မင်းဥဒါန်း

(၆၉) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားအား မုဒုံမြို့တွင် စည်ကားစွာကျင်းပမည်

မုဒုံ၊ ဇူလိုင် ၁၂ (၆၉)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားအား မုဒုံမြို့တွင် စည်ကားစွာကျင်းပပြုလုပ်သွားရန်ရှိ ကြောင်း မြို့နယ်အုပ်ချုပ်ရေးရုံးမှ သိရသည်။ “အာဇာနည်နေ့ကို တရားဝင်အစိုးရကနေပြီး တရားဝင်လုပ်ခိုင်းတဲ့အတွက် လုပ်သင့်လုပ်ထိုက်တဲ့ အတွက်ကြောင့်လည်း ပြုလုပ်ခွင့်ရသာကိုလည်း ဂုဏ်ယူတယ်။ နောင်လာနောက်သားလူငယ် လူရွယ်၊ ကျောင်း သားတွေက အာဇာနည်ဆိုတာ ဘယ်လိုလဲ၊ ဘယ်သူတွေလည်း အခမ်းအနားလုပ်ရတာဆိုတာကိုလည်း သိရ တာရယ်၊ ဂုဏ်ပြုထိုက်သူကို နေ့ထူးနေ့မြတ်ကိုသိရစေတယ်။ ကျင်းပဖို့လည်း…

မုဒုံတွင် သတင်းအရစောင့်ဖမ်းရာ တရားမဝင်သစ်များဖမ်းဆီး

မုဒုံ ဇူလိုင် ၆ မုဒုံမြို့၊မြို့မ(၄)ရပ်ကွက်၊ထိန်းကုန်ရပ်၊ ထိန်ကုန်ကွက်သစ်၊ရေတောင်ဘုန်းတော်ကြီးကျောင်းအနီး စိန်ချယ်လမ်းသွယ်ရှိတရားမဝင်သစ်စက်ဝင်းအတွင်း ကျွန်းသစ်တင်ဆောင်ထားသည့်ကားတစ်စီးရောက်ရှိနေကြောင်းသတင်းအရ ဇူလိုင်လ(၆)ရက်၊ နေ့လည်(၁၁း၀၀)နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊သစ်တောဦးစီး

မုဒုံမြို့နယ် ညောင်ကုန်းကျေးရွာ၌ မီးလောင်ကျွမ်းမှုဖြစ်

မုဒုံ ဇူလိုင် ၅ မုဒုံမြို့နယ်အတွင်းရှိ ညောင်ကုန်းကျေးရွာ၊ အလယ်ပိုင်း နေအိမ်အမှတ်(၆၂၈)တွင် ဇူလိုင်လ(၄)ရက်နေ့ နံနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

မုဒုံတွင် ဝါးပိုးဝါးရှားပါးလာခြင်းနှင့်အတူ ဈေးနှုန်းလည်းမြင့်တက်လာ

မုဒုံ၊ ဇူလိုင် ၅ မုဒုံမြို့တွင် ဒေသထွက် ဝါးပိုးဝါးရှားပါးစပြုလာခြင်းနှင့်အတူ ဝါးပိုးဝါးတစ်လုံး(တစ်ပင်)၏ဈေးနှုန်းလည်း ယခင်နှစ်တွေနှင့်မတူ သိသိသာသာဈေးကြီးမြင့်လာကြောင်းဒေသခံများထံမှသိရှိရသည်။

မုဒုံမြို့နယ် ဝဲကလိကွင်းလယ်တဲအတွင်း အတင်းအဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား

မုဒုံ၊ ဇူလိုင် ၂ မုဒုံမြို့နယ်၊ ကွမ်ကဗွီးကျေးရွာ၊ ဝဲကလိကွင်း၊ ကွင်းအမှတ်၈၉၀(က)လယ်တဲတွင် ဇူလိုင်လ(၂)ရက်က အတင်းအဓမ္မသားမယားအဖြစ်ပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

မုဒုံမြို့နယ် ကတုံပေါ်ကျေးရွာတွင် အလိုမတူပဲ အဓမ္မအကြိမ်ကြိမ်ပြုကျင့်ကာ ထွက်ပြေးတိမ်းရှောင်မှုဖြစ်ပွား

မုဒုံ၊ ဇူလိုင် ၃ မုဒုံမြို့နယ်၊ ကွင်းပိုင်းကျေးရွာအုပ်စု၊ ကတုံးပေါ်ကျေးရွာတွင် အလိုမတူပဲ အဓမ္မအကြိမ်ကြိမ်ပြုကျင့် ကာ ထွက်ပြေးတိမ်ရှောင်သွားသူအား ဥပဒေအရအရေးယူပေးရန် မုဒုံမြို့၊မြို့မရဲစခန်းသို့ဇူလိုင်လ(၃)ရက်နေ့က လာရောက်တိုင်တန်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းရဲမှတ်တမ်းအရသိရှိရသည်။

မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို အဖွဲ့ဝင် (၁၄)ဦးဖြင့် ဖွဲ့စည်း

မော်လမြိုင် ဇွန် ၃၀ မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)ဖွဲ့စည်ရေး ပထမအကြိမ်အစည်းအဝေးကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ ဇွန်လ၃၀ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် စတင်ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။

မုဒုံတွင် တောင်ပို့မှို တစ်ပိသာ ကျပ်တစ်သောင်းကျော်ဈေးရှိနေ

မုဒုံ ဇွန် ၂၈ မုဒုံတွင် ယခုနှစ်မှိုရာသီ တောင်ပို့မှိုအထွက်များသော်လည်း တစ်ပိသာဈေးနှုန်းကျပ်(၇၀၀၀)မှ(၁၅၀၀၀) ထိ ရှိနေကြောင်းစုံစမ်းသိရှိရသည်။

၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသည့် ကွမ်တာကျေးရွာကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုပွဲပြုလုပ်

မုဒုံ ဇွန် ၂၆ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာအုပ်စုရှိ ကွမ်တာရွာဟောင်းနှင့် ကွမ်တာရွာအတွင်းနေထိုင်ကြသည့် ၂၀၁၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး၊ ရိုးရိုးအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ အား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ဇွန်လ၂၆ရက်၊ မွန်းလွဲ (၂း၀၀)နာရီအချိန်တွင် ယင်းကျေးရွာရှိကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။