သတင်း

နိုဝင်ဘာလ တတိယအပတ် ကုန်ဈေးနှုန်းများ

အမျိုးအစား အရေအတွက် ဈေးနှုန်း(ကျပ်) ပေါ်ဆန်းမွှေး(ရိုးရိုး) ၁ပိပြည် ၉၀၀ ပေါ်ဆန်းမွှေး(တောင်ပျံ) ၁ပြည် ၁၀၀၀ ပေါ်ဆန်းမွှေး(မွှေးဝါ) ၁ပြည် ၁၁၀၀ ပေါ်ဆန်းမွှေး(ဖျာပုံ) ၁ပြည် ၁၄၀၀ ပေါ်ဆန်းမွှေး(ပုသိမ်) ၁ပြည် ၁၆၀၀ ပေါ်ဆန်းမွှေး(မြောင်းမြ) ၁ပြည် ၁၇၀၀ ပေါ်ဆန်းမွှေး(ရွှေဘို) ၁ပိသာ ၁၉၀၀ ဘန်ကောက် ၁ပြည် ၇၀၀

ဆောက်သန်းမြန်မာအသင်း၏ရွေးချယ်ခြင်းခံခဲ့ရပြီးနောက် မော်လမြိုင်အိမ်ကွင်းမှာ ခြေစွမ်းပြခွင့်ရရှိပြီဟု နောက်တန်းလူ နိုင်နိုင်ပြောကြား

မော်လမြိုင်၊ နိုဝင်ဘာ ၁၇ ဆောက်သန်းမြန်မာ အသင်းက ကစားသမားအသစ်များနှင့် ၎င်း၏အသင်းကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး စာချုပ်သစ်ချုပ်ဆိုရာတွင် မော်လမြိုင်မြို့မှ နောက်တန်းကစားသမားတစ်ဦးလည်း ပါဝင်ခဲ့သည်။

အော်စကာ၊စတားရစ်ချ်နဲ့ လမ်းပတ်တို့(၃) ဦး ၎င်းတို့၏အသင်းမှ ထွက်ခွာဖွယ်ရှိ၊ မက်ဆီနှင့် အသင်းဖော် တစ်ချို့ ပျို့အန်ပြီး နေမကောင်းဖြစ်

ချယ်ဆီးအသင်းဟာ နည်းပြ ကွန်တီ လက်အောက်တွင် ခြေစွမ်းပျောက်ဆုံးနေတဲ့ ကွင်းလယ်လူ အော် စကာကို ရောင်းချဖို့ပြင်ဆင်နေပါတယ်။ အော်စကာကို ပြီးခဲ့တဲ့ (၄) နှစ်လောက်က ဘရာဇီးကလပ်ကနေ ခေါ်ယူခဲ့ပြီး အခုချိန်မှာ အင်တာ နှင့် တရုတ် ကလပ် အသင်းတို့က ၎င်းကိုခေါ်ယူဖို့ စောင့်ကြည့်နေကြပါ တယ်။

သံဖြူဇရပ်မြို့ တန်ဆောင်တိုင် မီးထွန်းပွဲ အထိမ်းအမှတ် လမ်းကြမ်းစက်ဘီးပြိုင်ပွဲ ထည့်သွင်းကျင်းပ

သံဖြူဇရပ် နိုဝင်ဘာ ၁၅ သံဖြူဇရပ်မြို့နယ်တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်အထိမ်းအမှတ် ကီလိုမီတာ(၇၀) လမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲအား နိုဝင်ဘာ(၁၄)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဘုရားလှည့်လည်ပင့်ဆောင်ပွဲတွင် အသုံးပြုသည့် ဂီတအမျိုးအစားအပေါ် ဝေဖန်မှု များလာ

Dawei Watch ထားဝယ်၊ နိုဝင်ဘာ ၁၃ ထားဝယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် နှစ်ကျိပ်ရှစ်ဆူဘုရားများကို ရပ်ကွက်အတွင်းလှည့်လည်ပြီး ဘုရားကြီး ဝင်းအတွင်း ပြန်လည်ပို့ဆောင်ချိန်တွင် ရပ်ကွက်တချို့က အသုံးပြုသည့် ဂီတအမျိုးအစားအပေါ် ဝေဖန်မှု မြင့်တက်လျက်ရှိသည်။

ဟိုတယ်ဇုန်လုပ်ရန် မောင်းမကန်ကမ်းခြေ တစ်ဝိုက် တိုင်းအစိုးရ မျက်စိကျ

Dawei Watch ထားဝယ်၊ နိုဝင်ဘာ ၁၂ ထားဝယ်ဒေသတွင် ဆောက်လုပ်မည့် ဟိုတယ်ဇုန်အား မောင်းမကန်ကမ်းခြေ ဧရိယာတစ်ဝိုက်တွင် ဖော်ဆောင်ရန် လျာထား ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

အစိုးရမီတာ တပ်မည်ဟူသည့် ဝန်ခံဖြင့် ထားဝယ်ခရိုင်အတွင်း ကျေးရွာအချို့ မီးလင်း

Dawei Watch ထားဝယ်၊ နိုဝင်ဘာ ၁၄ ၃ လအတွင်း ဌာနမီတာ တပ်ဆင်ပါမည်ဟူသည့် ဝန်ခံကတိချက်ပြုဖြင့် ထာဝယ်ခရိုင်အတွင်း ကျေးရွာအချို့ သဘာဝဓာတ်ငွေ့ လျှပ်စစ်မီး ရရှိနေပြီဖြစ်ကြောင်း ကျေးရွာများနှင့် တိုင်းလျှပ်စစ်ရုံးထံမှ သိရသည်။

ဂျပန်နိုင်ငံရှိ Waseda တက္ကသိုလ် တက်ရောက်ရန်အတွက် မြန်မာနိုင်ငံသားများ ပညာသင်ဆု လျှောက်ထားနိုင်

ဂျပန်နိုင်ငံ၊ Waseda တက္ကသိုလ်မှ မြန်မာနိုင်ငံသားများအတွက် သီးသန့်ကမ်းလှမ်းထားသည့် Special Scholarship Program exclusively For the Republic of the Union of Myanmar ပညာ သင်ဆုကို မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်ပြီး အဆိုပါ ပညာသင်ဆုအတွက် တစ်လလျှင် ဂျပန် ယမ်းငွေ တစ်သိန်း တစ်သောင်းပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

ဒုံသမိချောင်းအတွင်းကူးတို့ပို့သည့် တွဲလှေမှောက်ကာ လှေပေါ်ပါ(၄)ဦးပျောက်ဆုံးနေ

ဘားအံ၊ နိုဝင်ဘာ ၁၅ ဘားအံမြို့နယ်၊ ရေကျော်လေးကျေးရွာအနီး ဒုံသမိချောင်းအတွင်း နိုဝင်ဘာလ(၁၅)ရက်နေ့ နံနက်ပိုင်း တွင် ကူးတို့ကူးပို့သည့် ဖောင်တွဲလှေ ရေဝင်နစ်မြုပ်ကြောင်း

ထိုင်းဘတ်ငွေအတုပြုလုပ်သူများအား မြဝတီမြို့၌ ဖမ်းဆီးရမိ

မြဝတီ၊ နိုဝင်ဘာ ၁၄ ကရင်ပြည်နယ်၊ မြဝတီနယ်စပ်မြို့တွင် နိုဝင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် လှည့်ကင်းဆောင်ရွက်နေသည့်ပူးပေါင်းအဖွဲ့မှ ထိုင်းဘတ်ငွေအတုကိုင်ဆောင်သူအား ဖမ်းဆီးရမိ၍ ဆက်လက် ဖော်ထုတ်ရာမှပူးပေါင်းပါဝင်သူ(၂)ဦးကိုပါ သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း