အမေရိကန်ရဲ့အကူအညီမရရင် တပ်တွေ နောက်ဆုတ်ရတော့မယ်လို့ ယူကရိန်းသမ္မတ သတိပေး
ကိဗ်၊ မတ် ၃၁ လွှတ်တော်အတွင်းအငြင်းပွားမှုတွေကြောင့် ရောက်မလာနိုင်ဖြစ်နေတဲ့ အမေရိကန်ဆီက စစ်ရေး အကူအညီတွေ မရတော့ဘူးဆိုပါက မိမိတို့တပ်တွေ နည်းနည်းချင်းစီနောက်ဆုတ် ရလိမ့်မယ်လို့ ယူကရိန်း သမ္မတ ဇီလန်စကီးက ပြောခဲ့ပါတယ်။ အမေရိကန်ဆီက အကူအညီမပေးဘူးဆိုပါက လေကြောင်းကာကွယ်ရေး၊ Patriot ဒုံးကျည်တွေ၊ အီလက်ထရွန်းနစ်လိုင်းတားဆီးကာကွယ်ရေး ကိရိယာတွေ၊ ၁၅၅ မမ လက်နက်ကြီးကျည်တွေ ရှိမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်လို့ ဝါရှင်တန်ပို့စ်နဲ့ ပြုလုပ်တဲ့အင်တာဗျူးမှာ…