ပေါင်မြို့နယ်အတွင်းက သဲကုန်း၊ ကျုံထော်၊ ဖြူဘ၊ ရွာတန်းရှည်ကျေးရွာတွေက လမ်းမြေဧက ၁၀၀၀၀ ကျော်ကို ကတိုက်ရေလှောင်တမံက အကျိုးပြုနေကြောင်း သထုံမြို့ အမှတ် ၈၈ စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှုး ဦးရကိုင်တန်း က ပြောပါတယ်။
၂၀၁၅ ခုနှစ်အတွင်းမှာ ကတိုက်ကျေးရွာနဲ့ အင်းပြောင်ကျေးရွာတွေမှာ ကျောက်မိုင်း ၅ ခုလာ ရောက်လုပ်ကိုင်နေလို့ ဦးမောင်မိဦးစီးပြီး ဒေသခံ (၇၀၀) လက်မှတ်ရေးထိုးထားတဲ့တိုင်စာကို စက်တင်ဘာလ (၉) ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်ဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာဝန်ကြီးတွေဆီ စာပို့တိုင်ကြားခဲ့ တယ်လို့ သိရပါတယ်။
“ကတိုက်ဆည်က မြေသားတမံဆိုတော့ ယမ်းခွဲတဲ့တုန်ခါမှုကြောင့် ဆည်ပျက်ဆီးကျိုးပေါက် ခဲ့ယင် ကျွန်တော်တို့ ရွာသားတွေ အရင်သေမှာဆိုတော့ တိုင်စာကို ကျွန်တော်ကိုယ်တိုင်လိုက်သွားပြီး ဝန်ကြီးချုပ်အခန်းရှေ့က စာရေးဆီကို ပေးတယ်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးရုံးကိုလည်း ပေးတယ်၊ သစ် တောဝန်ကြီးရုံးခန်းကိုလည်း ကိုတင်မင်းနိုင်ဝင်ပေးတော့ ကျွန်တော်အခန်းဝမှာ ရပ်နေပါတယ်လို့ ကိုမောင်မိက ပြောပါသည်။ စက်တင်ဘာ (၂၄) ရက်နေ့မှာ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးကို ကျနော်သွားရောက် မေးမြန်းခဲ့စဉ်မှာတော့ သစ်တောနှင့် သတ္တုဝန်ကြီး ဦးဝင်းမော်ဦးကတော့ သူမသိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
“အဲဒီတိုင်စာကိစ္စ ကျွန်တော်မသိပါဘူး၊ သူတို့ဘယ်သူ့ဆီတိုင်တာလဲ၊ တစ်ခါတလေ ဝန်ကြီးချုပ်က သူဆောင်ရွက်စေချင်တဲ့ဌာနကို ချပေးတတ်တယ်” လို့ပြောပါတယ်။
ချောင်းဆုံမြို့နဲ့ မော်လမြိုင်တံတား တည်ဆောက်မှုအတွက် လိုအပ်တဲ့ကျောက်နဲ့ ချောင်းဆုံမြို့ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် အသုံးပြုမဲ့လိုအပ်နေတဲ့ ကျောက်များအတွက်လည်း ပေါင်မြို့နယ်က တောင်တန်းကြီးများ ရဲ့ အခြေအနေကလည်း စိုးရိမ်စရာ အနေအထားဖြစ်ပါတယ်။
ကျောက်သယ်ယူတဲ့ ကားများကလည်း မုတ္တမတံတားပေါ်က ဖြတ်သန်းမှုပြုလုပ်ရင် ဝန်ပိုတင်ခွင့်မရကြ လို့ အစစ်အဆေးမရှိတဲ့၊ ကျေးရွာချင်းဆက်လမ်းတွေကနေ သယ်ယူမှုပြုလာကြတာကြောင့် ခံနိုင်ရည်နည်းပါး တဲ့လမ်းတွေဟာ ဝန်ပိုတင်တဲ့ကျောက်ကားတွေကြောင့် ပျက်ဆီမှုတွေဖြစ်နေတာကို တွေ့ရပါတယ်။
“ကျောက်ထုတ်လုပ်ငန်းတွေက တစ်နှစ်တစ်ခါသက်တမ်းတိုးရပါတယ်၊ စီစစ်မှုအနေနဲ့ကတော့၊ လူနေ ရပ်ကွက်တွေနဲ့ နီခြင်းဝေခြင်း၊ သဘာဝချောင်းမြောင်းတွေ ထိခိုက်မှုရှိမရှိ၊ ဒေသခံတွေ ထိခိုက်မှု ရှိမရှိကို ပြုလုပ် ပါတယ်၊ အချို့တိုင်ကြားခံရတဲ့ ကုမ္ပဏီအချို့ကိုတော့ ယာယီပိတ်သိမ်းစေခဲ့ပါတယ်” ဟုမွန်ပြည်နယ် သစ်တော ရေးရာ ဝန်ကြီးဦးဝင်းမော်ဦးက ပြောပါတယ်။
“ဒေသခံတွေ တိုင်ကြားတဲ့အခါမှာ လုပ်ငန်းတွေက ခဏပိတ်သိမ်းခိုင်းတဲ့ နည်းလမ်းကတော့ အလုပ်မ ဖြစ်သေးပါဘူး၊ ရေရှည်အတွက် နည်းလမ်းရှာထားကြဖို့လိုပါတယ်” လို့ ကျွဲခြံကျေးရွာက CSO  တစ်ဦးဖြစ်သူကို ဝင်းညွန့်က ပြေပါတယ်။
ပေါင်မြို့နယ်က သဘာဝပတ်ဝန်းကျင်ပျက်ဆီးမှုနဲ့ သယံဇာထုတ်ယူမှုများကို စစ်တမ်းတစ်ခု စနစ်တကျ ပြုလုပ်ပေးဖို့လိုအပ်ပါတယ်၊ ကျောက်ထုတ်ကုမ္ပဏီအရေအတွက်နဲ့ ထုတ်လုပ်မှုတစ်လဘယ်လောက်ပဲ ပြုလုပ် သင့်တယ်ဆိုတာ ကန့်သတ်ချက်ထားရှိဖို့ လိုပါတယ်။
“ပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်မှုမရှိအောင် လုပ်ဆောင်တဲ့ နည်းလမ်းများဟာလည်း လိုင်စင်ရဖို့ စာထဲမှာ ရေးသွင်းချက်မဟုတ်ဘဲ မြေပြင်မှာတကယ်ထိရောက်မှု ရှိတဲ့နည်းလမ်းများဖြစ်ဖို့ လိုအပ်ပါတယ်” လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး တက်ကြွလှုပ်ရှားလုပ်ကိုင်နေသူကို တင်မင်းနိုင်က အကြံပြု ပြောဆိုပါတယ်။
ယခုအချိန်အထိ ယင်းကျောက်ထုတ်လုပ်သည့် ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်နေမှုကို တာဝန်ယူ စောင့်စည်းပြီး ကြီးကြပ်ထိမ်းကြောင်းပေးနေရမည့် ဆိုင်ရာအဖွဲ့အစည်းများ၏ တာဝန်ယူမှုများ အားနည်းနေဆဲပါ။
ပေါင်မြို့နယ်အတွင်းရှိ တောင်ညို၊ နွားလပို့၊ ကုလားမ၊ ဇင်းကျိုက်၊ သထုံ တောင်တန်းများပေါ်မှာ ကျောက်ထုတ်လုပ်မှုအနေနဲ့ “သစ်တောကြိုးဝိုင်း ဧရိယာမှာ လုပ်ကိုင်နေသူ (၈)ဦးလောက် ရှိပါတယ်” လို့ ပေါင် မြို့နယ် ကျောက်ထုတ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်လွင်မိုးအား သွားရောက်မေးမြန်းသိရှိခဲ့ရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.