သံဖြူဇရပ် ဇွန် ၂၆

သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီနယ်မြေရဲစခန်းအပိုင်၊ နှစ်ကိုင်ကျေးရွာလမ်းဝတွင် သတင်းအရစောင့်ဆိုင်း စဉ် ထိုင်းနိင်ငံသို့တင်ပို့မည့် တရားမဝင်နွားများကားဖြင့်သယ်ဆောင်လာစဉ်ဖမ်းဆီးရမိကြောင်းသိရှိရသည်။
Untitled-1Untitled-1

ဖြစ်စဉ်မှာကျိုက္ခမီနယ်မြေရဲစခန်းမှဒုရဲအုပ်ကျော်ဆန်းနှင့်တပ်ဖွဲ့ဝင်များသည်သံဖြူဇရပ်မြို့နယ်၊နှစ်ကိုင်းကျေးရွာအတွင်း၌တရားမဝင်နွားများအားထိုင်းနိင်ငံသို့တင်ပို့ရောင်းချနေကြောင်းသတင်းအရအဆိုပါကျေးရွာ ထိပ်တွင် ဇွန်လ(၂၃)ရက်နေ၊မွန်းလွဲ(၂း၃၀)အချိန်ခန့်တွင်စောင့်ဆိုင်းနေစဉ်ကျေးရွာအတွင်းမှ မောင်းနှင်ထွက်လာသည့် ISUZU အမျိုးအစား (၆) ဘီးမော်တော်ယာဉ် 3L/7O……အားရပ်တန့်စစ်ဆေးရာယာဉ်ပေါ်၌ နွားထီး (အဖြူရောင်)(၆)ကောင်အားတွေ့ရှိရပြီး သံဖြူဇရပ်မြို့၊အောင်ဇေယျရပ်ကွက်၊တိုးချဲ့(၆)လမ်းနေသက်ဇော်မင်း (ခ)ကိုတရုတ်(၃၅)နှစ်(ယာဉ်မောင်းနှင့် သံဖြူဇရပ်မြို့နယ်၊ မြမာလာကျေးရွာနေဦးရွှေသွင်(၅၄)နှစ်စီးနင်းလိုက်ပါလာသူများအား စစ်ဆေးနေစဉ် သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်ကျေးရွာ၊အေးသာယာရပ်ကွက်နေဦးကျော်ငြိမ်း (၆၆)နှစ်ထပ်မံရောက်ရှိလာသဖြင့် ၎င်းတို့(၃)ဦးအား နှစ်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ဆောင်ခဲ့ကြောင်း ရဲမှတ်တမ်းအရသိရှိရသည်။

ယာဉ်ပေါ်ရှိ နွားထီး(၆)ကောင်အား ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာနေ ကိုဖိုးတူးက ဝယ်ယူခိုင်းစေခဲ့ပြီး ထိုင်းနိင်ငံသို့ပို့ဆောင်ရောင်းချရန်အတွက် အနန်းကွင်းကျေးရွာသို့တင်ဆောင်မောင်းနှင်လာခြင်းဖြစ်သည်ကိုစစ်ဆေးတွေ့ရှိရသည့်အပြင် ဦးကျော်ငြိမ်းက နွားထီး(၂)ကောင်အား (၁၂)သိန်း ကျပ်ဖြင့် မုဒုံမှလည်းကောင်း၊ နောက်ထပ် နွား(၃)ကောင်အား(၁၆)သိန်းကျပ်ဖြင့်မြမာလာကျေးရွာမှလည်းကောင်း၊ ကျန်(၁)ကောင်အား (၇)သိန်းကျပ်ဖြင့် နှစ်ကိုင်းကျေးရွာမှလည်းကောင်း စုစုပေါင်း(၃၅)သိန်းကျပ် ဖြင့် ဝယ်ယူခဲ့ကြောင်းလည်းသိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍၎င်းတို့(၃)ဦးအားကျိုက္ခမီနယ်မြေရဲစခန်းမှ(ပ)၇၅/၂၀၁၆၊အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ဖြင့်အမှုဖွင့်အရေးယူထားပြီးကွင်းဆက်တရားခံဟုယူဆရသူများအားလည်းဖမ်း ဆီးရမိရေးအတွက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြကြောင်းလည်းသိရသည်။

သတင်း – ကျဲရောဒ့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.