ကိုဗစ်ကာလ ဘဲဥစျေးကျပြီး ကုန်ကြမ်းစျေးကြီးမှုကြောင့် လုပ်ငန်းရှင်တွေ အခက်တွေ့နေ
ရေး ၊ ဇူလိုင် ၂၇ မွန်ပြည်နယ်ရဲ့ ဘဲဥအထွက်နှုန်း အများဆုံးဖြစ်တဲ့ ရေးမြို့နယ်မှာ ကိုဗစ်ကာလအတွင်း ဘဲဥဈေးနှုန်းကျဆင်းပြီး ကုန်ကြမ်းဈေးကြီးမှုတွေကြောင့် မွေးမြူရေးလုပ်ငန်းရှင်တွေမှာ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ ပုံမှန်အချိန်မှာ ဘဲဥတစ်လုံးကို ကျပ် (၁၃၀) ခန့် ပေါက်စျေးရှိပြီး ကိုဗစ်ကာလမှာတော့ တစ်လုံးကို ကျပ် (၇၀) နဲ့ (၉၀) ဝန်းကျင်သာ စျေးနှုန်း ရရှိတော့တာပါ။ အခုလို…