(၁၄၂)ကြိမ်မြောက် မုဒုံလှေလှော်ပြိုင်ပွဲကျင်းပ ကန်ကြီးရပ်ကိုယ်စားပြု ဇာတိမာန်အသင်း ပထမဆုဆွတ်ခူး
မုဒုံ၊ အောက်တိုဘာ ၁၇ (၁၄၇)ကြိမ်မြောက် မုဒုံလှေလှော်ပြိုင်ပွဲတွင် အကြီးတန်း၌ ကန်ကြီးကိုယ်စားပြုအသင်းဖြစ်သည့် ဇာတိမာန်အသင်းနှင့် အငယ်တန်း၌ တက်သစ်စအသင်းတို့က ပထမဆုရရှိသွားကြောင်းသိရသည်။<!--more--> ပြိုင်ပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများတက်ရောက်ကြပြီး ဆုရအသင်းများကို လည်း ဆုများချီးမြှင့်ခဲ့သည်။ “ကျွန်တော်တို့ လှေအသင်းက ဒီနှစ်မှ အငယ်တန်းမှာ လူသစ်အနေနဲ့စပြိုင်ခဲ့တယ်။ ကြိုးစားပြီးယှဉ်ပြိုင်ခြင်းရလာဒ်က ပထမရခဲ့ပြီးဒီဆုကို ဝန်ကြီးချုပ်ကိုယ်တိုင်ချီးမြှင့်တော့ပိုပြီးအမှတ်တရဖြစ်တယ်။ ဒီဆုအပေါ်မှာ လည်းဂုဏ်ယူတယ်”ဟု အငယ်တန်းတွင် ပထမဆုရရှိသည့်တက်သစ်စလှေအသင်းသားများက…