နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့တွင် အဖွဲ့ဝင်သစ်များပါဝင်လာနိုင်ရန် မူဝါဒပြောင်းလဲ
မဲဆောက်၊ သြဂုတ် ၃၁ နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ BNI သည် ယင်းတို့၏ ၂၆ ကြိမ်မြောက် စုံညီအစည်းအဝေးတွင် အဖွဲ့သစ်များလက်ခံနိုင်ရေးမူဝါဒတစ်ရပ်ကို ပြင်ဆင်လိုက်ပြီး တိုင်းရင်းသားအခြေပြုမီဒီယာအဖွဲ့များသာမက ဒေသအခြေပြုမီဒီယာအဖွဲ့များပါ ပါဝင်နိုင်ရန် အခြေအနေများရှိလာပြီဖြစ်သည်။ ယင်းစုံညီအစည်းအဝေးတွင်ပင် အဖွဲ့ဝင်အသစ်လျှောက်ထားခဲ့သော ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) ကို အဖွဲ့ဝင်သစ်အဖြစ်လက်ခံခဲ့သည်။ ယခုအခါ နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့တွင် အဖွဲ့ဝင် (၁၄) ဖွဲ့ရှိလာပြီဖြစ်သည်။…