သတင်းနှင့် ဓါတ်ပုံ - ဝရဇိန် (ပေါင်) (ဓါတ်ပုံအညွှန်း - ပေါင်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး)

ပေါင်၊ မေ ၃၀
ပြည်သူများ၏လိုအပ်ချက်များအားOne Stop Shop စနစ်ဖြင့်တစ်နေရာတည်း၌ပြီးစီးနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသောပြည်သူ့ဝန်ဆောင်မှု (OSSရုံး)များတွင် ဌာနဆိုင်ရာများလာရောက် တာဝန် ထမ်းဆောင်မှုမရှိတော့သဖြင့် စည်းကမ်းစနစ်တကျဖြစ်အောင် ဌာနဆိုင်ရာများကိုခေါ်ယူသတိပေး သွားမည် ဟု ပေါင်မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမောင်မောင်နိုင်က ပြောသည်။

သတင်းနှင့် ဓါတ်ပုံ - ဝရဇိန် (ပေါင်) (ဓါတ်ပုံအညွှန်း - ပေါင်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး)
သတင်းနှင့် ဓါတ်ပုံ – ဝရဇိန် (ပေါင်) (ဓါတ်ပုံအညွှန်း – ပေါင်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး)

” One Stop Shop စနစ်ပေါ့။ တစ်နေရာထဲက ဈေးဆိုင်မှာဈေးဝယ်သလို လိုတာအကုန်ရအောင် ရည်ရွယ်ချက် (၄)မျိုးနဲ့ ဖွင့်ပေးထားတာပါ။ အခုလိုလျော့ရဲနေမှုကတော့ ပါဝင်တဲ့ဌာနဆိုင်ရာတွေကိုခေါ်ပြီး သတိပေးမယ်၊ စည်းနဲ့ကမ်းနဲ့ဖြစ်အောင်လုပ်သွားဖို့ရှိပါတယ်”ဟု ပြောသည်။

ပြည်သူ့ဝန်ဆောင်မှု (OSS)ရုံးများတွင် အထွေထွေအုပ်ချုပ်ရေး၊ ရဲ၊ မီးသတ်၊ လျှပ်စစ်၊ အခွန်၊ စည်ပင်၊ ကျန်းမာရေး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း၊ လဝက ဌာန(၉)ခုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှုးရုံးများတွင် ဖွင့်လှစ်ဆောင်ရွက်နေပြီး တစ်နေရာတည်း၌ အားလုံးအပြီးဝန်ဆောင်မှုပြုလုပ်ပေးနိုင်ရန် ဖွင့်လှစ်ထားခြင်းဖြစ် ကြောင်း သိရသည်။

“သူတို့ကဘာပဲပြောနေပြောနေ၊ ပွဲပါမစ်သွားလုပ်တာတောင် ကျန်းမာရေးကလည်း ဆေးရုံကိုသွားအုံး တဲ့။ မီးသတ်ကလည်းရုံးကိုသွားလိုက်အုံးတဲ့။ စည်ပင်ကလည်းသူ့ရုံးကိုပဲပြန်လွှတ်တယ်၊ ပွဲပါမစ်လေးတစ်ခုကို တောင်ပြီးအောင်မလုပ်ပေးနိုင်ပါဘူး “ဟု ကျခတ်ငူကျေးရွာတွင် ဘုရားပွဲ၌အငြိမ့်ဖြင့်ဖျော်ဖြေရန်ပွဲပါမစ် လာ လုပ်သူ ဦးဇင်း တစ်ပါးက ဝေပြောသည်။

“ရုံးသွားတဲ့အခါ လုပ်ငန်းက မပြီးဘူး။ မူရင်းဌာနရုံးကိုသွားပြီး အဆုံးအဖြတ်ပေးနိုင်တဲ့ အရာရှိနဲ့ တွေ့ ဆုံဆောင်ရွက်မှသာ လုပ်ငန်းပြီးစီးတာ”ဟု ပေါင်မြို့နယ်က မင်းဝင်းထွန်းကပြောသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.