မင်းဥဒါန်း

ကျိုက်တမော့ဘုရားဒိုင်း ပထမအကြိမ် ကွင်းဖွင့်ဖလားဘောလုံးပြိုင်ပွဲတွင် အဘစ်ကျေးရွာအသင်းမှပထမဆုရရှိ

မုဒုံ၊ အောက်တိုဘာ ၂၃ ကမာဝက်မြို့၊ ကျိုက်တမော့ဘုရား၏ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ပထမအကြိမ်ကွင်းဖွင့်ဖလား၊ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲတွင် အဘစ်ကျေးရွာကိုယ်စားပြုလူငယ်ဘောလုံးအသင်းမှ ပထမတံခွန်စိုက်ဒိုင်း ဆုအား ရရှိခဲ့ကြောင်းပြိုင်ပွဲကျင်းပရေးကော်မတီထံမှသိရှိရသည်။

မုဒုံတွင် လှည်းဘီးအဟောင်းခွေများဖြင့် လူ့အသုံးဆောင်အလှဆင်ခြင်းလုပ်ငန်း တွင်ကျယ်လာ

မုဒုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ နေအိမ်ခြံဝင်းများနှင့် ဘုရားစေတီများတွင် နွားလှည်းဘီး အဟောင်းများဖြင့် လူ့အသုံးဆောင်ပစ္စည်းများနှင့်အတူ အလှဆင်ခြင်းများပြုလုပ်မှု တွင်ကျယ်ခေတ်စားလာကြောင်း ဗိသုကာလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းပြုသူများထံမှသိရှိရသည်။

မုဒုံမြို့နယ်ရှိ နာမည်ကြီးဂျိုကာတံတားအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

မုဒုံ အောက်တိုဘာ ၂၅ မုဒုံမြို့နယ်၊ တံခွန်တိုင်ကျေးရွာနှင့် နိုင်လှုံကျေးရွာအကြား မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်ရှိ ဂျိုကာ တံတားအနီး၌ အောက်တိုဘာ(၂၄)ရက်နေ့ ညပိုင်းက ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးသွားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှသိရှိရသည်။

မုဒုံ တံခွန်တိုင်ကျေးရွာတွင် သတင်းအရ ရှာဖွေရာ မူးယစ်ဆေးဝါးများဖမ်းမိ

မုဒုံ အောက်တိုဘာ၂၆ မုဒုံမြို့နယ်၊ တံခွန်တိုင်ကျေးရွာတွင် မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေရာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း မုဒုံမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကျိုက်တမော့ စတုဒီသာဇရပ်(၁၂၅)နှစ်ပြည့်အဖြစ် ကမာဝက်ဒေသခံများမှ သိန်းပေါင်း(၃၀၀)ကျော် အကုန်ကျခံလှူဒါန်းမှုပြုလုပ်

မုဒုံ၊ အောက်တိုဘာ ၂၄ ကမာဝက်မြို့ရှိ ကျိုက်တမော့ဆံတော်ရှင် ဗုဒ္ဓပူဇနိယပွဲတော်တွင် ကျိုက်တမော့စတုဒီသာဇရပ်(၁၂၅) နှစ်မြောက်အဖြစ် ကမာဝက်ဒေသခံများမှ ကျပ်သိန်းပေါင်း(၃၀၀)ကျော် အကုန်အကျခံပြီး ဧည့်သည်များအား ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။<!--more--> “ဒီနှစ်(၁၂၅)ကြိမ်မြောက်အလှည့်မှာ ကျွန်တော်တို့ရပ်ကွက်က တိုက်တိုက်ဆိုင်ဆိုင်ကြုံတယ်။ ဒီနှစ်ဘုရားပွဲတော်ကို အရင်နှစ်တွေနဲ့မတူစည်ကားအောင်ကျင်းပဖို့အတွက်လည်း ရပ၊်ရွာက သူနေရာနဲ့တူ စည်း ကား သိုက်မြိုက်စွာပြုလုပ်ရန်အတွက် ကြိုးပမ်းနေကြတော့လည်း ကျွန်တော်တို့ ကမာဝက်ရပ်ကွက်ကလည်း ကိုယ့်အလှည့်မှာ အဆင်ပြေပြေနဲ့ သူများနဲ့မသာခဲ့ရင်တောင်…

မှိုသီးရောဂါကျရောက်သော စပါးခင်းမှစပါးများအား မျိုးအဖြစ်မသုံးသင့်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တားမြစ်

မုဒုံ၊ အောက်တိုဘာ ၁ မုဒုံမြို့နယ်၊ ဝက်တဲကျေးရွာ၊ကွင်းအမှတ်(၈၄၅(ခ))အတွင်းရှိ လယ်ပိုင်ရှင်တစ်ဦး၏ မိုးစပါးစိုက်ကွက်အတွင်းစိုက်ပျိုးထားသည့် စပ်မျိုးစပါးခင်း၌ စပါးမှိုသီးရောဂါပြင်းထန်စွာကျရောက်ခဲ့ရာ စပါးမှိုသီးရောဂါမှမျိုးစေ့ဆောင်ရောဂါအဖြစ်တည်ရှိနေနိုင်ပါသဖြင့် မှိုသီးရောဂါကျရောက်သောစပါးခင်းမှစပါးများအား

မုဒုံကျေးလက်ဦးစီးဌာနမှ ကော့ပရံကျေးရွာတံတားအား အဆင့်မြှင့်တင်မည်

မုဒုံ၊ အောက်တိုဘာ ၁၈ မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကော့ပရံကျေးရွာရှိ ကုန်ထုတ်တံတားအား အဆင့်မြှင့် တင်ရန် စီစဉ်နေကြောင်း သိရသည်။<!--more--> “ကော့ပရံကုန်ထုတ်တံတားအတွက် ဘတ်ဂျက်တော့ကျလာပြီ။ မြို့နယ်ကိုတရားဝင်စာ၊ ဝင်စာမရသေး ဘူး။ ဒီတံတားကို ၂၀၁၆၊၂၀၁၇ဘဏ္ဍာရေးနှစ် မွမ်းမံတံတားလုပ်ငန်းလျာထားချက်နဲ့လာမည့်(၁၁)လပိုင်းလောက်တွင် လုပ်ငန်းများဆောင်ရွက်နိုင်ဖို့ စီစဉ်လျှက်ရှိပါတယ်”ဟု မြို့နယ်ကျေးလက်ဦးစီးဌာနမှအငယ်တန်း အင်ဂျင်နီယာ(၂)၊ ဒေါ်အေးအေးသီးမှ သံလွင်တိုင်းမ်ကိုပြောသည်။ ကော့ပရံကုန်ထုတ်တံတားသည် ရှေးနှစ်ပေါင်းများစွာက ဝါးပိုးဝါးတံတားအဆင့်ဆင့်မှသစ်သားတံ့တား အဖြစ် ကုန်ထုတ်တံတားမှ ဖြတ်သန်းသွားလာလျှက်ရှိသည့်…

မုဒုံတွင် မူးယစ်ဆေးဝါးသတင်းအချိန်မှီပေးပို့နိုင်ရန် ဆက်သွယ်ရန်ဖုန်းနံပါတ်ပါ ဗီနိုင်းများစိုက်ထူမည်

မုဒုံ၊ အောက်တိုဘာ ၁၈ မူးယစ်ဆေးဝါးလျော့နည်းကျဆင်းရေးရည်ရွယ်ပြီး မူးယစ်ဆေးဝါးသတင်းအချိန်မှီပေးပို့နိုင်ရန် ဆက်သွယ်ရမည့် ဖုန်းနံပါတ်ပါသည့် ဗီနိုင်းများကို အများပြည်သူစည်ကားရာနေရာများတွင် စိုက်ထူသွားမည် ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။<!--more--> “မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး မြို့နယ်တည်ငြိမ်အေးချမ်းရေးပူပေါင်းအဖွဲ့ရဲ့ အကြံပြုချက်အပေါ် မြန်မာနိုင်ငံတပ်ဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ မြို့နယ်စခန်းမှူးနဲ့ဆွေးနွေးထားပြီးလည်းဖြစ်တယ်။ မူးယစ်ဆေးဝါးလျော့နည်းကျဆင်းရေးအတွက် အကျိုးရှိတဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် အမြန်ဆုံးဆောင်ရွက်သွားမယ်”ဟု ဒုခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးထွန်းသိန်းမှ သံလွင်တိုင်းမ်ကို ပြောသည်။ အဆိုပါ ဗီနိုင်းထောင်ခြင်းကိစ္စအား အောက်တိုဘာ(၁၄)ရက်မွန်းလွဲ(၃း၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံခန်း၌ပြုလုပ်သည့်…

(၁၄၂)ကြိမ်မြောက် မုဒုံလှေလှော်ပြိုင်ပွဲကျင်းပ ကန်ကြီးရပ်ကိုယ်စားပြု ဇာတိမာန်အသင်း ပထမဆုဆွတ်ခူး

မုဒုံ၊ အောက်တိုဘာ ၁၇ (၁၄၇)ကြိမ်မြောက် မုဒုံလှေလှော်ပြိုင်ပွဲတွင် အကြီးတန်း၌ ကန်ကြီးကိုယ်စားပြုအသင်းဖြစ်သည့် ဇာတိမာန်အသင်းနှင့် အငယ်တန်း၌ တက်သစ်စအသင်းတို့က ပထမဆုရရှိသွားကြောင်းသိရသည်။<!--more--> ပြိုင်ပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများတက်ရောက်ကြပြီး ဆုရအသင်းများကို လည်း ဆုများချီးမြှင့်ခဲ့သည်။ “ကျွန်တော်တို့ လှေအသင်းက ဒီနှစ်မှ အငယ်တန်းမှာ လူသစ်အနေနဲ့စပြိုင်ခဲ့တယ်။ ကြိုးစားပြီးယှဉ်ပြိုင်ခြင်းရလာဒ်က ပထမရခဲ့ပြီးဒီဆုကို ဝန်ကြီးချုပ်ကိုယ်တိုင်ချီးမြှင့်တော့ပိုပြီးအမှတ်တရဖြစ်တယ်။ ဒီဆုအပေါ်မှာ လည်းဂုဏ်ယူတယ်”ဟု အငယ်တန်းတွင် ပထမဆုရရှိသည့်တက်သစ်စလှေအသင်းသားများက…

ဒေသအတွင်း အခြေခံကျဘမ်းလုပ်သားရှားပါးခြင်းကြောင့် မုဒုံမြို့တွင် အခြားမြို့ရွာမှလာရောက် အခြေချ လုပ်ကိုင်သူများပြားနေ

မုဒုံမြို့နယ်အတွင်းရှိ လုပ်ငန်းအများအပြားတွင်အခြေခံကျဘမ်းလုပ်သားရှားပါးပြီး ဒေသတွင်း နေထိုင် သူများလုပ်ကိုင်မှုနည်းပါးခြင်းကြောင့် ယင်းလုပ်ငန်းများတွင် အခြားဒေသများမှ နေထိုင်သူများ လာရောက်ကာ လုပ်ကိုင်လျှက်ရှိကြောင်း စီးပွားရေးလုပ်ကိုင်သူလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။