တာဝန်က ဆိုင်းငံ့ခံထားရတဲ့ ပရာယွတ်ကာကွယ်ရေးဝန်ကြီးဌာနအစည်းအဝေးတက်မယ်
ဘန်ကောက် – ဩဂုတ်(၂၆) တာဝန်က ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အနေနဲ့ ကာကွယ်ရေးဝန်ကြီး ဌာနအစည်းအဝေးကို တက်ရောက်မှာဖြစ်ပါတယ်။ အသက်(၆၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ပရာယွတ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကန့်သတ်ထားတဲ့ သက်တမ်းကို ပြန်လည်သုံးသပ်ဖို့ တာဝန်က ယာယီဆိုင်းငံ့ခံထားရပေမယ့် ကာကွယ်ရေးဝန်ကြီးအဖြစ်ကနေတော့ အနားယူတာမရှိသေးပါဘူး။ ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ပထမဆုံးအာဏာရလာခဲ့တဲ့ စစ်တပ်အကြီးအကဲဖြစ်ပြီး (၈) နှစ်သက်တမ်းဖြစ်လာတဲ့…