အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုမှန်သမျှ ပယ်ချမယ်လို့ နေတန်ယာဟု ပြော
ဂျေရုစလင်၊ ဧပြီ ၂၃ အမေရိကန်က ပေးပို့နေတဲ့အကူအညီတွေကို ရပ်တန့်ရေးစီစဉ်နေတယ်ဆိုတဲ့ သတင်းတွေထွက် ပေါ်လာပြီးနောက် မိမိတို့စစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုမှန်သမျှကို ပယ်ချသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းခြေဒေသမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစ္စရေးရဲ့ နတ်ဇာယီဟူဒါတပ်ဖွဲ့ကို အမေရိကန်က ပစ်မှတ်ထားအရေးယူမှာ ဖြစ်တယ်လို့ Axios သတင်းဝက်ဘ်ဆိုက်က အစောပိုင်းမှာဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကန်က ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ…