ယခုနှစ်ဆန်းပိုင်းရေးမြို့နယ်ထွက်သံပုရာသီးဈေးကောင်းရနေ
ရေး ၊ ဇန်နဝါရီ ၂၄ ရေးမြို့နယ်အတွင်းထွက်ရှိသောသံပုရာသီးများ ယခုနှစ်ဆန်းပိုင်းမှစတင်ကာအထွက်ကောင်း ပြီး ဈေးကောင်းရနေကြောင်းသံပုရာစိုက်တောင်သူများ၏ ပြောကြားချက်အရသိရသည်။ “ တစ်လုံးကို ၆၀ ကျပ်အထိခုဈေးရနေတယ်၊ ဒါကဒိုင်သွင်းဈေးပါ၊ သံပုရာအထွက်ကလည်း ကောင်းနေတယ်၊ ယမန်နှစ်ကဒီအချိန် အများဆုံးတစ်လုံး ၃၀ ကျပ်လောက်အထိပဲဈေးရတယ် ” ဟုသံပုရာစိုက်တောင်သူ ဦးအောင်သန်းကသံလွင်တိုင်းမ်ကိုပြောသည်။ ပြုပြင်ထိန်းသိမ်းမှုအပေါ်မူတည်ပြီးတစ်နှစ်အတွင်းသံပုရာတစ်ပင်လျှင် အလုံးရေ ၂၅၀၀ မှ ၅၀၀၀ မှထွက်ရှိကာအများစုအနေဖြင့် ကိုင်းထုတ်၊…