ရေး ၊ ဇူလိုင် ၇

ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ (YSS – Ye Social Society)နှင့် ရန်ကုန်မြို့အခြေစိုက် စွမ်းရည်ရှေ့ ဆောင်လူမှုရေးအသင်း (CBI – Capacity Building Intitiative)တို့ပူးပေါင်းပြီး နိုင်ငံသားကောင်းသင်တန်း (Good Citizenship)ကို ဇူလိုင်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

ယင်းသင်တန်းကို ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ ရွှေဆံတော်ဓမ္မာရုံတွင် ဖွင့်လှစ်လျက်ရှိနေပြီး မြို့နယ် အတွင်းရှိ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၃၄ ဦးကို CBI မှနည်းပြများက ဆွေးနွေးပို့ချနေကြောင်း ရေးမြို့နယ်လူမှုအကျိုးဆောင် အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ပြောသည်။

“ ကျွန်တော့်တို့ဒေသကပြည်သူတွေ နိုင်ငံသားတစ်ဦးအနေနဲ့ သိသင့်သိထိုက်တဲ့ အကြောင်းအရာ၊ တာဝန် တွေ၊ ရပိုင်ခွင့်တွေကို နည်းပြများနဲ့ သင်တန်းသားသင်တန်းသူတွေက အပြန်အလှန် ဆွေးနွေးကြမှာပါ ” ဟု YSS အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက သံလွင်တိုင်းမ်သို့ ပြောသည်။

လာရောက်ဆွေးနွေပို့ချသည့် CBI မှ နည်းပြတစ်ဦးဖြစ်သူ ကိုသူရက “ လက်ရှိနိုင်ငံတကာမှာရှိတဲ့ ဒီမိုကရေ စီစနစ်နဲ့ကိုက်ညီတဲ့ စံနှုန်းတွေရယ်၊ ကိုယ့်နိုင်ငံရဲ့စံနှုန်းတွေရယ် ချိန်ထိုးကြည့်တဲ့ဟာပါမယ်။ ဥပဒေပိုင်း ဆိုင်ရာတွေမှာ ပြည်သူတွေသိသင့်တဲ့ ရဲလက်စွဲလိုဟာမျိုးပါမယ်။ ငြိမ်းစုစီနဲ့ပတ်သက်တာတွေအကြမ်းပါမယ်။ အဓိကကတော့ နိုင်ငံသားကောင်းတစ်ယောက်အနေနဲ့ ယူရမယ့်တာဝန်ပြန်ရမယ့်အခွင့်အလမ်း အဲဒီနှစ်ဖက်ကို အဓိကသင်သွားမယ်။ သင်တန်းတက်သူတွေအနေနဲ့ ကိုယ့်နိုင်ငံရေးအခြေအနေကို သတိပြုမိလာမယ်၊ နိုင်ငံ ရေးဆိုတာ စိတ်ဝင်စားဖို့မကောင်းဘူးဆိုတာကနေ စိတ်ဝင်စားဖို့ဆိုတာသိလာမယ်၊ အရေးကြီးဆုံးအချက်က တော့ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံအပေါ်မှာလုပ်ပေးရမယ့်တာဝန်ရှိတယ်ဆိုတဲ့ တာဝန်ဝတ္တရားရှိတယ် ဆိုတာသိသွားမယ် ” ဟု သံလွင်တိုင်းမ်၏ မေးမြန်းမှုကို ဖြေကြားသည်။

YSS အနေဖြင့် ၂၀၁၄ ခုနှစ်မှ ယနေ့အထိ လူထုအခြေပြုဖွံ့ဖြိုးရေး (Community Development)သင်တန်း၊ အသင်းအဖွဲ့ ဖွဲ့ဆိုင်ရာလုပ်ငန်းစနစ်များ၊ နိုင်ငံသားကောင်းသင်တန်းစသည့် (၈)ကြိမ်တိုင် CBI နှင့်ချိတ် ဆက်ကာ ဖွင့်လှစ်ပေးခဲ့ပြီးသလို Equality Myanmar အဖွဲ့နှင့်ချိတ်ဆက်ကာ လူ့အခွင့်အရေးဆိုင်ရာ သင်တန်းကိုလည်း (၂)ကြိမ်တိုင်ကိုလည်း ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.