ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် MWRN ဥက္ကဋ္ဌ ဦးအောင်ကျော်နဲ့ ဆက်သွယ်မေးမြန်းချက်။
“ခရီးသွားလာရင်းနဲ့ မသင်္ကာလို့ တားမြစ်စစ်ဆေးရင်းနဲ့ တရားမဝင်လုပ်သားတွေ သယ်ဆောင်လာလို့ ဖမ်းဆီး အရေးယူခံရတာတွေ၊ တချို့ပွဲစားတွေကျတော့လည်း တောတွင်းတနေရာမှာ မူလကတိပြုထားတဲ့ နေရာအ ထိပို့ဖို့ သူတို့အတွက် ပွဲစားတွေအတွက် အန္တရာယ်ရှိလို့ဆိုပြီး လုပ်သားတွေကို ဒီနေရာမှာ ခေတ္တစောင့်ဆိုင်းပါ ဆိုတာမျိုး စွန့်ပစ်ထားခဲ့တာမျိုးတွေရှိတယ်” မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာ တာ၊ နိုင်ငံရေး၊ စစ်ရေးအခြေအနေ မငြိမ်မသက်မှုတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့အတွက်…