မာတီ မီဒီယာ

ပြည်နယ်တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် တရားမျှတမှုမရှိသောကြောင့်ဟုဆိုကာ ဆန္ဒထုတ်ဖော်

မော်လမြိုင်၊ အောက်တိုဘာ ၁၆ ပြည်နယ်တရားရုံး၏ဆုံးဖြတ်ချက်သည် တရားမျှတမှုမရှိတာကြောင့် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ရှိ သုဓမ္မဝတီသီလရှင်စာသင်တိုက် သာသာနာမြေဆုံးရှုံးခဲ့ရသည့်အတွက် ဒေသခံပြည်သူများနှင့်သံဃာတော်များက မွန်ပြည်နယ်တရားရုံးကို ယနေ့(၁၂)နာရီတွင် မော်လမြိုင်မြို့မှာ ဆန္ဒပြခဲ့ကြပါသည်။ နှစ်ဦးနှစ်ဖက်အငြင်းပွားလျက်ရှိသည့် သာသနာမြေပိုင်ဆိုင်မှုပြသာနာနဲ့ပတ်သက်ပြီး ပြည်နယ်တရားရုံးအနေနဲ့ ဒေသခံများကိုခေါ်ယူစစ်ဆေးခြင်းမပြုလုပ်ဘဲ အမှုကိုပလတ်လိုက်သည့်အတွက် ဒေသခံများကဆန္ဒပြရခြင်းဖြစ်တယ်လို့ ဦးဆောင်သူ ဦးဝင်းနိုင်ကပြောသည်။ “ကျွန်တော်တို့ကိုတစ်ကြိမ်တစ်ခါမှမခေါ်ဘူး။ တစ်ခါမှလဲမစစ်ဆေးပဲနဲ့ဒီအမှုကို ပလတ်လိုက်တယ်။ ကျွန်တော်တို့ကိုခေါ်ယူစစ်ဆေးပြီး ဒါကမဟုတ်ပါဘူးဆိုရင်လက်ခံတယ်။ ခုဟာက တရားသူကြီး ဖြူလား…

ပေါင်းစည်းထားတဲ့ မွန်ပါတီရဲ့ ရှေ့ခရီး

ပေါင်းစည်းထားတဲ့ မွန်ပါတီရဲ့ ရှေ့ခရီး +++++++++++++++++++++++ ပေါင်းစည်းထားတဲ့ မွန်ပါတီရဲ့ ရှေ့ခရီးက ဘယ်လိုရှိလာမလဲ။ ပေါင်းစည်းရေးအတွက် ဆောင်ရွက်ခဲ့သူများရဲ့ အသံများကို သံလွင်တိုင်းမ်သတင်းဌာနက စုစည်းပြီး ဖော်ပြသွားမှာဖြစ်ပါတယ်။ ယခုတစ်ပတ်အတွက် ပေါင်းစည်းရေးအဖွဲ့ထဲက ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါက်တာအောင်နိုင်ဦးရဲ့ ဆွေးနွေးချက်ကို ဖော်ပြလိုက်ပါတယ်။ ရိုက်ကူး – နောင်ခန့်

နှစ် (၃၀) ကြာမှ ပြန်လည်ကျင်းပတဲ့ ဘီလူးကျွန်းက လှေပြိုင်ပွဲ

ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ် မုရစ်ကလေးကျေးရွာအုပ်စု ဝယ်လမ်းကန်တော်ကြီး၌ ရိုးရာလှေပြိုင်ပွဲကို စက်တာင်ဘာလ (၂၂)ရက်နေ့က စတင်ကျင်းပနေပြီဖြစ်ပါတယ်။ ပြိုင်ပွဲကို စက်တင်ဘာ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပါတယ်။ ပြိုင်ပွဲအမျိုးအစားများမှာ တစ်တက်လှော်၊ နှစ်တက်လှော်၊ သုံးတက်လှော်လို့ ခွဲခြားထားပြီး တစ်တက်လှော်တွင် ပြိုင်ပွဲဝင် ၆ ဖွဲ့ ၊ နှစ်တက်လှော် ၇ ဖွဲ့ ၊…

ကျားတံတားဘိန်းမုန့်

ကျားတံတားဘိန်းမုန့် ++++++++++++++ (တိုင်းရင်းသားရိုးရာအစားအစာအစီအစဉ်) မော်လမြိုင်က အောက်လမ်းမကြီးနဲ့ ကျားတံတားလမ်းထောင့်က ကျားတံတားဘိန်းမုန့်ဆိုရင် လူတော်တေယ်များများသိကြမှာပါ။ မျိုးဆက်သုံးခုအမွေအနှစ်လုပ်ငန်းအဖြစ် လက်ဆင့်ကမ်းလာခဲ့သည့် ကျားတံတားဘိန်းမုန့်လုပ်ငန်းကို သံလွင်တိုင်းမ်ရဲ့ တိုင်းရင်းသားရိုးရာအစားအစာကဏ္ဍအဖြစ် တင်ဆက်လိုက်ပါတယ်။ ကျားတံတားဘိန်းမုန့်လုပ်ငန်းကို နောက်ထပ်မျိုးဆက်တွေကို လက်ဆင့်ကမ်းတော့မှာမဟုတ်ဘူးလို့ လက်ရှိလုပ်ကိုင်နေတဲ့သူတွေက ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် မော်လမြိုင်က ကျားတံတားဘိန်းမုန့်ကို မြည်းစမ်းဖို့ သတင်းပါးပါရစေ။ ရိုက်ကူး – နောင်ခန့်

မြို့ဝင်ကြေးကောက်ခံသည့် ဂိတ်ဖျက်သိမ်းပေးရန် မွန်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်း

မော်လမြိုင်၊ စက်တင်ဘာ ၁၂ မွန်ပြည်နယ်မှာ မြို့ဝင်ကြေးကောက်ခံနေတဲ့ဂိတ်စခန်းတွေကို ဖျက်သိမ်းပေးဖို့အတွက် ဒီကနေ့ ကျင်းပတဲ့ (၁၁)ကြိမ်မြောက် မွန်ပြည်နယ်လွှတ်တေ်ာအစည်းအဝေးမှာ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက အဆိုတင်သွင်းခဲ့သည်။ “မြို့ဝင်ကြေးဂိတ်တွေကြောင့် ခရီးသွားပြည်သူတွေ စိတ်အနှောင့်ယှက်ဖြစ်ရတဲ့အတွက် ဖျက်သိမ်းသင့် တယ်လို့“ ဦးအောင်ကျော်သူက ပြောသည်။ မြို့ဝင်ကြေးကောက်ခံရရှိတဲ့အခွန်အခတွေကနေ ရပ်ရွာဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်ပေးနေသော်လည်း ခရီးသွားပြည်သူတွေရဲ့စိတ်ချမ်းသာမှုကို ဦးစားပေးရွေးချယ်သင့်တာကြောင့် မြို့ဝင်ကြေးဂိတ်ဖျက်သိမ်းရန် အဆိုကို ရေးမြို့နယ် မဲဆန္ဒနယ်အမှတ်…

ရိုက်တာသတင်းထောက်နှစ်ဦးပြန်လွှတ်ပေးရန် မွန်၊ ကရင် သတင်းထောက်များ စုပေါင်းဆန္ဒဖော်ထုတ်

မော်လမြိုင်၊ စက်တင်ဘာ ၇ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် ထောင်ဒဏ် (၇) နှစ် ချမှတ်ခံထားရသော ရိုက်တာ သတင်းထောက်နှစ်ဦးကို ပြန်လွှတ်ပေးရန် မွန်ပြည်နယ်၊ ကရင်ပြည်နယ်အခြေစိုက်သတင်းထောက်များက ယနေ့မနက်ပိုင်းက မော်လမြိုင်မြို့တွင် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။ မော်လမြို့တွင်းစီတန်းလှည့်လှည်ပြီး ကျိုက်သုတ်ဘုရားတွင် ဖမ်းဆီးခံသတင်းသမားများအတွက် ဝတ်ပြုဆုတောင်းခြင်းများ ပြုလုပ်ခဲ့သည်။