မှုခင်း

အပစ်ရပ်ပြီးနောက် ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှု အကြိမ်ရေ ၁၀၀ နီးပါးရှိလာ

ကျောက်မဲ ၊ ဇန်နဝါရီ ၂၂ ရှမ်းမြောက်မှာ နှစ်ဘက်တပ်တွေ အပစ်ခတ်ရပ်စဲရေး သဘောတူပြီးနောက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှု အကြိမ်ရေ ၁၀၀ နီးပါးရှိလာတယ်လို့ မြေပြင်အချက်အလက်ကို အခြေခံပြီး သံလွင်တိုင်းမ်ရဲ့ ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။ ဇန်နဝါရီ ၁၂ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ပစ်ခတ်မှု ၇၂…

တော်ဝင်မိသားစုကို ဝေဖန်ခဲ့တဲ့ ထိုင်းနိုင်ငံသား ထောင်အနှစ် ၅၀ ချခံရ

ဘန်ကောက်၊ ဇန်နဝါရီ ၂၀ ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုကိုဝေဖန်ခဲ့မှုနဲ့ပတ်သက်ပြီး နိုင်ငံသားတစ်ဦးကို ထောင်ဒဏ် အနှစ် ၅၀ ချမှတ်ခဲ့တယ်လို့ တရားဥပဒေအခွင့်အရေးဆိုင်ရာအဖွဲ့တစ်ခုက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ချမှတ်ခဲ့တာဖြစ်ပြီး အစိုးရဟာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို တားဆီးဖို့ အဲဒီအငြင်းပွားဖွယ်ရာ ဥပဒေကို အသုံးချမှု ပိုမိုများပြားလာခဲ့တာပါ။ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ မွန်ကိုးလ် သီရာကော့ကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ…

ဘီးလင်းမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၃ ဦး သေဆုံး ၇ ဦးဒဏ်ရာရ

ဘီးလင်း၊ ဇန်နဝါရီ ၁၉ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တက်တူးကုန်းကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘီးလင်းအခြေစိုက် စစ်ကောင်စီရဲ့ ဇီးဝန်းအမြောက်တပ်ကနေ ဒီနေ့ ဇန်နဝါရီ ၁၉ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ အရပ်သားပြည်သူတွေ…

သထုံမှာ အမျိုးသား တစ်ဦး ပစ်သတ်ခံရ

သထုံ၊ ဇန်နဝါရီ ၁၉ မွန်ပြည်နယ်၊ သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ပုတိမ်ရိုးကျေးရွာ ရန်ကုန်-မော်လမြိုင်ကာလမ်းဘေး မှာ မနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ အမျိုးသား တစ်ဦး ပစ်သတ်ခံလိုက်ရတယ် လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ကိုမျိုးမင်း+မမိလေး ကားလက်မှတ်အရောင်းဆိုင်ကို လက်နက်ကိုင် လူတစ်စုရောက်ရှိလာပြီး ကားလက်မှတ်အရောင်း ကိုယ်စားလှယ် အသက်…

စစ်တပ်စစ်ကြောင်းထိုးနေလို့ ဆားလင်းကြီးမှာ ကျေးရွာ ၁၀ ရွာကျော်က ပြည်သူတွေထွက်ပြေး နေရ

ဆားလင်းကြီး – ဇန်နဝါရီ ၁၇ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် မုံရွာဘက်ကမ်းမှ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကို ကူးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဝမ်ပေါက်ကတဆင့် ဆားလင်းကြီးမြို့ထဲကို ညအိပ် စခန်းချလာတဲ့ အတွက် ကျေးရွာ ၁၀ ရွာက ပြည်သူတွေထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်ရောက်ရှိလာပြီးနောက် ပြည်သူတွေထွက်ပြေး တိမ်းရှောင်နေရ တာပါ။ လက်ရှိမှာတော့…

KNU သိမ်းပိုက်ထားတဲ့ လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

မြဝတီ၊ ဇန်နဝါရီ ၁၆ ကရင်အမျိုးသားအစည်းအရုံး KNU တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ် မြဝတီမြို့အနီးက လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားခဲ့တယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ KNLA တော်လှန်ရေးအင်အားစုအဖွဲ့တွေ သိမ်းပိုက်စိုးမိုးထားတဲ့ လက်ခတ်တောင်စခန်းကုန်းကို ဇန်နဝါရီ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်မှာ ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး…

သထုံမှာ စစ်တပ်လက်နက်ကြီးပစ်ခတ်နေလို့ ဒေသခံ ၄၀၀ နီးပါး တိမ်းရှောင်နေရ

သထုံ၊ ဇန်နဝါရီ ၁၆ မွန်ပြည်နယ် သထုံမြို့နယ်ထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၄၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ မနက် ၆ နာရီမှ ည ၉ နာရီအချိန်အထိ သထုံအခြေစိုက်…

အကျင့်ပျက်ခြစားမှုကြောင့် ဗီယက်နမ်ဝန်ကြီး နှစ်ဦး ထောင်ချခံရ

ဟနွိုင်း၊ ဇန်နဝါရီ ၁၄ ကိုဗစ်စစ်ဆေးရေး ကိရိယာအရှုပ်တော်ပုံမှာ အကျင့်ပျက်ခြစားမှုတွေ ကျူးလွန်ခဲ့ကြောင့် စစ်ဆေးပေါ်ပေါက်တဲ့အတွက် ဗီယက်နမ်တရားရုံးက ဝန်ကြီးဟောင်း နှစ်ဦးကို ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီအရှုပ်တော်ပုံမှာ ဒါဇင်နဲ့ချီတဲ့ အရာရှိတွေပါဝင်ပတ်သက်ခဲ့ပြီး သူတို့ဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေ ပြုလုပ်ခဲ့တာကြောင့် အပြစ်ရှိတယ်လို့ စစ်ဆေးတွေ့ရှိထားတဲ့အတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ တရားရုံးက ဆိုထားပါတယ်။ ကျန်းမာရေးဝန်ကြီးဟောင်း ငုယင်သောင်လွန်ဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ…

KNU ကယားပြုံးချောင်းရွာကို စစ်တပ် မီးရှို့၊ နေအိမ် ၂၀ နီးပါး မီးလောင်ပျက်စီး

တောင်ငူ၊ ဇန်နဝါရီ ၁၂ စစ်ရေးတင်းမာမှုအခြေအနေကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ KNU တပ်မဟာ ၂ တောင်ငူခရိုင် ကယားပြုံးချောင်းရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံ နေအိမ် ၂၀ နီးပါးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်က စစ်ကောင်စီတပ်ဟာ တောင်ငူ-သံတောင် ၁၃ မိုင်ကားလမ်း ၅…

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို ထောင်တသက်ချခဲ့တဲ့စစ်ကောင်စီကို IPCM ရှုတ်ချ

မော်လမြိုင် – ဇန်နဝါရီ ၁၂ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝကို စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့တဲ့ အတွက် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM က ကန့်ကွက်ရှုံ့ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ည နဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာပါ။ မှတ်တမ်းရုပ်ရှင်ရိုက်ကူးခြင်း၊ သတင်းရေးသားတင်ဆက်ခြင်းဟာ သတင်းမီဒီယာကျင့်ဝတ်အရ ဖြစ်စေ၊ နိုင်ငံတကာဥပဒေ၊တည်ဆဲဥပဒေတွေအရဖြစ်စေ ပြည်သူတို့ရဲ့…