင့်မိမိတရားမဝင်သွားရောက်ကြခြင်ူဖြစ်၍လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရလည်းကောင်း၊ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရလည်းကောင်း၊အမှုဖွင့်အထေးယူရန်အချက်အလက်မခိုင်လုံပါသဖြင့်၎င်းတို့(၁၀)ဦးအားလူကုန်ကူးမှုမဖြစ်စေရေးကြိုတင်ကာကွယ်သည့်အနေဖြင့်ပညာပေးဟောပြောမှုများပြုလုပ်ဆောင်ရွက်ပြီးနေရပ်သို့ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောငိးလည်းရဲမှတ်တမ်းများအရသိရှိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.