မြန်မာ့ငြိမ်းချမ်းရေး

မြန်မာ့ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးစကားဝိုင်းအပြင်အခြားလိုအပ်တာတွေ

အက်ရှ်လေဆောက်သ် သြဂုတ်လ ၃၁ ရက်နေ့ကနေစတင်ပြီး အမျိုးသားအဆင့် စကားဝိုင်း သို့မဟုတ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့အတွက် မြန်မာနိုင်ငံရဲ့မြို့တော် နေပြည်တော်မှာ ပြင်ဆင်မှုတွေ စတင်နေပြီဖြစ်ပါတယ်။ ၁၉ ၄၇ ခုနှစ် ဖေဖော်ဝါရီလတုန်းက ပင်လုံလို့ခေါ်တဲ့ မြို့ကလေးမှာ ကျင်းပခဲ့ တဲ့ညီလာခံကို အသိအမှတ်ပြုလိုတဲ့သဘောနဲ့ ဒီ စုရုံးဆွေးနွေးမှုကို တစ်ခါတစ်ရံမှာတော့ ၂၁ ရာစု ပင်လုံညီလာခံလို့လည်း ရည်ညွှန်းခေါ်ဆိုကြပါတယ်။ ယခင်မူလပင်လုံညီလာခံမှာတော့…