ရေး ၊ ဇွန် ၂၆

ရေးမြို့နယ်၊ လမိုင်းမြို့၊ မော့ကနင်ကျေးရွာအုပ်စုအတွင်း ဇွန်လ ၂၆ ရက်နေ့ညပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား များဖမ်းဆီးရမိခဲ့သည်ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က သံလွင်တိုင်းမ်သို့ ပြောသည်။

“ ည ၇ နာရီ ၃၀ အချိန်ပေါ့၊ လမိုင်းနယ်မြေစခန်း၊ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ထွန်းယုဇော်နဲ့အဖွဲ့က မူးယစ်
သတင်းအရ မော့ကနင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့နဲ့အတူ မော့ကနင်ကျေးရွာ၊ ကားဆိပ်ရပ် ကွက်နေ အောင်ကိုကိုဝင်း အသက်(၁၉)နှစ်နေသူရဲ့နေအိမ်ကို မူးယစ်ဆေဝါးရှာဝရမ်းအမှတ် (၇/၁၆)နဲ့ ရှာဖွေခဲ့ပါတယ် ” ဟု ၎င်းက ပြောသည်။

ထိုသို့ရှာဖွေရာတွင် အောင်ကိုကိုဝင်းကို ၎င်း၏နေအိမ်ရေကန်ဘေးတွင် အသင့်တွေ့ရှိရပြီး ၎င်း၏ဘေးမှ အနက်ရောင်ဖြူနီစင်းကြားပါ လွယ်အိတ်ငယ်အတွင်းတွင် အိတ်အနက်ရောင့်ဖြင့်ပတ်ထားသော ကော်ဘူး ငယ်အတွင်း အပြာရောင်ကပ်ခွာပလတ်စတစ်အိတ်ဖြင့်ထည့်လျက် R စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား
(၁)ပြား၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၂၇)ပြား စုစုပေါင်း (၂၈)ပြား အလေးချိန် (၂.၈)ဂရမ်အား
သိမ်းဆည်းရမိခဲ့သည်ဟု ရဲမှူးမြင့်သော်က သံလွင်တိုင်းမ်သို့ ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သူ အောင်ကိုကိုဝင်း (၁၉)နှစ်အား
မယ(ပ)၅/၂၀၁၆၊ မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၀ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

လမိုင်းမြို့၊ ဒုံဖီကျေးရွာအုပ်စု၊ စံပြကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ကလည်း တပ်မတော်နှင့် ကေအန်ယူ တပ်မဟာ(၆)ပူးပေါင်းအဖွဲ့ဖမ်းဆီးမှုကြောင့် စိတ်ကြွဆေးပြား (၁၄၃)ပြားကို ဖမ်းဆီးရမိမှု ဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။
သတင်း – ရဲနိုင်ဦး (ပုံမပါ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.