မုဒုံ၊ ဇူလိုင် ၃

မုဒုံမြို့နယ်၊ ကွင်းပိုင်းကျေးရွာအုပ်စု၊ ကတုံးပေါ်ကျေးရွာတွင် အလိုမတူပဲ အဓမ္မအကြိမ်ကြိမ်ပြုကျင့် ကာ ထွက်ပြေးတိမ်ရှောင်သွားသူအား ဥပဒေအရအရေးယူပေးရန် မုဒုံမြို့၊မြို့မရဲစခန်းသို့ဇူလိုင်လ(၃)ရက်နေ့က လာရောက်တိုင်တန်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းရဲမှတ်တမ်းအရသိရှိရသည်။

ဖြစ်စဉ်မှာ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာမှ မ——–(၁၃)နှစ်သည် ရွာထဲသို့ငပိထောင်းသွားဝယ်ပြီး အချိန်တော်ကြာသည်အထိ ပြန်မရောက်သဖြင့် မိသားစုမှ လိုက်လံရှာဖွေရာ ရွာတောင်ပိုင်းရေကန်လမ်းတွင် တွေ့ရှိပြီး မေးမြန်းရာ မ——–(၁၃)နှစ်မှ ယင်းအား တစ်ရွာတည်းနေ ကျူးလွန်သူဟု ယူဆရသူ ပိုင်ထက် အောင်(၂၀)နှစ်က ကတုံးပေါ် ကျေးရွာ၊ ရွာဦးကွင်းလမ်း၊ ကုက္ကိုပင်အောက်အရောက်တွင် ရုတ်တရက်မှောင်ရိပ် ထဲမှ ထွက်လာပြီး ၎င်းအား သိုင်းဖက်၍ ပါးစပ်ပိတ်ကာ အနီးရှိ နေအိမ်ခြံဝိုင်းထဲရှိ ကောက်ရိုးပုံထဲတွင် သားမ ယားအဖြစ်(၂)ကြိမ်၊ ယင်းမှ တဆင့် အ.မ.ကကျောင်း အနောက်ဖက်ကပ်လျှက်ရှိ လူမနေသည့် အိမ်တွင် သား မယားအဖြစ် (၂)ကြိမ်ပြုကျင့်ပြီး ယင်းကျူးလွန်သူဟု ယူဆရသည့် ပိုင်ထက်အောင်မှ ထွက်သွားခဲ့ကြောင်း ရဲမှတ်တမ်းအရသိရ သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျေးရွာဆယ်အိမ်စုမှူးထံအကြောင်းကြားခဲ့ပြီး မ——— အား အလိုမ တူပဲ အဓမ္မပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ကျူးလွန်သူဟု ယူဆရသည့် ပိုင်ထက်အောင် (၂၀)နှစ်အား အရေးယူပေးပါရန် လာရောက် တိုင်တန်းခဲ့ကြောင်း သိရသည်။

အဆိုပါတိုင်တန်းမှုနှင့် ပတ်သက်၍ မုဒုံမြို့မရဲစခန်းမှ(ပ)၉၃/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၇၆ဖြင့် သတင်းချက်ရေးဖွင့်ပြီး ရဲအုပ်ဝင်းဇော်ဌေးမှ အမှုအားစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.