သတင်း

ထားဝယ်မှာ အသက်မပြည့်သေးသည့် မိန်းကလေး ၂ ဦးအပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ထားဝယ်၊ စက်တင်ဘာလ ၁၃ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ၊ ဆန်းချီရပ်ကွက်မှာ စက်တင်ဘာလ ၁၂ ရက်နေ့ ညက အသက်မပြည့်သေးသည် မိန်းကလေး ၂ ဦးအပါအဝင် စုစုပေါင်း ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ အဆိုပါ မိန်းကလေးတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်သည်ဟု အကြောင်းပြချက်နဲ့လာရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေမှာ အသက် ၁၀ နှစ်အရွယ်…

စစ်ရှောင်ပြည်သူအချို့ ကိုဗစ်လက္ခဏာနဲ့ သေဆုံးတာတွေ ရှိနေ

မော်လမြိုင်၊ စက်တင်ဘာ ၁၃ ကျိုက်ဒုံဒေသမှာ စစ်ဘေးကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ ဒေသခံရွာသားအချို့ ကိုဗစ်လက္ခဏာနဲ့ သေဆုံးတာတွေရှိနေပြီး စစ်ဘေးရှောင်သူတွေအတွက် ဆေးဝါးအကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေထဲမှာ အများစုက ကိုဗစ်ရောဂါကူးစက်ခံနေရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ဘေးရှောင်ရွာသား နှစ်ဦး ကိုဗစ်ရောဂါလက္ခဏာနဲ့ သေဆုံးသွားခဲ့တယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ “သူ့လက္ခဏာတော့ ကျနော်တို့ ကြည့်ရသလောက်တော့လက္ခဏာက ကိုဗစ်သက်သက်ပဲရော။ ချောင်းဆိုးလည်းဆိုးတယ်…

စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့် ဘီးလင်း မြစ်ကျိုးရွာမှာ ရောက်ရှိနေ

ဘီးလင်း၊ စက်တင်ဘာ ၁၃ ဘီးလင်းမြို့နယ်ရှိ ကြသောင်းဆိပ်ရွာသို့ သွားရန် စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့် စက်တင်ဘာလ ၁၂ ရက်နေ့မှာ မြစ်ကျိုးရွာကို ရောက်ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့မှာ လေးကေ ကျေးရွာရှိ ခလရ(၈)လက်အောက်ခံ စစ်ကောင်စီတပ်နဲ့ BGF အဖွဲ့တို့ဖြစ်တယ်လို့ ဆိုပါတယ်။ “မနေ့ကတည်းက လေးကေဘက်က တက်လာကြတယ်။ ကြသောင်းဆိပ်တက်ဖို့လို့တော့…

ရေးကာကွယ်ရေးအထူးတပ်ဖွဲ့က ရဲတစ်ယောက်ကို အနီးကပ် ဓားဖြင့်ထိုးသတ်ခဲ့

ရေး၊ စက်တင်ဘာလ ၁၃ ရေးမြို့နယ်၊ နှင်းစုံကျေးရွာအနီးမှာ ပိတ်ဆို့စစ်ဆေးနေတဲ့အဖွဲ့ထဲက ရဲတပ်သားတစ်ဦးကို စက်တင်ဘာလ ၁၂ရက်နေ့မှာ ရေးကာကွယ်​ရေးအထူးတပ်ဖွဲ့ဝင်နှစ်ဦးက အနီးကပ် ဓားဖြင့်ထိုးသတ်ခဲ့ပါတယ်။ ပိတ်ဆို့စစ်ဆေးနေတဲ့ စစ်ကောင်စီအဖွဲ့ကို သွားရောက်တိုက်ခိုက်ဖို့ စီစဥ်ခဲ့တာဖြစ်ပေမယ့် ပစ်ခတ်မှုတွေ မဖြစ်ခဲ့ဘဲ တစ်ဦးတည်း ကျွံထွက်နေတဲ့ ရဲတပ်သားကို ဓားဖြင့် ထိုးသတ်ခဲ့တာလို့ ဆိုပါတယ်။ “ ကျွန်တော်တို့ ၁၀ ရက်နေ့မှာ ရဲရေးစခန်းကို ဗုံးခွဲတိုက်မှု…

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းလို့ အမှုမစစ်ဖြစ်

မော်လမြိုင်၊ စက်တင်ဘာ ၁၃ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းလို့ ဒီကနေ့ စက်တင်ဘာ ၁၃ ရက်နေ့ ရုံးချိန်းမှာ အမှုစစ်ဆေးနိုင်ခြင်း မရှိဘူးလို့ ရှေ့နေ ဦးခင်မောင်ဇော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည့် အပါအဝင် သမ္မတဦးဝင်းမြင့် နဲ့နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့ အမှုအတွက် နေပြည်တော်က အထူးတရားရုံးမှာ စစ်ဆေးဖို့ စီစဉ်ထားခဲ့တာပါ။…

ကျိုက်ထိုမှာ ခြံလုပ်သားတွေရဲ့ ကိုယ်ရေးအချက်အလက် ကို စစ်ကောင်စီ ကောက်ယူနေ

ကျိုက်ထို၊ စက်တင်ဘာ ၁၃ ကျိုက်ထိုမြို့နယ်က ခြံလုပ်သားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေက တောင်းယူနေလို့ လုပ်သားတွေအကြားမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ပွင့်လင်းရာသီရောက်ပြီးဖြစ်လို့ လယ်ယာလုပ်သားတွေနဲ့ ရာဘာခြံလုပ်သားတွေဟာ နံနက်စောစောနဲ့ ညနက်ပိုင်းတွေမှာ လုပ်ငန်းခွင်ထဲ ဝင်ရမှာဖြစ်လို့ လုံခြုံရေးအတွက် အလုပ်သမားကတ်ပြားထုတ်ပေးမယ်ဆိုကာ ကိုယ်ရေးအချက်အလက်တွေ တောင်းခံနေတာ ဖြစ်ပါတယ်။ “ဒီလိုမျိုးက တစ်ခါမှလည်း မရှိဘူးလေ။ လုပ်သားတွေရဲ့ အချက်လက်တောင်းတာ။ ခုကပေးရမယ်ဆိုတော့ ဘာလုပ်ရမှန်းမသိဘူး။…

မွန်က မွေးမြူရေးလုပ်ငန်း ၄၀ ရာခိုင်နှုန်းထက်မနည်း အပြီးပိုင် ရပ်ဆိုင်းသွားရပြီ

မော်လမြိုင်၊ စက်တင်ဘာလ ၁၃ စစ်တပ် အာဏာသိမ်းပြီး ၇ လတာကာလအတွင်း မွန်ပြည်နယ်အတွင်းက မွေးမြူရေးလုပ်ငန်း ၄၀ ရာခိုင်နှုန်းထက်မနည်း အပြီးပိုင် ရပ်ဆိုင်းသွားရပြီးလို့ မွေးမြူရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွေးမြူရေးလုပ်ငန်းတွေဟာ အစာ ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေး ခက်ခဲလာတာ၊ ရင်းနှီးဖို့ ငွေကြေးမရှိတော့တာ၊ ဝယ်လိုအား လျော့ကျလာလို့ ရပ်ဆိုင်းသွားကြတာ ဖြစ်ပါတယ်။ “လုပ်ငန်း ၄၀…

ရေးမြို့ပေါ်ရပ်ကွက်က နေအိမ်အချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ဆေး

မော်လမြိုင်၊ စက်တင်ဘာ ၁၂ ဒီကနေ့ နေ့ခင်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ အင်အားအများအပြားက ရေးမြို့ပေါ်ရပ်ကွက်တွေရဲ့ နေအိမ်အချို့ကို ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေးမြို့မှာ PDF တပ်ဖွဲ့ဝင်တွေ ခိုလှုံနေတယ်ဆိုတဲ့ သတင်းကြောင့် အရပ်ဝတ်ရဲတွေနဲ့အတူ နေအိမ်အချို့ကို ဝင်ရောက် ရှာဖွေခဲ့တာ ဖြစ်ပါတယ်။ ” နေ့လည်ပိုင်းလောက်က ရေးမြို့ပေါ်ရပ်ကွက် သဗိန်ဗရမ်းလမ်း၊ မြို့ပတ်လမ်းမှာ နေအိမ်တွေကို…

ရွှေနဲ့ ဒေါ်လာဈေး ခေတ်အဆက်ဆက် မဖြစ်ဖူးတဲ့စံချိန်တင် ဈေးနှုန်းသို့ ရောက်ရှိ

မော်လမြိုင်၊ စက်တင်ဘာ ၁၁ စစ်တပ် အာဏာသိမ်းပြီး ၇ လတာကာလအတွင်း ရွှေဈေးနဲ့ ဒေါ်လာဈေးနှုန်း အမြင့်ဆုံး စံချိန်တင် ဈေးနှုန်းကို ရောက်ရှိသွားပြီး ဖြစ်ပါတယ်။ မွန်ပြည်နယ်ရဲ့ ဒီကနေ့ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၁၈ သိန်း ၈ သောင်းထိ စံချိန်တင် ခဲ့သလို ဒေါ်ဈေးနှုန်းမှာလည်း တစ်ဒေါ်လာကို ကျပ် ၂၀၀၀ ကျော်ထိ…

KNU တပ်မဟာ ၃ ဘက်မှာ စစ်ကောင်စီ လမ်းကင်းချ စစ်ဆေးမှုတွေ ပိုလုပ်လာ၊ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မော်လမြိုင်၊ စက်တင်ဘာ ၁၁ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းကင်းချထားပြီး သွားလာနေတဲ့ ပြည်သူတွေကို စစ်ဆေးမေးမြန်းမှုတွေ ပိုမိုလုပ်ဆောင်တဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်‌ေနရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်ပါတယ်။ မနေ့ စက်တင်ဘာ ၁၀ ရက်နေ့ နေ့လည်ပိုင်းက ကေအဲန်ယူ တပ်မဟာ ၃ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ကနေ ကျောက်စရစ်ကျေးရွာအုပ်စုအထိ စစ်ကောင်စီတပ်တွေက လမ်းကင်းချပြီး သွားလာနေတဲ့…