မြိတ်မြို့ စည်ပင်ဥက္ကဌဟောင်း နေအိမ်ကို စစ်ကောင်စီဘက်က ချိတ်ပိတ်
မြိတ်၊ နိုဝင်ဘာလ ၈ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ထုံးဖိုလမ်းရှိ စည်ပင်ဥက္ကဟောင်းနေအိမ်ကို နိုဝင်ဘာလ ၈ ရက်နေ့မှာ စစ်ကောင်စီက ချိတ်ပိတ် သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။ ယနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဦးမြတ်ကိုကိုနေအိမ်ကို ရောက်ရှိလာပြီး ဗီနိုင်းကပ် ချိတ်ပိတ်သွားတာ ဖြစ်ပါတယ်။ မြိတ်မြို့ စည်ပင်ဥက္ကဌဟောင်း ဦးမြတ်ကိုကိုဟာ PDF အဖွဲ့များနဲ့ဆက်နွယ်ပတ်သက်နေတယ်လို့ဆိုကာ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ဒေသခံတွေက ဆိုပါတယ်။…