ရေး

ရေးမြို့နယ်အတွင်းဆေးဆိုင်များတွင် တရားမဝင်ဆေးများ၊ စပ်ဆေးများနှင့် ဆေးဝါးအတုများအား စစ်ဆေး တွေ့ရှိပါက အရေးယူမည်ဟု တာဝန်ရှိသူများက သတိပေးပြီ

ရေး ၊ ဇူလိုင် ၄ ရေးမြို့နယ်အတွင်း တရားမဝင်ဆေးဝါးများ၊ စပ်ဆေးများနှင့်၊ ဆေးဝါးအတုများ စစ်ဆေးတွေ့ရှိပါက ပညာ ပေးကာလပြီးမြောက်သွားပြီဖြစ်သဖြင့် ယနေ့မှစတင်ကာ တစ်ပတ်ပြည့်မြောက်သည့်နေ့မှ စစ်ဆေး အရေးယူ သွားမည်ဖြစ်သည်ဟု ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွှန့်က ပြောသည်။

ရေးမြို့၊ ကျုံးအတွင်း တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦးသေဆုံးမှု စုံစမ်းစစ်ဆေးမှုများပြုလုပ်နေ

ရေး ၊ ဇွန် ၃၀ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ ရှေးဟောင်းကျုံးတော်ကြီးအပေါ်ကျုံးထဲတွင် ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက မိန်းကလေးတစ်ဦး၏အလောင်းတစ်လောင်း ပေါ်ပေါက်ခဲ့သဖြင့်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ ကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က သံလွင်တိုင်းမ်သို့ ပြောကြားသည်။

ရေးမြို့နယ် NLD ၏ မျှဝေခြင်းအစီအစဉ်အရ သက်ဆိုင်ရာကျောင်းများအရောက် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့လှူဒါန်းမှု ပြုလုပ်လျက်ရှိ

ရေး ၊ ဇွန် ၂၈ လိုအပ်သည့် ကျောင်းသားကျောင်းသူများအား ပံ့ပိုးကူညီထောက်ပံ့လှူဒါန်းမည့် ရေးမြို့နယ် NLD ၏မျှဝေခြင်းအစီအစဉ်အရ ယခုလ တတိယပတ်မှစတင်ကာ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ထောက်ပံ့ကူညီ လှူဒါန်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ရေးမြို့နယ်NLD တာဝန်ရှိသူများ၏ ပြောကြားချက် အရ သိရသည်။

ရေးမြို့နယ် သဘင်ပညာရှင် အစည်းအရုံးက တည်ထောင်ခွင့်ဆိုင်ရာနှင့် လူမှုကူညီစောင့်ရှောက်ရေးဆိုင်ရာ အသိပေးရှင်းလင်းပွဲကျင်းပ

ရေး ၊ ဇွန် ၂၇ ရေးမြို့နယ်သဘင်ပညာရှင်များအစည်းအရုံး၏ တည်ထောင်ခွင့်ဆိုင်ရာနှင့်လူမှုကူညီစောင့်ရှောက်ရေးဆိုင်ရာ အသိပေးရှင်းလင်းပွဲကို ဇွန်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းက ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခန်းမဆောင်တွင် ပြုလုပ်ကျင်းပခဲ့သည်ဟု သိရသည်။

ရေးမြို့တွင် ကျောင်းပြင်ပရောက်အခက်အခဲရှိနေသည့် တက္ကသိုလ်ဝင်တန်းများ အတွက် အခမဲ့ပညာဒါနသင်တန်းဖွင့်လှစ်မည်

ရေး ၊ ဇွန် ၂၇ ကျောင်းပြင်ပသို့ ရောက်ရှိနေကြပြီး ကျူရှင်ယူရန် အခက်အခဲရှိနေသည့် တက္ကသိုလ်ဝင်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်တန်းပြင်ပဖြေအခမဲ့ပညာဒါနသင်တန်းကို လာမည့် ဇူလိုင်လအတွင်း ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်သည်ဟု တာဝန်ရှိသူများက သံလွင်တိုင်းမ်သို့ ပြောကြားသည်။

ရေးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားနှင့် စုပေါင်းလမ်းလျှောက်ချီတက်ပွဲပြုလုပ်

ရေး ၊ ဇွန် ၂၆ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် စုပေါင်းချီတက်လမ်း လျှောက်ပွဲကို ရေးမြို့တွင် ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ကျင်းပခဲ့သည်။

လမိုင်းမြို့၊ မော့ကနင်ကျေးရွာတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရေး ၊ ဇွန် ၂၆ ရေးမြို့နယ်၊ လမိုင်းမြို့၊ မော့ကနင်ကျေးရွာအုပ်စုအတွင်း ဇွန်လ ၂၆ ရက်နေ့ညပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား များဖမ်းဆီးရမိခဲ့သည်ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က သံလွင်တိုင်းမ်သို့ ပြောသည်။

ရေးမြို့နယ်အတွင်းရှိ နိုင်လှသောင်းဦးစီးသော မွန်လက်နက်ကိုင်တပ်ဖွဲ့မှ အင်အား(၂၀)ဦးဖြင့် အလင်းဝင်လက်နက်အပ်

ရေး၊ ဇွန် ၂၅ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ နိုင်လှသောင်းဦးစီးသော မွန်လက်နက်ကိုင်တပ်ဖွဲ့မှ အင်အား(၂၀)ဦးဖြင့် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် အလင်းဝင်လက်နက်အပ်ခဲ့ကြောင်း လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောသည်။

ရေးမြို့တွင် ၂ လသားအရွယ်ခန့်ရှိယောကျ်ားလေးတစ်ဦး စွန့်ပစ်ခံရသော်လည်း မွေးစားမည့်သူ ချက်ခြင်းပေါ်ပေါက်

ရေး ၊ မေ ၃၀ သတင်းနှင့် ဓါတ်ပုံ – ရဲနိုင်ဦး (စွန့်ပစ်ခံရသော ကလေးငယ်) ရေးမြို့၊ သီရိခေမာရပ်ကွက်၊ သိမ်ကျောင်းအနီး လမ်းဘေးတစ်နေရာတွင် ၂ လသားခန့်အရွယ် ယောကျ်ားလေး တစ်ဦးစွန့်ပစ်ခံခဲ့ရသော်လည်း နာရီပိုင်းအတွင်းမွေးစားမည့်သူချက်ခြင်းပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

ရေးမြို့နယ်တွင် တပ်မတော်၊ ရဲနှင့်သစ်တောဌာနတို့ပူးပေါင်းဖမ်းဆီးရာ စိတ်ကြွဆေးပြားများနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

ရေး ၊ မေ ၃၀ သတင်း- ရဲနိုင်ဦး ရေးမြို့နယ်၊ ခေါဇာမြို့တွင် ယခုလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့များက ရေးမြို့နယ်အခြေစိုက် စကခ(၁၉)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနပူးပေါင်းအဖွဲ့ဖော်ထုတ်မှုကြောင့်စိတ်ကြွဆေးပြားများနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့သည်ဟု တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။