“လူထုတိုက်ပွဲ အရှိန်မြှင့်တင်ကြ “
ယင်းမာပင် – ဩဂုတ်(၇) ဒီနေ့ ဩဂုတ်လ(၇) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်ကော်မတီ ကဦးဆောင်ပြီး “လူထုတိုက်ပွဲ အရှိန်မြှင့်တင်ကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်
ယင်းမာပင် – ဩဂုတ်(၇) ဒီနေ့ ဩဂုတ်လ(၇) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်ကော်မတီ ကဦးဆောင်ပြီး “လူထုတိုက်ပွဲ အရှိန်မြှင့်တင်ကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်
မကွေး- ဩဂုတ်(၇) တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းစစ်ကောင်စီဘက်က ရပ်တည်မှု မပြုလုပ်ဖို့အတွက် မကွေးတိုင်း၊ ငဖဲမြို့နယ်က ဒေသခံတွေက တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီးမှာ ဆန္ဒထုတ်ဖော်ခဲ့ ကြပါတယ်။ ဆန္ဒပြပွဲမှာ မြန်မာပြည်သူတွေလိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးကို အလေးထားပေးဖို့ ငဖဲမြို့ခံတွေက တောင်းဆိုခဲ့တာပါ။ “ပြည်သူတွေကိုအကြမ်းဖက်ပြီးရွာတွေကိုမီးရှို့နေတဲ့ စစ်တပ်ဘက်ကနေပြီး တရုတ်က ဒီနေ့အချိန်ထိ မားမားမတ်မတ်ရပ်တည်ပေးနေတာကျွန်တော်တို့တွေ့နေရပါတယ်။ အဲ့ဒီအကျိုးဆက်အဖြစ် စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ပြည်သူတွေအများကြီးထိခိုက်မှုတွေခံစားနေရပြီ အဲ့ဒီအတွက်…
မနီလာ ၊ သြဂုတ် (၇) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အမေရိကန်နဲ့ ဖိလစ်ပိုင်ကြား ကာကွယ်ရေး သဘောတူညီချက်အတွက် ကတိကဝတ်ပြုထားကြောင်း စနေနေ့ (သြဂုတ် ၆ ရက်) မှာ ပြောကြားခဲ့ပါတယ်။ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ဟာ ထိုင်ဝမ်သို့ မကြာသေးမီက လာရောက်လည်ပတ်ပြီးနောက် ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာချိန်မှာ…
ဟီရိုရှီးမား-ဩဂုတ်(၇) ကမ္ဘာ့ပထမဆုံးအဏူမြူဗုံးကြဲချမှု(၇၇) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဟီရိုရှီးမားမြို့မှာ ဩဂုတ်လ(၆) ရက်နေ့မှာ ဆုတောင်းတဲ့ ခေါင်းလောင်းသံတွေထွက်ပေါ်လာပြီးနောက် ရုရှားနိုင်ငံ အနေနဲ့ ယူကရိန်းကို ကျူးကျော်ပြီးနောက် အသစ်အဆန်းသောလက်နက်ပြိုင်ဆိုင်မှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပါအဝင် တာဝန်ရှိသူတွေက သတိပေးလိုက်ပါတယ်။ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်ဝင်ရောက်ပြီး မကြာခင်မှာပဲ ရုရှားသမ္မတ ဗလာဒီမာပူတင် ကနျူကလီးယား တိုက်ခိုက်မှု ဖြစ်နိုင်ချေကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ပဋိပက္ခကြောင့် ယူကရိန်းရဲ့ နျူကလီးယား…
ဝါရှင်တန် – ဩဂုတ်(၇) တရုတ်နိုင်ငံသာမက တခြားသောနိုင်ငံတွေအလားတူ တွန်ဂါနေနဲ့ သူတို့ရဲ့ နိုင်ငံအနာဂတ်ကို ဆုံးဖြတ်ရမှာဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု ဒုတိယအတွင်းရေးမှူးဝန်ဒီရှာမန်က ပစိဖိတ် နိုင်ငံတွေကို သွားရောက်တဲ့ခရီးစဉ်မှာ ပြောဆိုခဲ့ပါတယ်။ ဒုတိယအတွင်းရေးမှူး ရှာမန်ရဲ့ ပြောဆိုချက်အရ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားချိန် တရားဝင် ဆက်ဆံ ရေးမတည်ဆောက်မီ ရာစုနှစ်(၃) စုလောက်အကြာထိ နိုင်ငံတွေအချင်းချင်း ထိတွေ့ရင်ဆိုင်နေ တယ်လို့ ဆိုထားတာပါ။…
ဆားလင်းကြီး – ဩဂုတ်(၇) စစ်ကိုင်းတိုင်း- ဆားလင်းကြီးမြို့နယ်က ကျေးရွာတစ်ရွာမှာ စစ်ကောင်စီက မီးရှို့သတ်ဖြတ် ခဲ့လို့ ကျဆုံးခဲ့ကြတဲ့ ရဲဘော်တွေရဲ့ (၈) လပြည့်အထိမ်းအမှတ် အဖြစ် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီဝင်တွေပူးပေါင်းပြီး ဂုဏ်ပြုဆုတောင်းခဲ့ကြပါတယ်။ ကျဆုံးခဲ့ကြတဲ့ ရဲဘော်တွေအတွက် နှင်းဆီပန်းတွေချပြီး အလေးနီပြုတာနဲ့ အကြမ်းဖက်စစ်အာဏာ ရှင် တော်လှန်ရေးကြွေးကြော်တာတွေလဲ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ သတင်း- သံလွင်တိုင်းမ် ဓာတ်ပုံ-…
နယူးယောက်- ဩဂုတ်(၇) မြန်မာအာဏာသိမ်းစစ်တပ်ဟာ နျူကလီးယားနက်လက်ဖျက်သိမ်းရေးနဲ့ မပြန့်ပွားရေးလုပ်ငန်းစဉ် တွေမှာ ဘယ်သောအခါမှ မိတ်ဖက်ကောင်းမဖြစ်ခဲ့တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စောင့်ကြည့်ပေးဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပါတယ်။ ဩဂုတ်လ(၁) ရက်နေ့ကနေ (၂၆) ရက်နေ့အထိ ကျင်းပနေတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး စာချုပ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ လုပ်ဆောင်မှုများပြန်လည်သုံးသပ်ရေးဆိုင်ရာ(၁၀) ကြိမ်မြောက်ညီလာခံ မှာ အခုလိုပြောဆိုခဲ့တာပါ။ “စစ်တပ်အာဏာသိမ်းမှုကြောင့် အရပ်သားအစိုးရ၏ TPNW အား အတည်ပြုပါဝင်ရေး ကြိုးပမ်းမှု…
မော်လမြိုင် ၊ သြဂုတ် (၇) မော်လမြိုင်မြို့အနီးမှာ အကောင်အထည်ဖော် တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ လေဆိပ်နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းစီမံကိန်းအတွက် မြေဧကပေါင်း ၄၆၀၀ ကျော် လျာထားသတ်မှတ်ထားတယ်လို့ မွန်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးအောင်ကြည်သိန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီက မော်လမြိုင်မြို့ အနီးမှာ နိုင်ငံတကာ အဆင့်မီ လေဆိပ်နဲ့ ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့အတွက်…
မော်လမြိုင် ၊ သြဂုတ် (၇) မွန်ပြည်နယ်မှာ အခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လကုန်ထိ ၇ လတာကာလအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၂၀၀၀ နီးပါးထိ ရှိလာပြီး အဲဒီထဲမှာ ကလေးငယ် ၃ ဦး သေဆုံးထားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအရ ပြီးခဲ့တဲ့ မေလကနေ…
ရေး ၊ သြဂုတ် (၇) မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ပြည်သူတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်း တည်ငြိမ်းရေးတို့အတွက် ဆိုပြီး မြို့တွင်း ဖြတ်သန်းသွားလာမှုတွေကို စစ်ကောင်စီက ဒေသန္တရအမိန့်ထုတ်ပြန်ပြီး ကန့်သတ်လိုက်ပါတယ်။ ဩဂုတ် ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီဒေသန္တရအမိန့်အရ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ဒါမှမဟုတ် နိုင်ငံသား စိစစ်ရေးကတ်ပြားမပါဘဲ နယ်မြေကျော် ခရီးသွားလာတာ…