ပေါင်တွင် တစ်ရက်တည်း ယာဉ်တိုက်မှု ၃ ခုဖြစ် ၃ ဦးသေ

မော်လမြိုင်မှ ပေါင်သို့ မောင်းလာသည့်ဆိုင်ကယ်နှင့် ပေါင်မှ မုတ္တမသို့ မောင်းလာသည့် ဆိုင်ကယ်တိုက်မိပြီး တဦးသေဆုံး တဦးဒဏ်ရာရရှိခဲ့သည်နှင့်အတူ ယင်းနေ့နံနက်ပိုင်းတွင်ပင် ကျွဲခြံကျေးရွာ ဂတ်လှေဆိပ်ပိုင်းလမ်းမတန်းမိုင်တိုင်အမှတ် ၁၇၄/၅ အနီး၌လည်း ဆိုင်ကယ်တိုက်မိကြရာမှ တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့ကြသည်။

မွန်တွင် ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ပြန်ရသည့် ကိုယ်စားလှယ်လောင်း ၁၁၅ ဦးရှိ

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီ ၁၈ ခုတို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကိုယ်စားလှယ်လောင်းရုပ်သိမ်းသူ၊ ကွယ်လွန်သူ၊ ရွေးကောက်တင်မြှောက်ခံရသူနှင့် ခိုင်လုံမဲ ရှစ်ပုံတစ်ပုံရရှိသည့် ကိုယ်စားလှယ် အားလုံး စုစုပေါင်း ၁၁၅ ဦးတို့က အာမခံငွေ ပြန်လည်ရရှိမည်ဖြစ်သည်။

ရေးတွင် အကျင့်ပျက်ခြစားမှုဆိုင်ရာ ဆွေးနွေးပို့ချမည်

“ဒီသင်တန်းကို CBI နဲ့ YSS တို့ပူးပေါင်းဖွင့်လှစ်တာ မြန်မာနိုင်ငံမှာ ရေးက ပထမဆုံးအကြိမ်ပေါ့၊ ဒီလိုကျင်းပနိုင်တဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ မြိုနယ်ရဲ့အနာဂါတ်အတွက်လည်း ပိုကောင်းမှာပါ။ အကျင့်ပျက်ခြစားမှုဆိုတာက ပေးသူနဲ့ ယူသူ ပူးပေါင်းတားဆီးကြမှ ပပျောက်သွားမှာပါ”

မွန်ပြည်နယ်ရှိ လုပ်ငန်းရှင်များအတွက် Idea Platform for Successful Business Training ပြုလုပ်

“လက်ရှိအခြေအနေမှာ မြန်မာ့စီးပွားရေးလုပ်ငန်းတွေဟာ ရေမြေခံဖြစ်တာမို့ ဈေးကွက်အခိုင်အမာရရှိထားမှု စီမံအုပ်ချုပ်မှုပုံစံ တိုးတက်မှု၊ စားသုံးသူလိုအပ်ချက်ဖော်ဆောင်မှု၊ ဒေသတွင်းသာမက နိုင်ငံခြားဈေးကွက်ရရှိမှု စတဲ့ Market Innovation တွေဟာ အကောင်းဆုံးပြင်ဆင်မှုဖြစ်ပြီး Challenge စိန်ခေါ်ခြင်းဟာ Chance အခွင့်အရေးဖြစ်လာနိုင်တာမို့ အခုသင်တန်းဟာ လုပ်ငန်းခွင်အတွက် အထောက်အကူပြုမှာဖြစ်တယ်”

မွန်ပြည်နယ်တွင် ဆန္ဒမဲပေးခဲ့သူ ၅၁ ဒသမ ၃၃ ရာခိုင်နှုန်းသာရှိ

“ကျနော်ထင်တာကတော့ voter education နည်းထားတဲ့လူတွေလည်းရှိသလို နယ်မှာနေတဲ့လူတွေကလည်း မဲပေးတာကို စိတ်မဝင်စားဘူးလို့ တဘက်နိုင်ငံမှာလည်း သွားရောက် အလုပ်လုပ်နေတဲ့လူတွေများတယ်၊ voter education က သိပ်အရေးကြီးတယ်”

ကောက်ရိတ်သိမ်းချိန် အလုပ်သမားရှားပါး စက်ဖြင့်ဌားရမ်းလုပ်နေရ

ရင်ဆိုင်ခဲ့ရပြီး ယခု ကောက်ရိတ်သိမ်းချိန်တွင်လည်း လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟုလည်း ပြောသည်။ “ဒေသခံ လယ်လုပ်သားတွေ တစ်နှစ်ထက်တစ်နှစ် သိသိသာသာရှားလာတယ်၊ အများစုက တဘက်နိုင်ငံကို သွားကြတယ်၊ ရွာမှာရှိတဲ့သူတွေကလည်း လယ်မလုပ်ကြတော့ဘူး၊ လယ်ထက်ကို လက်သမား၊ ပန်းရံတွေလုပ်ကြတယ်၊ မိန်းကလေးဆို စတိုးဆိုင်တွေ၊ ဈေးဆိုင်တွေမှာ အလုပ်ဝင်လုပ်ကြတယ်၊ လယ်အလုပ်က ပင်ပန်းတယ်၊ ငွေရနည်းတယ်လေ”

လိုအပ်ချက်ရှိသည့် မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေကို ပြန်လည် ပြင်ဆင်ဖြည့်စွတ်

“ဒို့က လွှတ်တော် ဥပဒေပြင်ဆင် သုံးသပ်ခြင်းလုပ်တယ်၊ လုပ်တဲ့အခါမှာ စည်ပင်သာယာဥပဒေကို တချို့က ပြင်ဆင် ဖြည့်စွတ်ဖို့လိုအပ်လာတယ် အဲကြောင့်မို့ လုပ်တယ်၊ ဥပမာ မြို့နယ်စည်ပင်သာယာရေးကော်မတီတွေကို ရွေးကောက်ပွဲနဲ့လုပ်မယ် မဲထည့်တဲ့စနစ်နဲ့ ရွေးမယ်၊ အရင်ကတော့ ခန့်အပ်တယ်၊ ဒါကလည်း ပိုကောင်းအောင် အရင်ကထက် ပိုကောင်းအောင် local body ပေါ်အောင် လုပ်တာပါ”

မွန်ပြည်နယ်တွင် ကြံ့ခိုင်ရေးပါတီ ၁ နေရာသာ နိုင်

မွန်ပြည်နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် လုံးဝအနိုင်ရမည်ဟု ပါတီဥက္ကဌ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအုန်းမြင့်က မျှော်မှန်းကြေညာထားသော်လည်း ရွေးကောက်ပွဲရလဒ်အရ တပြည်နယ်လုံးတွင် ၁ နေရာသာ အနိုင်ရရှိခဲ့သည်။

နဝမအကြိမ် မွန်ပြည်သစ်ပါတီ ကွန်ဂရက်အတွက် မွန်ပြည်သူ အကြံပြုချက်များ ကွင်းဆင်းရယူနေ

“ပြည်သူတွေ ဘယ်လိုအကြံပြုမလဲဆိုတာ ရွာတွေအလိုက် ကွင်းဆင်းရယူနေပါတယ်။ ဒါ့အပြင် NCA လက်မှတ်မရေးထိုးရတဲ့ အကြောင်းအရင်းတွေ၊ စာချုပ်ပါအချက်တွေကိုလည်း ပြည်သူတွေ သိအောင် ရှင်းပြပေးနေပါတယ်”

၂၀၁၅ ရွေးကောက်ပွဲတွင် မွန်အမျိုးသမီး ကိုယ်စားလှယ် တစ်ဦးမျှ အရွေးမခံရ

“မွန်ပြည်သူအနေနဲ့ ကြည့်ရင် မွန်ပါတီ (၃) ပါတီဖြစ်နေတဲ့အတွက် မွန်လူထုတွေ ဇဝေဇဝါဖြစ်ကြရတယ် မဲစာရင်းတွေ မပြည့်စုံ မရှိတဲ့လူတွေ စာရင်းပါပြီး လက်ရှိ ရှိနေတဲ့လူတွေ စာရင်းမပါတော့ မဲပေးခွင့် ဆုံးရှုံးခဲ့ရတယ် တချို့ရွာတွေက မဲလာပေးရတာဝေးတော့ လာရောက်မဲမပေးကြ စိတ်မဝင်စားကြဘူး နယ်တွေမှာ ၄၀% လောက်ဘဲ မဲဆန္ဒပြုကြတယ်”