မော်လမြိုင်၊ ဇူလိုင် ၁

အာဇာနည်နေ့အထိမ်းအမှတ် ကဗျာစာအုပ်ထုတ်ဝေရန် ပြင်ဆင်လျက်ရှိကြောင်း ကဗျာစာအုပ် စီစဉ်နေ သူ ကဗျာဆရာဂိုးဂိုးမောရမြိုင်ထံမှသိရသည်။

Untitled-2

“မော်လမြိုင်က ကဗျာဆရာအပါအဝင် တခြားနယ်မှ ဝါသနာတူကဗျာဆရာများ ပူးပေါင်းပြီး ဇူလိုင် ၁၉ ကို ကိုယ်စားပြုသည့်အနေဖြင့် စုစုပေါင်း လူ(၁၉)ဦးက စုပေါင်းပြီးပြုလုပ်တာပါ”ဟု ပြောသည်။

ကဗျာစာအုပ်ကို အချိုးကျထည့်ဝင်ငွေဖြင့်ပြုလုပ်ခြင်းဖြစ်ပြီး စာအုပ်တွင် ကဗျာဆရာ(၁၉)ဦး ပါဝင်ရေး သားထားသော ကဗျာ(၃၇)ပုဒ်ပါဝင်မှာဖြစ်ကြောင်း၊ ကဗျာရှည်များအပြင် အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုရေးသား ထားသော အာဇာနည်နေ့ဂုဏ်ပြုကဗျာများလည်း ပါဝင်မှာဖြစ်ကြောင်း သိရသည်။

“အလျင်မြန်စီစဉ်ရတာဖြစ်သည့်အတွက်မြန်မြန်နှင့် အမှားနည်းအောင် စာအုပ်အရည်အသွေး ပြည့်မှီအောင်ဦးစားပေးဆောင်ရွက်သွားမှာပါ ကဗျာတွေလည်း လက်ရာစုံမြင်ရမှာပါ”ဟု စီစဉ်သူ ကဗျာဆရာ ဂိုးဂိုးကပြောသည်။

စာအုပ်တွင်ပါဝင်သော ကဗျာဆရာများမှာ မော်လမြိုင် သထုံ ဇင်းကျိုက် နေပြည်တော် တမူး လာရှိုး မူဆယ် မန္တလေး မြဝတီမှ ဖြစ်ကြကြောင်း သိရသည်။

စာအုပ်ထုတ်ဝေရခြင်း ရည်ရွယ်ချက်မှာ ကဗျာရေးသူဝါသနာတူချင်း ပိုမိုရင်းနှီးလာစေရန်နှင့် မြန်မာ ပြည်ရဲ့ အထင်ကရ အာဇာနည်နေ့ကို ပိုမိုသတိရပြီး မမေ့မလျော့စေရန် ရည်ရွယ်ကြောင်းလည်းသိရသည်။

စာအုပ်ကို ဇူလိုင်လ(၁၅)ရက်နေ့တွင် မိန်းကလေးစာအုပ်တိုက်မှ မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိသွား မည်ဖြစ်ပြီး တစ်အုပ်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

သတင်း – သံလွင်တိုင်းမ် (ပုံပါ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.