သတင်းဆောင်းပါး

ကျွန်မတို့လည်း ရှေ့တန်းထွက်ချင်တယ်….

“ပုံမှန်အခြေခံကတော့ မနက်ခင်းဆိုရင် PT ပြေးတယ်။ ဒိုက်ကို PTတစ်ပတ်ပြေးပြီးတိုင်း အခေါက် ၂၀ထိုးရ တယ်။မနက်ခင်း ညီမတို့ ပုံမှန်ရောက်ခါစက ၆ပတ်လောက်ပဲပြေးရတယ်။ ကွင်းကအင်တာနေရှင်နယ် ဘော လုံးကွင်းတစ်ကွင်းစာလောက်ရှိတယ်။ အဲဒီလောက်ထိကျယ်တယ်” လို့ဆိုလာသူက အသက် (၁၈)နှစ်အရွယ်သာရှိသေးတဲ့ တော်လှန်ရေး ရဲမေတဦးဖြစ်တဲ့ အစုလေးဖြစ် ပါတယ်။ စစ်သင်တန်းတက်ရတယ်ဆိုတာ ယူနီဖောင်းလေးတွေနဲ့ လှလှပပသေနတ်လေးကိုင်ပြီး ဖေ့ဘုတ်ပေါ်မှာ တက်လာတဲ့ပုံတွေ လောက်တော့ လွယ်ကူမနေခဲ့ဘူးဆိုတာ…

သေဒဏ်ကျခံခဲ့ရသူ တော်လှန်ရေးသမား ကိုသိန်း

”မှန်တယ် ဦးဆရာ ဒါဟာ ကျွန်တော်တို့ရဲ့ စည်းလုံးမှု အင်အားကို ဖြိုခွင်းပစ်တဲ့ နည်းတစ်ခုဘဲ။ ကိုသိန်းတို့က ကျွန် တော်တို့ကို အစစအရာရာ ကူညီပေးသလို စိတ်ဓာတ်ခွန်အားလေး ပေးတယ် မဟုတ်လား။ ဒါကို သူတို့ မလိုလားလို့ ခုလို လုပ်တာ ဖြစ်တယ်လို့ ကျွန်တော် ထင်တယ်။ ဌေးဝင်း စိုးသီဟ၏ ပျော်ရွှင် စိတ်ချမ်းသာမှုကား သိပ် ကြာကြာ…

စစ်တပ် CDM တွေအတွက် အမေရိကန် ဖွင့်ပေးတဲ့လမ်း ဘယ်လောက်ပေါက်မလဲ

မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၆ ထက်မနည်းသုံးစွဲပြီး အကူအညီပေးမယ့် အမေရိကန်အစိုးရ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုဥပဒေကို သမ္မတဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၂၉ ရက်မှာ ပူပူနွေးနွေး လက်မှတ်ထိုး အတည်ပြုပေးလိုက်ပါတယ်။ ဒီအထဲမှာ နွေဦးတော်လှန်ရေးအတွက် လက်နက်အကူအညီပေးမယ့် အစီအစဉ်တွေ မပါဝင်ဘူးဆိုသော်ငြားလည်း အမေရိကန်ရဲ့ အကူအညီဟာ အာဏာရှင်ပြုတ်ကျရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အပံ့ဖြစ်ပါလာပါလိမ့်မယ်။ ဒီငွေတွေနဲ့ လူသားချင်းစာနာထောက်ထားမှု၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ…

အားကြိုးမာန်တက် ရှေ့ဆက်သွားမဲ့ CDM တို့ရဲ့ မနက်ဖြန်များ

တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံအနှံ့က ပြည်သူအများဟာ လမ်းတွေပေါ်တက် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ မတရားမှုကို ဆန့်ကျင်ရာမှာ ပညာရေး၊ ကျန်းမာရေး၊ မီးရထားကဲ့သို့သော ပို့ဆောင်ရေးကဏ္ဍက ဝန်ထမ်းတွေနဲ့ တခြားဝန်ကြီးဌာန အသီးသီးက ဝန်ထမ်းတွေကလည်း အကြမ်းမဖက် အာဏာဖီဆန်မှု CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ကြပါတယ်။ လက်နက်ကိုင် စစ်အာဏာရှင်ကို တော်လှန်ရာမှာ ပညာရေးဌာနက နွယ်နီတစ်ယောက်လည်း ပါဝင်လာခဲ့ပြီး မြေဖြူကိုင်တဲ့လက်နဲ့…

တွဲခိုရာ လွန်းကိုဖြတ် အဆုံးသတ်ကြဖို့ မလိုပါ

မြန်မာတစ်နိုင်ငံမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လကနေ နိုဝင်ဘာနောက်ဆုံးပတ်အထိ ၄ လအတွင်း မြို့နယ် ၃၄ မြို့နယ်မှာ မိမိကိုယ်ကို အဆုံးစီရင်သူသူ ၄၄ ဦးအထိ ရှိလာခဲ့ပါတယ်။ ဒါဟာ သတင်းတွေမှာ ဖော်ပြချက်တွေကိုသာ စုဆောင်းရမိခဲ့တာဖြစ်ပြီး တကယ့်လက်တွေ့မြေပြင် အခြေအနေမှာတော့ အရေအတွက်က ပိုမိုများနိုင်ပါတယ်။ ဒါဟာ စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ကို နားလည်မှုအားနည်းနေတာကြောင့် ဖိအားတွေများလာတဲ့အခါမှာ မိမိစိတ်ကိုကောင်းမွန်စွာ မထိန်းချုပ်နိုင်တော့ဘဲ…

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြား ပညာသင်နေကြရတဲ့ ကလေးငယ်များ

နိုင်ငံ့အာဏာကို အဓမ္မသိမ်းယူပြီးနောက် ခုခံတော်လှန်မှုများ နိုင်ငံအနှံ့မှာ ပေါ်ပေါက်လာရာ မြေပြင်တွင်အခြေမလှတော့တဲ့ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုများအပြင် လက်နက်ကြီးများ အသုံးပြုလာပြီး နယ်မြေတစ်ချို့မှာ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းများကိုပါ ပစ်မှတ်အဖြစ် သတ်မှတ်တိုက်ခိုက်လာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေအချို့မှာ ကလေးတွေပညာရေးအတွက် ကိုယ်ထူကိုယ် ထ ကျောင်းလေးတွေကို ကြိုးစားဖွင့်လှစ် သင်ကြားပေးနေကြတာပါ။ ဒါပေမယ့် စစ်ကောင်စီဟာ ကလေးတွေ စာသင်ကြားနေတဲ့…

X-Ray ကြောင့် စိတ်မအေးဖြစ်နေကြရတဲ့ ခရီးသွားပြည်သူများ

သံလွင်တိုင်းမ် ၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ လူသားတိုင်းရသင့်ရထိုက်သော ခံစားထိုက်သော အခွင့်အရေးတွေကို လူ့အခွင့်အရေးကြေညာစာတမ်းဖြစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ကြေညာခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီအုပ်စိုးထားတဲ့ မြန်မာနိုင်ငံမှာတော့ အချက် ၃၀ ပါ အခြေခံလူ့အခွင့်အရေးတွေကို မြန်မာပြည်သူပြည် သားတွေ တစ်ပြားသားမှ မရကြပါဘူး။ မည်သူ့ကိုမှ မတရားနှိပ်စက်ခြင်းမရှိစေရ၊ လူတိုင်း တရားဥပဒေရှေ့တွင် လူသားကဲ့သို့ ဆက်ဆံခံရမည်၊ မည်သူ့ကိုမှ ဥပဒေမဲ့ဖမ်းဆီးခြင်း၊…

တော်လှန်သွေးအပြည့်နဲ့ အဖေ့ခြေရာနင်းခဲ့သူ

လွန်ခဲ့တဲ့ ရက်သတ္တပတ်က လူမှုကွန်ရက်တွေပေါ်မှာ စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း ကျဆုံးသွားခဲ့ရတဲ့ လူငယ်တစ်ဦးရဲ့ သတင်းပိုစ့်အောက်မှာ “သားက ၂၀၂၁၊ အဖေက ၈၈ အာာဏာရှင်ကို တော်လှန်ရင်း အသက်တွေ ပေးသွားလိုက်ကြတာ” ဆိုတဲ့ မှတ်ချက်တွေ မြင်တွေ့ကြမှာပါ။ စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း ကျဆုံးခဲ့ရသူ ဒီလူငယ်ဟာ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) ရဲ့ တာဝန်ခံ ကိုအဂ္ဂ (ခ)…

အာဏာရှင်တို့ရဲ့ဖိနှိပ်မှုကို ထနောင်းလိုရှင်သန်၊ ထနောင်းလိုကျင့်ကြံမဲ့ အညာ

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အညာဒေသလို့ဆိုလိုက်ရင် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို အံတုပြီး ရှင်သန်နေကြတဲ့ အုပ်ဆိုင်းဆိုင်း ထနောင်းပင် ကြီးကြီးငယ်ငယ်တွေ၊ ထန်းပင်၊ ထန်းတောတွေကို မြင်တွေ့ကြရမှာပါ။ ဒီထနောင်းပင်တွေနဲ့ ထန်းပင်တွေအကြားက လယ်ကွင်းပြင်တွေမှာ နွားတွေ၊ နွားလှည်းတွေနဲ့ လုပ်ငန်းခွင်ဝင်နေကြတဲ့ မြင်ကွင်းဟာလည်း အညာရဲ့အလှတရားဖြစ်ပါတယ်။ ပွင့်လင်းရာသီရောက်လို့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ပွဲတော်တွေမှာလည်း နွားနဲ့လှည်းကို အသုံးပြုတတ်ကြပြီး ပွဲတော်ရှိရာကို နွားလှည်းတွေနဲ့…