မုဒုံ၊ ဇူလိုင် ၂

မုဒုံမြို့နယ်၊ ကွမ်ကဗွီးကျေးရွာ၊ ဝဲကလိကွင်း၊ ကွင်းအမှတ်၈၉၀(က)လယ်တဲတွင် ဇူလိုင်လ(၂)ရက်က အတင်းအဓမ္မသားမယားအဖြစ်ပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ လယ်တဲတွင် လယ်လုပ်သူ ဒေါ်———–(၅၆)နှစ်သည် တစ်ဦးထဲရှိနေစဉ် တစ်ရွာတည်းနေ၊ ကျူးလွန်သူဟု ယူဆရသူ ခင်မောင်ဝင်း(၃၄)နှစ် ကျဘမ်းလုပ်သူမှ ကျောတွင်ဓားတစ်ချောင်းအားလွယ်၍ ခန္ဓာကိုယ်ပေါ်သို့တက်ခွကာ ၎င်းတွင်ပါလာသော ဓားအားထုတ်၍မ အော်ရန်ပြောပြီးဝမ်းဗိုက်အားဓားဖြင့် ထောက်ကာဝတ်ဆင်ထားသောထမီအားဆွဲချွတ်ရာ ၎င်းမှဘာမှမလုပ်ရန်ပြောပြီး တဲအပြင်တွင်လူများရှိ /မရှိကြည့်ရန်နှင့် အပေါ့သွားချင်ကြောင်းယုံကြည်အောင်ပြောဆိုရာ ခင်မောင်ဝင်းမှ ၎င်း၏ကိုယ်ပေါ်တွင်ခွထားရာမှ ဖယ်ပေးစဉ် တဲအပြင်သို့ပြေးထွက်ပြီး အနီးပတ်ဝန်ကျင်ရှိ လယ်တဲများသို့အော်ဟစ်အကူအညီတောင်းခံကာ ၎င်းတဲအနီးရှိလယ်တဲတွင်ပုန်းအောင်းခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရှိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်——–အား အတင်းအဓမ္မသားမယားအဖြစ်ပြုကျင့်ရန်ကြံစည်ခဲ့သူဟု ယူဆရသူ ခင်မောင်ဝင်းအားဥပဒေအရ အရေးယူပေးရန် ကမာဝက်မြို့၊နယ်မြေရဲစခန်းသို့ဇူလိုင်လ(၃)ရက်နေ့က လာရောက်တိုင်တန်းသဖြင့် ခင်မောင်ဝင်းအားဖမ်းဆီးကာ ကမာဝက်နယ်မြေရဲစခန်းမှ(ပ)၂၅/၂၀၁၆၊ပြစ်မှုပုဒ်မ-၃၇၆/၅၁၁ဖြင့် အမှုဖွင့်ကာ ရဲအုပ်မင်းသီဟမှ ယင်းအမှုအားစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရ သည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.