သတင်း

ပေါင်မြို့တွင်သက်ငယ်မိန်းကလေးပျောက်ဆုံးမှု ဆက်တိုက်ဖြစ်နေ

အသက်၁၆နှစ်ဝန်းကျင် သက်ငယ် မိန်းကလေးပျောက်ဆုံးမှု ပေါင်မြို့နယ်အတွင်းဆက်တိုက်ဖြစ်ပွားနေပြိး ရဲစခန်းများသ ို့ လူပျောက်တိုင်ကြားခြင်းပြုလုပ်တိုင်ကြားမှု ကြောင့်ပြန်လည်တွေ့ရှိမှုများရှိသလို ၊ပျေက်ဆုံးနေဆဲ မိန်းကလေးများလည်းရှိနေသေးကြောင်းရဲတပ်ဖွဲ့သို့မေးမြန်းအတည်ပြုသိရသည်။<!--more--> အင်တာနက် ဖေ့ဘုတ် အသုံးပြုသူ မိန်းကလေးများအားရင်းနှီးအောင်ပြုလုပ်ပြီးတစ်နေရာတွင်တွေ့ဆုံရန် ချိန်းဆိုမှု ပြုလုပ်ကာ ရပ်ဝေးဒေသများသို့ခေါ်ယူသွားမှုများရှိနေပြီး ၊သားမယားအဖြစ် ပေါင်းသင်းမှုများရှိသကဲ့သို့ အသက်မပြည့်သူကိုကို ခိုးယူပေါင်းသင်းမှုကြောင့်တည်ဆဲဥပဒေ အရအရေးယူ ခံရမှုများရှိနေသည် စုံစမ်းဖေါ်ထုတ်မရသေးသော မိန်းကလေးပျောက်ဆုံးမှုများလည်းရှိနေသေးသည်ဟုသိရသည်။ “ကျွန်တော်တို့စခန်းအပိုင်မှာတော့ ၂၀၁၆ နှစ်စကနေဒီနေ့အထိလူပျောက်မှု ၉ ခုလာတိုင်ထားတယ်…

စပါးဈေးများကျဆင်းနေမှုကြောင့် သိုလှောင်ထားသူများအရှုံးပေါ်

လွန်ခဲ့သောတစ်လခန့်ကစတင်ပြီး စပါးဈေးများကျဆင်းနေခဲ့ရာ ပေါ်ဆန်းမွှေးစပါး တင်းတစ်ရာကို ယခင်လက ၉သိန်းကျပ် ကျော်စှေးပေးဝယ်ယူနေသော်လည်း ယခုရက်ပိုင်းအတွင်း ၇ သိန်း ကျပ်သာပေါက်ဈေးရှိနေသော်လည်း ကုန်သည်များအနေဖြင့် လိုက်လံဝယ်ယူမှုသိသိသာသာနည်းပါးသွားကြောင်း စပါးကုန်သည်များအားမေးမြန်းသိရသည်။<!--more--> “လယ်သမားတွေက ငွေမလိုဘူးဆိုပြီး ဈေးကောင်းစောင့်ကြတယ် မနှစ်က ဒီအချိန်မှာဈေးတက်တာနဲ့ဆုံထားတာလေ ကံနဲ့လည်းဆိုင်တယ် အချို့ ကုန်သည် တွေကလည်းဝယ်လှောင်ထားမိပြီး အခုလိုဈေးက မတရားကြီးရုတ်တရက်ထိုးကျတော့အထိနာကြတာပေါ့“ဟု စပါးကုန်သည်နှင့်ဆန်စက်လုပ်ငန်းလုပ်ကိုင်သူ ပေါင်မြို့ပေါင်းရပ်ကွက်နေ ကိုစိုးနိုင် က ရှင်းပြခဲ့သည်…

လွှတ်တော်တွင် မေးခွန်း၊အဆို များအားပြည်နယ်အစိုးရ ၏တုံ့ပြန်မှု အားနည်းဟုဆို

မွန်ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ်များ၏ အဆိုများ မေးခွန်းများအပေါ် ပြည်နယ်အစိုးရ၏ တုံ့ပြန်မှု မှာအားနည်း နေပြီး ထိရောက်မှု ၅၀% ခန့်သာရှိနေသေးကြောင်း ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ်၂ မှမွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦး

MCL ဘိလပ်မြေစက်ရုံမှတည်ဆောက်ရေးအလုပ်သမားများ လုပ်ခလစာမရသည့်အတွက် စုပေါင်းတောင်းဆို

ကျိူက်မရော၊ အောက်တိုဘာ၁၉ MCL ဘိလပ်မြေစက်ရုံမှ တည်ဆောက်ရေး လုပ်ငန်းခွင်မှ အလုပ်သမားများ လုပ်ငန်းများအပ်နှံ ပြီးစီးသော်လည်း လုပ်အားခများ ရှင်းလင်းပေးခြင်းမရှိသောကြောင့် တရုတ်ကုမ္ပဏီ Citic ရုံးခန်းရှေ့တွင် အောက်တိုဘာလ(၁၉)ရက်နေ့ နေ့လည်ပိုင်းက သွားရောက်တောင်းဆိုခဲ့ကြောင်း သိရသည်။

ယောက္ခမဖြစ်သူကို သားမက်က သတ်သည့် လူသတ်မှုပေါင်မြို့တွင်ဖြစ်ပွား

ပေါင်၊ အောက်တိုဘာ ၁၉ ယောက္ခမအိမ်တွင် တစ်အိမ်တည်းအတူနေထိုင်သည့် သားမက်ဖြစ်သူက ခိုက်ရန်ဖြစ်ပွားစဉ် တံစင်း သံချွန်ဖြင့်ထိုးသတ်ထွက်ပြေးသွားသည့်အမှုဖြစ်စဉ်တစ်ခု အောက်တိုဘာ(၁၉) ရက်နေ့က ပေါင်မြို့နယ်တွင်ဖြစ်ပွားခဲ့သည်။

ဝဲခမိကျေးရွာအုပ်စု ကလိန်းပဒေါကျေးရွာတွင် ဘိန်းစားရွက်ပင်များနှင့် လက်လုပ်သေနတ်များဖမ်းဆီးရမိ

သံဖြူဇရပ်၊ အောက်တိုဘာ ၁၉ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအုပ်စု ကလိန်းပဒေါကျေးရွာတွင် အောက်တိုဘာ (၁၈)ရက်နေ့က သံဖြူဇရပ်မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိရဲအုပ်အေးမင်းထွန်းဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများ နှင့် အတူ သတင်းအရ ဘိန်းစားရွက်ပင်များ စိုက်ပျိုးထားကြောင်းသိရှိရ၍ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိ ပါသည်။

ကျိုက်ထီးရိုးဂေါပကသစ်လုပ်ရပ် အားကျေနပ်မှုမရှိဟုဆိုကာ လုပ်ငန်းရှင်တစ်ဦး သတင်းစာရှင်းလင်း

မော်လမြိုင်၊ အောက်တိုဘာ၁၉ ကျိုက်ထီးရိုးဂေါပကအဖွဲ့သစ်က ယခုလဆန်းတွင် စေတီတော်ပတ်ဝန်းကျင်မှလုပ်ငန်းများအားလုပ်ကိုင်ခွင့်ထပ်မံချထားခွင့်ပြုခဲ့သော်လည်း ကင်ပွန်းစခန်းရှိ လုပ်ငန်း(၆၈) ခုအနက် (၆၇) ခုကိုသာ ပြန်လည်ခွင့် ပြုခဲ့ပြီး ယာဉ်ဝင်ခွင့် လုပ်ငန်းလုပ်ကိုင်သူဦးခင်လှကိုမူ ခွင့်ပြုချက်မပေးတော့သည့်လုပ်ရပ်

မှိုသီးရောဂါကျရောက်သော စပါးခင်းမှစပါးများအား မျိုးအဖြစ်မသုံးသင့်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တားမြစ်

မုဒုံ၊ အောက်တိုဘာ ၁ မုဒုံမြို့နယ်၊ ဝက်တဲကျေးရွာ၊ကွင်းအမှတ်(၈၄၅(ခ))အတွင်းရှိ လယ်ပိုင်ရှင်တစ်ဦး၏ မိုးစပါးစိုက်ကွက်အတွင်းစိုက်ပျိုးထားသည့် စပ်မျိုးစပါးခင်း၌ စပါးမှိုသီးရောဂါပြင်းထန်စွာကျရောက်ခဲ့ရာ စပါးမှိုသီးရောဂါမှမျိုးစေ့ဆောင်ရောဂါအဖြစ်တည်ရှိနေနိုင်ပါသဖြင့် မှိုသီးရောဂါကျရောက်သောစပါးခင်းမှစပါးများအား

မွန်ပြည်နယ်ရှိ လူထုဗဟိုပြုစီမံကိန်းကို တတိယမြို့အဖြစ် ပေါင်မြို့တွင်လုပ်ရန်ရွေးချယ်ထား

ပေါင်၊ အောက်တိုဘာ ၁၈ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုပ်ကိုင်နေသော လူထု ဗဟိုပြု စီမံကိန်းဆောင်ရွက်မည့် အစီအစဉ်တွင် မွန်ပြည်နယ်အတွင်း တတိယမြောက်မြို့နယ်အဖြစ် ပေါင်မြို့နယ်ကိုရွေးချယ်ထားကြောင်းသိရသည်။

သံဖြူဇရပ်တွင် ပါတီ(၂၈)နှစ်ပြည့်အခမ်းအနားကျင်းပရန် တစညပါတီပြင်ဆင်

သံဖြူဇရပ်၊ အောက်တိုဘာ ၁၉ သံဖြူဇရပ်မြို့နယ် တစညပါတီအနေဖြင့် ပါတီ(၂၈)နှစ်ပြည့်အခမ်းအနားကျင်းပပြုလုပ်ရန် ပြင်ဆင်နေ ကြောင်း ယင်းပါတီထံမှသိရသည်။