ပေါင်၊ ဇွန် ၂၈

ဇင်းကျိုက်ရေတံခွန်သို့လာရောက်လည်ပတ်ခဲ့ပြီး သထုံမြို့သို့ပြန်သည့် လူငယ်နှစ်ဦးစီးလာသောဆိုင်ကယ်တစ်စီးမှာ မျက်နှာချင်းဆိုင်မှလာသည့်ကားတစ်စီးကိုတိုက်မိခဲ့၍ ကားကြိတ်ခံရပြီး နေရာ၌ပင်နှစ်ဦးစလုံးသေဆုံးခဲ့မှု ပေါင်မြို့ကတွန်ကျေးရွာတွင် ဇွန်လ၂၈ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Untitled-2

ဇင်းကျိုက်ရေတံခွန်မှ သထုံမြို့သို့ပြန်ခဲ့စဉ် ဆိုင်ကယ်ကို ရဲကျော်မင်း အသက်၂၀နှစ်မောင်းနှင်လာပြီး နောက်တွင် မောင်စံဝင်း အသက်(၂၀)နှစ်ထိုင်၍ လိုက်ပါလာသည့် နံပတ်ပြားမပါ Hondor Wave 100ခဲရောင်ဆိုင်ကယ်မှာ ရန်ကုန်မော်လမြိုင်ကားလမ်းအတိုင်းမောင်းလာစဉ်ကတွန်ကျေးရွာရှိ မိုင်တိုင်အမှတ် ၁၆၄/၂အနီး အလက ကတွန်ကျောင်းမျက်နှာစာရှေ့သို့အရောက်တွင်လမ်းကွေ့အနေအထားဖြစ်နေ၍အရှိန်မထိန်းနိုင်ပဲမျက်နှာချင်းဆိုင်မှယာဉ်ကြောအတိုင်း ယာဉ်မောင်းအောင်ဝင်းခိုင်မောင်းလာသော 3E/5781 “ကန်တာ”အမျိုး အစားအဖြူရောင်ကားကိုတိုက်မိခဲ့ပြီးကားအောက်သို့ ရောက်ရှိကြိတ်မိခဲ့သည်။

ထိုသို့ကြိတ်မိပြီးဆိုင်ကယ်မောင်းသူမောင်ရဲကျော်မင်းနှင့်နောက်ကထိုင်လာသူမောင်စံဝင်းတို့နှစ်ဦးလုံး ဦးခေါင်းကွဲ၍ ခြေလက်များကျိုးသည့်အနေအထားများဖြင့် သေဆုံးခဲ့သည်။

“ကျွန်တော်ရောက်လာတော့ကားရှေ့ဘီးအောက်မှာကြိတ်ထားတဲ့လူတစ်ယောက်၊လမ်းမပေါ်မှာဆိုင်ကယ်ဘေးမှာတစ်ယောက်သေနေကြပြီ၊ရဲကိုအကြောင်းကြားပေးလိုက်တယ်၊ဆိုင်ကယ်သမားကသူများလမ်းကြောင်းထဲရောက်သွားတာပါ၊ရေတံခွန်ကပြန်လာတဲ့ကောင်လေးတွေလို့တော့သိရပါတယ်” ဟုကတွန်ကျေးရွာ အုပ်ချုပ်ရေးမှုးဦးငွေစိုးက ၎င်းသိသမျှ ကိုပြောဆိုခဲ့သည်။

သေဆုံးသူ (၂)ဦးစလုံးမှာ သထုံမြို့၊ ဘင်လိုင်ရပ်ကွက်မှ ကရင်လူမျိုး အသက်၂၀အရွယ်လူငယ်များဖြစ်ကြောင်း၎င်းတို့၏မိသားစုများကိုပေါင်ဆေးရုံ၌တွေ့ဆုံမေးမြန်းသိရသည်။

အမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆိုင်ကယ်မောင်းလာသူဖြစ်သည့် ရဲကျော်မင်း (ဘ) ဦးနန်းတိ ဘင်လိုင်ရပ်သထုံ မြို့နယ်နေသူကို ရဲအုပ်တင့်လွင်ကတရား လိုပြုလုပ်တိုင်တန်းချက်အရ ပေါင်ရဲစခန်း၏ယာဉ်(ပ) ၄၂ /၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၄(က)အရအမှုဖွင့်အရေးယူစစ်ဆေးနေသည်။

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.