ကရင်ပါတီနဲ့ကရင်တိုင်းရင်းသားကိုယ်စားလှယ်လောင်းတွေကို မဲပေးဖို့ KNU တိုက်တွန်း
မော်လမြိုင် ၊ အောက်တိုဘာ (၂၀) ကရင်တိုင်းရင်းသားတွေအနေနဲ့ ကရင်ပါတီနဲ့ကိုယ်စားလှယ်လောင်းတွေကိုသာ မဲပေးကြဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က တိုက်တွန်းပြောဆိုလိုက်ပါတယ်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ လွှတ်တော်အတွင်းမှာ ကရင်အမျိုးသားတွေ ပါဝင်လာစေဖို့ ရည်ရွယ်ပြီးတော့ အောက်တိုဘာလ (၁၅)ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ NCA (၅)နှစ်ပြည့် နှစ်ပတ်လည် ကြေညာချက်မှာ KNU က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ “ကရင်အမျိုးသားတွေရဲ့ လွှတ်တော်နိုင်ငံရေးမှာပါဝင်လာဖို့အတွက် အားပေးတဲ့သဘော၊ လွှတ်တော်အတွင်းပါဝင်လာခြင်းအားဖြင့် ကိုယ့်အမျိုးသားတွေရဲ့လိုလားချက်တွေကို…
ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက် တိုင်းရင်းသားများအပေါ် တရားမျှတမှု မရှိဟု ဆို
မော်လမြိုင် ၊ အောက်တိုဘာ (၁၉) တိုင်းရင်းသားဒေသက မဲဆန္ဒနယ်တစ်ချို့မှာ ရွေးကောက်ပွဲမကျင်းပတာဟာ တိုင်းရင်းသားမဲဆန္ဒရှင်တွေအပေါ် တရားမျှတမှု မရှိဘူးလို့ တိုင်းရင်းသားပါတီတွေက အောက်တိုဘာလ (၁၈)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည်နယ် ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားနယ်မြေတစ်ချို့မှာ ရွေးကောက်ပွဲ မကျင်းပတော့ကြောင်း အောက်တိုဘာ (၁၆)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်က ရွေးကောက်ပွဲရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကိုပါ မေးခွန်းထုတ်စရာဖြစ်စေပြီး အဲဒီဒေသတွေက…
ကြိုတင်မဲပေးနိုင်ဖို့ အောက်တိုဘာ ၂၅ ရက်နေ့နောက်ဆုံးထား လျှောက်ရမည်
အောက်တိုဘာ ၁၉၊ ၂၀၂၀ ကိုဗစ်ကန့်သတ်ချက်တွေကြောင့် နေရပ်ပြန်ပြီး မဲမပေးနိုင်တဲ့ အဝေးရောက် မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးနိုင်ဖို့ အောက်တိုဘာ ၂၅ ရက်နေ့နောက်ထား လျှောက်ရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။ နေရပ်ပြန်ပြီး မဲမပေးနိုင်တဲ့ အဝေးရောက် မဲဆန္ဒရှင်တွေဟာ ကြိုတင် မဲပေးနိုင်ဖို့ ပုံစံ (၁၅) နဲ့ မိမိတို့ရောက်ရှိနေတဲ့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေမှာ လျှောက်ထားရမှာဖြစ်ပါတယ်။ ပုံစံ (၁၅) တွေကို…
တိုင်းရင်းသားပါတီ ထောက်ခံသူတွေ အပြန်အလှန် ဝန်းရံပြီး မဲဆွယ်စည်းရုံး
မော်လမြိုင်၊ အောက်တိုဘာ ၁၉ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း ယှဉ်ပြိုင်မယ့် တိုင်းရင်းသားပါတီ ထောက်ခံသူတွေဟာ အပြန်အလှန် ဝန်းရံပြီး မဲဆွယ်စည်းရုံးရေးကို ဆောင်ရွက်နေကြပါတယ်။ ထောင်နဲ့ချီတဲ့ မွန် ၊ ကရင် ၊ ပအိုဝ်းတိုင်းရင်းသားပါတီ ဝန်းရံသူတွေက အောက်တိုဘာလ(၁၈)ရက်နေ့က သထုံမြို့မှာ အင်းအားပြ လှည့်လည်ခဲ့ကြပါတယ်။ သထုံမြို့နယ်မှာ မွန်ညီညွတ်ရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်တာ မရှိပေမယ့် ပအိုဝ်းနဲ့ကရင် ပါတီဝန်းရံသူတွေ…
မော်လမြိုင်ခရိုင်အတွင်း မဲစာရင်းပြင်ဆင်ဖြည့်စွက်သူ (၂)သောင်းနီးပါး ရှိ
မော်လမြိုင် ၊ အောက်တိုဘာ (၁၆) ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာပြီးနောက်မှာ မော်လမြိုင်ခရိုင်အတွင်း ပြင်ဆင်ဖြည့်စွက်သူ ( ၂) သောင်းနီးပါးရှိတယ်လို့ မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့က ၁၄ ရက်အထိ ကပ်ထားကြေညာခဲ့တာဖြစ်ပါတယ်။ အဲလိုကပ်ထားကြေညာထားတဲ့အခါမှာ သက်ဆိုင်ရာရပ်/ကျေးကော်မရှင်ရုံးမှာ ကြည့်ရှုနိုင်သလို ကိုဗစ်ကပ်ရောဂါ အခြေအနေကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လူမှုကွန်ယက်ဖေ့စဘုတ်စာမျက်နှာနဲ့ အပလီကေးရှင်း တွေမှာလည်း ဝင်ရောက်ကြည့်ရှုနိုင်အောင်…
မုဒုံမြို့နယ်မှာ NLD ပါတီနဲ့ USDP ပါတီတို့ အပြိုင်အဆိုင် မဲဆွယ်
မော်လမြိုင် ၊ အောက်တိုဘာ (၁၆) မုဒုံမြို့နယ်မှာ သောင်းနဲ့ချီတဲ့ NLD နဲ့ USDP ပါတီဝန်းရံသူတွေ အင်အားပြ လှည့်လည်ပြီး အပြိုင်အဆိုင် မဲဆွယ်စည်းရုံးရေးကို ဆောင်ရွက်နေကြပါတယ်။ အောက်တိုဘာလ(၁၅)ရက်နေ့ မနက်ပိုင်းမှာ သောင်းနဲ့ချီတဲ့ USDP ပါတီဝန်းရံသူတွေဟာ ကားတွေ ဆိုင်ကယ်တွေနဲ့ လှည့်လည် အင်အားပြခဲ့ပြီး အောက်တိုဘာလ(၁၆)ရက်နေ့ မနက်ပိုင်းမှာတော့ NLD ပါတီဝန်းရံသူ(၃၀၀)ကျော် ဆိုက်ကားတွေနဲ့ အင်းအားပြလှည့်လည်ခဲ့ပြီး…
ကြိုတင်မဲပေးဖို့ အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်တွေကို စာရင်းကောက်နေ
မော်လမြိုင် ၊ အောက်တိုဘာ (၁၅) အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးနိုင်အောင် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေက စာရင်းကောက်ခံနေပါတယ်။ အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်တွေရဲ့ ကြိုတင်မဲကိုတော့ အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အတွင်း ပေးရမှာ ဖြစ်ပါတယ်။ Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေနဲ့ လူဦးရေ ထူထပ်တဲ့မြို့နယ်တွေက အသက်…
Stay at home သတ်မှတ်ထားတဲ့ မော်လမြိုင်မြို့မှာ NLDနှင့် USDP မဲဆွယ်
မော်လမြိုင် ၊ အောက်တိုဘာ (၁၅) Stay at Home သတ်မှတ်ထားတဲ့ မော်လမြိုင်မြို့မှာ USDP နှင့် NLD ပါတီဝန်းရံသူတွေက လှည့်လည် အင်အားပြခဲ့ပါတယ်။ အောက်တိုဘာလ (၁၄)ရက်နေ့မှာ NLD ပါတီဝန်းရံသူတွေဟာ ကားတွေ ၊ ဆိုင်ကယ်တွေနဲ့ မော်လမြိုင်မြို့ပေါ် ရပ်ကွက်တစ်ချို့ကို စီတန်းလှည့်လည် အင်အားပြခဲ့ပြီး အောက်တိုဘာလ (၁၅)ရက်နေ့မှာတော့ USDP ပါတီဝန်းရံသူတွေက…
ခိုင်လုံမဲနဲ့ ပယ်မဲခွဲတာကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးဖို့ ကိုယ်စားလှယ်လောင်းတွေ တောင်းဆို
မော်လမြိုင် ၊ အောက်တိုဘာ (၁၅) မဲရုံမှူးတွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ ခိုင်လုံမဲနဲ့ ပယ်မဲခွဲတာကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးဖို့ ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုလိုက်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုဟာ အရှိန်အဟုန်မြင့်တက်နေပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲတွေကို ရေတွက်ပြီး ခိုင်လုံမဲနဲ့ပယ်မဲကို ဆုံဖြတ်ရာမှာ အင်အားကြီးပါတီတွေရဲ့ ငြင်းခုံမှုကြောင့် မဲရုံမှူးတွေရဲ့ ရပ်တည်ချက်…
မဲဆန္ဒရှင်တွေ အဆင်ပြေပြေ မဲပေးနိုင်အောင် ဆောင်ရွက်ပေးဖို့ ကော်မရှင်ကို တောင်းဆို
မော်လမြိုင် ၊ အောက်တိုဘာ (၁၅) ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒရှင်တွေ အဆင်ပြေပြေ မဲပေးနိုင်အောင် ဆောင်ရွက်ပေးဖို့ ကော်မရှင်ကို ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်အနေနဲ့ အချက် ၇၀ ကျော်ပါဝင်တဲ့ မဲရုံပြင်ဆင်ခြင်းနဲ့ မဲရုံအတွင်းအပြင် လုပ်ဆောင်ရမယ့်အချက်တွေ၊ မဲရုံဝန်ထမ်းတွေနဲ့ လုပ်အားပေးသူတွေ၊ မဲလာပေးကြတဲ့သူတွေ လိုက်နာရမယ့်အချက်တွေအပါအဝင် COVID-19 ရောကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနဲ့အညီဆောင်ရွက်မယ့် ထုတ်ပြန်ချက်တစ်စောင်ကို ခုလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။…