ရေး ၊ ဇူလိုင် ၇

ရေးမြို့နယ်၊ အဘော်ကျေးရွာအုပ်စု၊ မွေးမြူရေးဇုံ၊ ကင်းဘုရားလမ်းမတွင် ဇူလိုင်လ ၇ ရက်နေ့၊ နံနက်ပိုင်း က စိတ်ကြွဆေးပြား ၇၂ ပြား ဖမ်းဆီးရမိခဲ့သည်ဟု ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်နှင့် ရေးမြို့နယ်စခန်းမှူး ဒုရဲမှူးမင်းဆွေတို့၏ စီစဉ်ညွှန်ကြားမှုဖြင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်နိုင် ဦးစီးအဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ ဇူလိုင်လ ၇ ရက်နေ့၊ နံနက် ၅ နာရီခန့်အချိန် ကင်းဘုရားလမ်းမတွင် စောင့်ဆိုင်းနေစဉ် မွန်းလေး(ခ)ဖိုးဇော် (၃၀)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းဝတ်ဆင်ထားသော D&G တံဆိပ်ပါ ဖြူပြာရောင်ဂျင်းဘောင်းဘီ၏ဝဲဘက်အိတ်အတွင်း အစိမ်းရောင် ကော်ဗူးထဲ၌ WY စာတမ်းပါ ပန်းရောင်

စိတ်ကြွရူးသွပ်ဆေးပြား (၆၆)ပြား၊ အလေးချိန်(၆.၆)ဂရမ်ခန့်၊ WY စာတမ်းပါ အစိမ်းရောင် စိတ်ကြွရူးသွပ် ဆေးပြား(၃)ပြား၊ အလေးချိန်(ဝ.၃)ဂရမ်ခန့်၊ စာတမ်းမပါသော ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား(၃)ပြား၊ အလေးချိန်(ဝ.၃)ဂရမ်ခန့်၊ စုစုပေါင်းဆေးပြား (၇၂)ပြား အလေးချိန် (၇.၂)ဂရမ်ခန့်အားတွေ့ရှိသဖြင့် သက်သေ များရှေ့တွင် သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ကြွဆေးပြားနှင့်အတူလက်ဝယ်တွေ့ရှိသူ မွန်လေး(ခ)ဖိုးဇော် အား ရေးမြို့နယ်ရဲစခန်းမှ မယ(ပ)၁၄/၂၀၁၆၊ မူး/စိတ်ပြောင်းပုဒ်မ-၁၅/၁၉(က)/၂၁ အရ အမှုဖွင့် ထားပြီး ကွင်းဆက်တရားခံအား ဆက်လက်စုံစမ်းဖမ်းဆီးလျက်ရှိနေကြောင်း သိရှိရသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.