#Denverschool ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်ပြည်ထောင်စု Denver Public Schools (ဒင်းဗားအစိုးရကျောင်း များ) က ကိစ္စတော်တော် များများကို ကျနော် ဘာသာပြန်ခဲ့ရပါတယ်။ အကြောင်းကတော့ မြန်မာနယ်စပ်က ဒုက္ခသည်ကလေး အတော်များများ သူတို့ဆီရောက်သွားတော့ ဒီကလေးတွေအရေး ကျောင်းသား-မိဘနဲ့ ကျောင်းဆက်ဆံရေးကိစ္စတွေ လိုအပ်လာပါတယ်။ ဒါနဲ့ သူတို့က ကိစ္စအတော်များများကို ဘာသာပြန်ပစ်ပါ တယ်။ အဲသည်တော့ ကျနော်လည်း ဝင်ငွေ ဖြောင့်ပါတယ်။ ကောင်းကျိုးတစ်ခုအနေနဲ့ ကျနော်က အမေရိကန် ပညာရေးစနစ်ကို အနည်းငယ် တီးမိခေါက်မိ ရှိလာခဲ့ပါတယ်။ ဒီကိစ္စတွေကို အသေးစိတ် သိချင်ရင် သူ
တို့ ဝက်ဘ်ဆိုဒ် Denver Public Schools ဆိုပြီး ဂူးဂဲလ်လုပ် ရှာဖွေကြည့်နိုင် ပါတယ်။ ပညာရေးနဲ့ ပတ်သက်လို့ နည်းနည်းပါးပါးရေးမယ် ကတိရှိထားတော့ကာ၊ သူတို့ဆီက သင်ရိုးညွှန်းတမ်းသဘော၊ ဘယ်အတန်းမှာ ကလေးတွေ ဘာတွေ တတ်မြောက်သင့်တယ် ဆိုတဲ့ကိစ္စတွေ ရှယ်ပေးမယ် စိတ်ကူးမိပါတယ်။ နှိုင်းယှဉ် ကြည့်ရတာပေါ့လေ။ သတိပြုဖို့ကတော့ သူတို့က အမေရိကန်လူ့အဖွဲ့အစည်းအတွက် ရည်ရွယ်ရေးဆွဲထား တယ် ဆိုတာပါပဲ။
ပထမတန်း (Grade 1) ကလေးတွေ ဘာတတ်မြောက်သင့်သလဲ။
ဘာသာစကားအနုပညာ (Language Art)
ဝေါဟာရအသစ်များ အသုံးပြုခြင်း၊ စာသား အမျိုးမျိုးကို နားလည်ခြင်း၊ • ပုံပြင်ဇာတ်လမ်းကို ဖတ်၍၊ ပုံပြင်ထံမှ သင်ခန်းစာ၊ သို့မဟုတ် ကျင့်ဝတ်ဆိုင်ရာ ကိစ္စ နားလည်ကြောင်း ပြသခြင်း။ • ပုံပြင်ဇာတ်လမ်းနှင့် ပတ်သက်၍ ဇာတ်ကောင်များ၊ နောက်ခံကြောင်းရာ နှင့် အဓိကဖြစ်ရပ်များ အပါအဝင်ကို မေးခွန်းများ မေးခြင်း၊ ဖြေဆိုခြင်း။ • မတူသည့် ဇာတ်ကောင်များ၏ အတွေ့အကြုံ များကို နှိုင်းယှဉ်ခြင်း၊ ကွဲပြားမှုရှာကြည့်ခြင်း။ • အချက်အလက် တစ်ခုကို ပံ့ပိုးနိုင်ရန် စာရေးဆရာ ပေးလိုသည့် အကြောင်းအချက်ကို ဖော်ပြပါ။ • ပုံပြင်ဇာတ်ကြောင်း ပြောပြ သည့် စာသား နှင့် သတင်းကိုပေးသည့် စာသား ကွာခြားမှုများကို ရှင်းပြခြင်း။ • ဝေါဟာရအသစ်များကို လေ့လာခြင်း၊ အသုံးပြုခြင်း။ • နားထောင်ခြင်း၊ အခြားသူများ ပြောသည်ကို တုံ့ပြန်ပြောဆိုခြင်း၊ မေးခွန်းများ မေးခြင်းဖြင့် စာသင်ခန်းတွင်း ဆွေးနွေးမှုများတွင် ပါဝင်ခြင်း။ • ခံစားချက်နှင့် အိုင်ဒီယာ အမြင်များကို ရှင်းလင်း စွာ ဖော်ပြသည့် လူများ၊ နေရာများ၊ ပစ္စည်းများ၊ ဖြစ်ရပ်များကို ဖော်ပြခြင်း။ • အပြောနှင့် အရေး အင်္ဂလိပ်စာ၏ အခြေခံ ဥပဒေသများကို လေ့လာခြင်း။ • ခေါင်းစဉ်တစ်ခုနှင့် ပတ်သက်၍ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက် ကာ အချက်အလက် စုဆောင်းခြင်း၊ သတင်း စုဆောင်းခြင်း။ • ဖြစ်ရပ်၊ ခေါင်းစုံတစ်ခုကို ဖော်ပြသည့် သတင်း၊ သို့မဟုတ် အမြင်အိုင်ဒီယာကို ဖလှယ်ဝေငှသည်တို့ ရေးသားခြင်း။ • ခေါင်းစဉ်တစ်ခုအပေါ် ရေးသားခြင်း။ အချက်အလက် တစ်ချို့၊ အစ-အဆုံး စသည့် အချက်များ ဖော်ပြရန် လိုအပ်သည်။
သင်္ချာ
120 အထိ ရေတွက် ခြင်း၊ ဂဏန်း ၂-လုံးပါ နံပါတ်များကို နှိုင်းယှဉ်ခြင်း၊ သင်္ချာ လက္ခဏာ အမှတ်အသားများကို နားလည်ခြင်း။ • စုစုပေါင်း 10 သို့မဟုတ် ထိုထက်နည်းသည် ကို အမြန်နှင့် မှန်ကန်စွာ ပေါင်းခြင်း၊ 10 မှ နှုတ်ခြင်း။ (ဥပမာ 2+5, 7–5) • အပေါင်း၊ အနှုတ် ပုစ္ဆာများကို ပေါင်းစေခြင်း၊ ထုတ်ယူခြင်း၊ အတူပေါင်းထည့်ခြင်း၊ ယူဆောင်သွားခြင်း၊ နှိုင်းယှဉ်ခြင်းတို့ဖြင့် ဖြေရှင်းစေခြင်း။ ဥပမာ-အခြေအနေတစ်ခု မှ ရယူသည့်မေးခွန်း၌ “စားပွဲပေါ်တွင် ပန်းသီး ၅-လုံး ရှိသည်။ မိမိက ပန်းသီးအချို့ စားလိုက်သည်။ ပန်းသီး ၃-လုံး ကျန်သည်။ မိမိက ပန်းသီးမည်မျှ စားလိုက် သနည်း။” • ဂဏန်း ၂-လုံးပါ ကိန်းဂဏန်းများတွင် မတူသည့် ဂဏန်းများသည် မည်သည့် အဓိပ္ပါယ်ရှိသည်ကို နားလည်ခြင်း။ (နေရာ ထားခြင်း၏ တန်ဖိုးပြောင်းလဲမှု) • သင်္ကေတကိုသုံး၍ ဂဏန်း ၂-လုံးပါ ကိန်းဂဏန်း များကို နှိုင်းယှဉ်ခြင်း။ > (ပိုများသည်)၊ = (တူညီသည်) နှင့် < (ပိုနည်းသည်)။ p ညီတူသည့် သင်္ကေတ (=) ကို နားလည်ခြင်း နှင့် အပေါင်း၊ သို့မဟုတ် အနှုတ်ဖြင့် ဖော်ပြထားချက်များကို မှား-မှန် ဆုံးဖြတ်ပေးခြင်း။ (ဥပမာ- မည်သည့် ဖော်ပြချက်သည် မှန်ကန်ပါသနည်း။ 3+3=6, 4+1=5+2) • ဂဏန်းတစ်လုံးနှင့် ဂဏန်း နှစ်လုံး ပေါင်းခြင်း။ • 120 ထက်နည်းသော မည်သည့်ဂဏန်း မဆိုမှနေ၍ စတင်ပြီး 120 အထိ ရေတွက်ခြင်း။ • အချိန်ကို နာရီများနှင့် နာရီဝက်များအတိုင်း ပြောစေခြင်း၊ ရေးသားခြင်း။ • ပို၍တိုသော အရာဝတ္ထုကို အသုံး၍၊ အရှည် အတိုင်းအတာယူနစ်ကို တိုင်းတာခြင်း။ • အရာဝတ္ထုများကို အမျိုးအစားအလိုက် ခွဲခြား၍ မျိုးမတူသော အုပ်စုများရှိ အရေအတွက်ကို နှိုင်းယှဉ်ခြင်း။ • စက်ဝိုင်းနှင့် လေးထောင့် စတုဂံများကို တစ်ဝက် နှင့် လေးပုံ တစ်ပုံအဖြစ် ပိုင်းခြားခြင်း။ သိပ္ပံ အစိုင်အခဲနှင့် အရည်တို့၏ ဂုဏ်သတ္တိများ၊ ရာသီဥတု ပြောင်းလဲမှုများ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ သိပ္ပံ (ဂုဏ်သတ္တိများ ကို စစ်ဆေး ဖော်ထုတ်ခြင်း) • အစိုင်အခဲနှင့် အရည်တို့တွင် မတူထူးခြားသည့် ဂုဏ်သတ္တိရှိ၍ ကွဲပြားကြောင်း နားလည်စေခြင်း။ • အစိုင်အခဲနှင့် အရည်တို့၏ မတူသည့် ဂုဏ်သတ္တိကို လေ့လာခြင်းဖြင့် ယင်းတို့ကို မည်သို့ အသုံးချရမည်ကို နားလည်စေသည်။ ဥပမာ- တံတားတစ်ခု ကို တစ်သျှူးစက္ကူဖြင့် ဆောက်၍ မရနိုင်ပါ။ ယင်းမှာ လုံလောက်အောင် ခိုင်မာမှု မရှိပါ။ သက်ရှိသိပ္ပံ (တိရစ္ဆာန် များနှင့် သူတို့၏ လိုအပ်ချက်များ) • မွေးကင်းစများ သည် သူတို့၏ မိဘများနှင့် ကြန်အင် လက္ခဏာ တူညီ သော်လည်း၊ အတိအကျ တူညီခြင်း မရှိသည်ကို လေ့လာပါ။ (ဥပမာ- မိဘ၏ မျက်လုံး အရောင်သည် ကလေး များနှင့် ခြားနားနိုင်သည်။) • သက်ရှိပစ္စည်းများ ဆိုသည်မှာ အသက်ရှင်နေကြောင်း၊ ယင်းတို့တွင် ရှင်သန်နေရန် ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိ ရှိနေကြောင့် လေ့လာပါ။ ကမ္ဘာမြေစနစ် သိပ္ပံ (ရာသီဥတုများကို စစ်ဆေးလေ့လာ ခြင်း) • ရာသီဥတု နှင့် ဥတုများပြောင်းလဲခြင်းက သဘာဝ ပတ်ဝန်းကျင် နှင့် သက်ရှိများ၊ (ဥပမာ-လူများ၊ အပင်များ၊ တိရစ္ဆာန်များ) အပေါ် သက်ရောက်ကြောင်း နားလည်စေခြင်း။ • ရာသီဥတု ပြောင်းလဲမှုအပေါ် သက်ရှိ နေသောအရာများက မည်သို့ချိန်ညှိ ပြောင်းလဲကြောင်း လေ့လာခြင်း။ (ဥပမာ ဝက်ဝံများက ဆောင်းခို အိပ်စက်ကြ၍၊ လူများက ဆောင်းရာသီတွင် အနွေးထည် ကုတ်များ ဝတ်ဆင်ကြသည်။) လူမှုရေးလေ့လာမှု (Social studies) အချိန်အပိုင်းအလိုက် ဖြစ်စဉ်များ၊ ပြက္ခဒိန်၊ ယဉ်ကျေးမှုဆိုင်ရာ သင်္ကေတများကို နားလည်ခြင်း၊ • အချိန်ပိုင်းအလိုက် ရှေ့နောက်ဖြစ်စဉ် သဘောတရားကို နားလည်ခြင်း။ • ဘဝဖြစ်စဉ်များကို အချိန်ပိုင်းအလိုက် စီစဉ်ပေးပါ။ • နေ့ရက်၊ အပတ်၊ လများနှင့် မှတ်သားဖွယ် ဖြစ်ရပ်များ အပါအဝင် ပြက္ခဒိန်တစ်ခု၏ ပါဝင်သည့်ကိစ္စများကို သတ်မှတ်ဖော်ပြပါ။ • အချိန်၊ ဖြစ်စဉ်၊ အပြောင်းအလဲနှင့် ပတ်သက်သည့် ဝေါဟာရများကို အသုံးပြုခြင်း။ • အမေရိကန်ပြည်ထောင်စုတွင် အတိတ်က မိသားစုနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖြစ်ရပ်များကို နားလည်စေခြင်း။ • သတ္တိပြောင်မြောက်သည့် ခေါင်းဆောင်များ အဖြစ် ပြသခဲ့သော နာမည်ကျော် အမေရိကန်များကို သတ်မှတ် ဖော်ထုတ်ခြင်း။ • နိုင်ငံ (အမျိုးသား) သင်္ကေတများ၊ ဥပမာ- အမေရိကန်အလံ၊ ခေါင်းတုံးလင်းယုန်ငှက်၊ လစ်ဘာတီရုပ်ထု၊ အိမ်ဖြူတော်… စသည်တို့၏ အဓိပ္ပါယ်ကို ဖော်ထုတ်ပါ။ ရှင်းပြစေပါ။ • ပထဝီဆိုင်ရာ ကိရိယာများကို လေ့လာ သင်ယူပါ။ ဥပမာ- နေရာများကို ကိုယ်စားပြုသော မြေပုံများ၊ သို့မဟုတ် ကမ္ဘာလုံး။ • မြေပုံပေါ် သို့မဟုတ် ကမ္ဘာလုံးပေါ်တွင် ကုန်း (မြေ) နှင့် ရေကို ခွဲခြားခိုင်းပါ။ • နေရာကို အတိအကျသိနိုင်ရန် လူများက လိပ်စာများကို တီထွင်ဖန်တီးကြောင်း၊ အလွတ်မှတ်ထားကြကြောင်း နားလည်စေပါ။ လိပ်စာသည် လူနာတင်ကား တစ်စင်း နေရာရှာဖွေရန်၊ သို့မဟုတ် စာလက်ခံရန် လိုအပ်သည်။ • မတူသော အုပ်စုများ၊ လူမှုအသိုက်အဝန်းများမှ သူများသည် အချင်းချင်းသော်လည်းကောင်း၊ ဝန်းကျင် နှင့်သော်လည်းကောင်း တုံ့ပြန်ဆက်သွယ် ကြသည်ကို လေ့လာပါ။ • ကိုယ်ကာယ ရုပ်ပိုင်းနှင့် ယဉ်ကျေးမှု ကြန်အင်လက္ခဏာများအရ လူမှုရပ်ရွာ လှုပ်ရှားမှုများ မည်သို့ခြားနားကြောင်း ဖော်ထုတ်ပါ။ (ဥပမာ- တောင်ပေါ်တွင် လျှောစီးခြင်း) • လူများက မတူကွဲပြားသည့် အလုပ်အမျိုးမျိုး လုပ်ကိုင်ကြပြီး၊ မတူသည့် အဖွဲ့အစည်းများတွင် ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ပေးရန်၊ ဝင်ငွေရရန် လုပ်ကိုင်နေကြောင်း လေ့လာပါ။ နောက်အတန်းများ ဆက်လက်ဖော်ပြပါမည်။